Monday, April 28, 2014

အကြိမ်ကြိမ်တရားနာရန် ဖိတ်ခေါ်သော်လည်း မလာသဖြင့် ဒေါ်စုအိမ်ရှေ့သို့ သွားရောက်တရားဟော


 ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံအား သမ္မတလုပ်မည်ဟု ကျွေးကျော် ထားသော ဒေါ်အောင် ဆန်းစုကြည် အား တရားနာရန် အကြိမ်ကြိမ်ဖိတ်ခေါ်သော်လည်း မလာသဖြင့် အိမ်ရှေ့တွင် တရားဟောကြားခဲ့ရကြောင်း သတင်းရရှိပါတယ်။ အသက် ၆၈ နှစ် ရှိသော်လည်း ဘာသာရေးနှင့် အလှမ်းဝေးနေသည့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင်သောဘိတ အသတ်ခံရမှုနှင့် ရခိုင်ပြည်နယ် ဘုန်းတော်ကြီးကျောင်းများ တိုက်ခိုက်ခံရမှုတွင် နှုတ်ဆိပ်နေယုံမျှ သာမက ဒေါ်အောင်ဆန်းစုကြည် ပါတီဥက္ကဌ တာဝန်ယူထားတဲ့ NLD ပါတီမှ ပါတီဝင်များက ဗုဒ္ဓဘာသာ ဘုန်းကြီးများအပေါ် ရိုင်းစိုင်းစွာ ဆဲဆိုမှုများ ပြုလုပ်မှုကို နောက်ကွယ်မှ အားပေးနေခြင်းကြောင့် တရားဟောရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်း စုကြည်မှမလာခြင်းကြောင့်အိမ်တိုင်ရာရောက်သွားရောက်တရားဟောရန်ဆရာတော်  နှင့် ယောဂီ များ သွားရောက်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ခြံတကား မဖွင့်ပေးတာကြောင့် ခြံရှေ့မြတ် ခင်းတွင် ဟောကြားခဲ့ရကြောင်း တရားနာ ယောဂီတစ်ဦးက ဆိုပါတယ်။

၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့သို့ သံချပ်အဖွဲ့များ၊ လာရောက်နှုတ်ဆက်သူ များ၊ ရေကားသူများ၊ အစိုးရမကောင်းကြောင်း တိုင်ကြားသူများ အကြိမ်ကြိမ်လာရောက် ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ခြံရှေ့ထွက်အားပေးခြင်း၊ တံခါးပေါ်မှ အားပေးခြင်း၊ ဆုငွေပေးခြင်း များ ပြုလုပ်တာတွေ ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား အားပေးထောက်ခံသူများကို ထွက်တွေ့ပြီး ဗုဒ္ဓဘာသာဘုန်းကြီးအား ထွက်မတွေ့ဘဲ မြင်းခင်းပေါ်တရားဟောခြင်းအား မသိကျိုးကျွံပြု ထားခြင်းကြောင့် ဒေါ်အောင် ဆန်း စုကြည်အား ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများသာမက ပြည်သူတရပ်လုံးက မကျေမနပ်ဖြစ်နေကြောင်း သတင်းရရှိပါတယ်။


.. www.MyanmarExpress.net

No comments:

Post a Comment