Tuesday, April 29, 2014

ပေါတောတော မလုပ်ကြနဲ့

ရဲတိုက်ကို မူးယစ်ပုဒ်မ ၁၆(ဂ)အရ၊ 
ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါး
 မြို့နယ် တရားရုံးက၊ ဒီနှစ် အေ(၇)
ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်
 (၆)နှစ် ချမှတ်ခဲ့ပါတယ်။
ဒါကို အနုပညာရှင်များက သမ္မတထံ အသနားခံစာ တင်မယ်တဲ့။ တင်ကော တင်ပြီးပြီလား။
ဒါကို သင်္ကြန်တွင်း ကတည်းက ကျနော် ရေးချင်မိတယ်။ မကောင်းလို့ပါ။ အခုတော့ ရေးမိပြီ။ ပထမဆုံး အနုပညာသည်များ ရဲ့ ရပ်တည်ချက်က ဘာလဲလို့ တိတိပပ မေးပါရစေ။ ခင်ဗျားတို့

အဓိပ္ပါယ်ရှိရှိ လုပ်ကြပါ။ တစ်လွဲဆံပင် မကောင်းကြလေနဲ့။
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ ရည်ရွယ်ချက်ကို ကျနော် ရေးပြမယ်လေ။
၁။ ဒီမိုကရေစီ တည်ဆောက်ရာတွင် ရုပ်ရှင်၊ ဗီဒီယို၊ အနုပညာရှင်၊ အတတ်ပညာရှင် များသည် ညီညီညွတ်ညွတ် တစ်တတ်တစ်အား အနေဖြင့် ပါဝင် ဆင်နွှဲရန်။
၂။ ရုပ်ရှင်၊ ဗီဒီယို လုပ်သား အချင်းချင်း စည်းလုံး ညီညွတ်ရန်၊ အကျိုးတူ ခံစားမှုများ မျှတစွာ ရယူနိုင်ရန်၊ အခြား နိုင်ငံတော် အသိအမှတ် ပြုထားသော အဖွဲ့အစည်းများကို ကူညီပံ့ပိုးရန်နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်။
၃။ ရုပ်ရှင်၊ ဗီဒီယို လုပ်သားများ၏ လုပ်ငန်းခွင် ချောမော ပြေပြစ်စေရန်၊ အသက်မွေး ဝမ်းကျောင်း ဖူလုံမှုတွင် ကူညီရန်နှင့် ရုပ်ရှင်၊ ဗီဒီယို လုပ်သားတို့၏ တရားသော ရပိုင်ခွင့်များကို တရားဥပဒေ ဘောင်အတွင်းမှ တောင်းဆိုနိုင်ရန်။
အဲ့ဒါတွေ ဖြစ်ပါတယ်။ ဒါတွေဟာ ကောင်းတဲ့ဘက်က ဆောင်ရွက်ဘို့ ဆိုတာကို၊ စောဒက တက်စရာ မရှိတော့ဘူး။
သူ့ဘာသာသူ ဆေးခြောက် လက်ဝယ်မိလို့ ထောင်ကျတယ်။ ခင်ဗျားတို့ ဒီလောက် ဇာတ်နာပြစရာ မလိုရေးချ မလိုပါပြီ။
ဘာလဲ သူများတွေ လုပ်သလို ပြစ်မှုကျူးလွန်လို့ ထောင်ကျရင်၊ တရားဥပဒေကို ထထပြီး ကလန် တဲ့ မြန်မာ့ခေတ်သစ် ဒီမိုကရေစီ စတန့်ကွက်ကို လူ အထင်ကြီးအောင်၊ ပေါ်ပြူလာ ဖြစ်အောင် ထ ပ်ကြတာလား။

ဒါဆို ခင်ဗျားတို့အိမ် သူခိုး ခိုးခံရရင်၊ ဓားပြတိုက် ခံရရင်၊ လုယက်ခံရရင်၊ ခင်ဗျားတို့ အမျိုးတွေ မုဒိန်းကျင့် ခံရ၊ အသတ်ခံရရင်၊ ခင်ဗျားတို့ ဒီနိုင်ငံက တရားဥပဒေကို ဘာမှ လာအားမကိုးကြနဲ့။ ရဲမတိုင်နဲ့၊ အမှုမဖွင့်နဲ့၊ တရားခံကို ထောင်မချကြနဲ့၊ ကျိတ်ခံလိုက်ကြလေ၊ ဟုတ်ပလား။
ခင်ဗျားတို့ လုပ်ရမှာက ရဲတိုက်လို မဖြစ်အောင် ပညာပေး ချပြသော အနုပညာ တင်ဆက်မှုတွေ လုပ်ရမယ်။ အနုပညာ စွမ်းအားနဲ့ မူးယစ် ဆေးဝါးကို တိုက်ဖျက်ရမယ်။ လူသား အရင်းအမြစ်တွေ မူးယစ် ဆေးဝါးကြောင့် ပြုန်းတီး လေလွင့်မှု မဖြစ်အောင် ခင်ဗျားတို့ အနုပညာနဲ့ ဝိုင်းဝန်း ပညာပေး တားဆီး ကာကွယ် တိုက်ဖျက် ပေးရမှာ။
အခြားသော လူမှုကဏ္ဍ ပေါင်းစုံမှာလည်း ဒီသဘောမျိုး ရပ်တည် ဆောင်ရွက်ပြီး၊ တိုင်းပြည်နဲ့ လူမျိုးကို အနုပညာနဲ့ အလုပ်အကျွေး ပြုကြရမှာ။
အခုဟာက အနုပညာသည် ဆိုပြီး၊ မီးလောင်ရာ လေပင့် တစ်လွဲဆံပင် ကောင်းနေလို့ဗျ။
သိပ် ပေါတောတော မလုပ်ကြနဲ့...အနုပညာသည်တို့။
ခင်မောင်ထွေး

No comments:

Post a Comment