Tuesday, April 8, 2014

ရက်စက်ယုတ်မာသူအချို့ရဲ့ဘ၀ပျက်အောင် ကောက်ကျစ်မှုကို ရှောင်ရှားနိုင်အောင် ဒီစာလေးကို ၂ မိနစ်ပဲ အချိန်ပေးပြီး ဖတ်ပေးပါ(လူတိုင်းဖတ်သင့်သည်)

ဟုတ်တာမဟုတ်တာထား..သတိလေးနဲ့ဂရူစိုက်ကြပါ
လွန်ခဲ့တဲ့ အပတ်လောက် က လူ တစ်ယောက် ရုပ်ရှင်ကြည့်ဖို့ သွားခဲ့တယ်.
အဲ့ဒီမှာဘဲ သူထိုင်တဲ့ ထိုင်ခုံကနေ တခုခု က စူးသလို ခံစားလို့ သေချာ
ကြည့်တော့ ဆေးထိုးအပ် ဖြစ်နေတာကို တွေ့ ရတယ်. အဲ့ဒီ အပ်နဲ့အတူ သူ
တွေ့တာ ကတော့ "ခင်ဗျား HIV ပိုးအကိုက်ခံရပြီ" ဆိုတဲ့ စာလေးပါဘဲ !

လူထု ကျန်းမာရေးအထောက်အကူ ပြု အဖွဲ့ တခုက အဲ့လိုမျိုး ဖြစ်စဉ် ဟာ
နိုင်ငံတော်တော် များများ မှာ စတင်ဖြစ်ပျက် နေပြီလို့ မကြာသေးခင်ကမှ
ထုတ်ပြန်ထားပါတယ်. နောက် ပြီး ဆေးထိုးအပ် အကုန်လုံး ဟာလည်း တကယ်HIV positive ဖြစ်နေတာ ကိုတွေ့ရပါတယ်.

ဒီလိုမျိုး ဖြစ်စဉ် တွေ ဟာ ရုပ်ရှင်ရုံ က ထိုင်ခုံမှာတင်မက ဘဲ ATM စက်တွေမှာလည်းတွေ့လာရတယ် လို့ ဆိုပါတယ်. ဒါကြောင့် လည်း အဲ့လိုမျိုး အခြေနေ မကြုံတွေ့ အောင်အများသုံးတဲ့ ထိုင်ခုံ နေရာ တွေ (အထူး  သဖြင့် ရုပ်ရှင်ရုံကထိုင်ခုံတွေ.) ကို အထုူး သတိထား ဖို့ လိုပါတယ်.

မကြာသေးခင်ကဘဲ ဆရာဝန်တယောက် က သူ့လူနာ တစ်ယောက် အဲ့လို အဖြစ်နဲ့ကြုံတွေ့ကြောင်းရေးသား ထားပါတယ်. သူ့လူနာ မိန်းခလေး ဟာ မကြာခင် လက်ထပ်တော့မယ့် သူဖြစ်ပါ တယ်. ဒါပေမယ့် ကံဆိုးရှာတော့ ရုပ်ရှင်သွားကြည့်တဲ့ချိန် မှာသူလည်းHIV positive ရှိတဲ့ဆေးထိုးအပ် စိုက်တာ ခံ ရပါတယ်. အဲ့ဒီ ရုပ်ရှင်ရုံက ဆေးထိုးအပ် နဲ့အတူ သူတွေ့တာ က တော့ " ကမ္ဘာ့ HIV မိသားစုမှ ကြိုဆိုပါတယ် " ဆိုတဲ့ စာလေးပါ.ဆရာဝန် ကတော့ သူ့ ကိုအားပေးရှာပါတယ်. ဒါပေမယ့် သူ့ရဲ့ ကြောက်လန့် တုန်လှုပ်မှုက သူ့ကို ၄လ ဘဲ  အသက် ရှင်စေခဲ့ပြီး ဆုံး သွားခဲ့ပါတယ်.

ဒီစာလေးကိုဖတ်ပြီးအပန်းမကြီးဘူးဆိုရင်ကိုယ်ချစ်တဲ့သူ.မိသားစုအသိုင်းအ၀ိုင်း.နဲ့သူငယ်ချင်းတွေဆီ ဖြန့်ဝေ ပေးလိုက်ပါ.
သတိဆိုတာ ပိုတယ် မရှိ ပါ...
အားလုံးဘေးကင်းပါစေ

SV

No comments:

Post a Comment