Thursday, April 24, 2014

Grand Royal မဏ္ဍပ်ကို အမည်ပျက် စာရင်းသွင်း

Grand Royal မဏ္ဍပ် ကို အမည်ပျက်စာရင်း သွင်းပြီး နောင်နှစ်များတွင် ခွင့်ပြုချက် မပေးရန် ဆုံးဖြတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး တင်ဝင်း က ပြောကြားသည်။

မြန်မာသင်္ကြန် အကြိုနေ့ တွင် Grand Royal မဏ္ဍပ်အရက် ကြော်ငြာရှိုးပွဲ၌ ထိုင်းအကမယ် များက အတွင်းခံသာဝတ်ပြီးကပြ ခဲ့၍ သင်္ကြန်ကာလနှင့်ရောကာ မြန်မာ့ရိုးရာနှင့် ဆန့်ကျင်ဘက်
ဖြစ်ခဲ့သောကြောင့် ရန်ကုန် သင်္ကြန်နာမည်ပျက်ခဲ့ရကြောင်း ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။

‘‘သင်္ကြန်မဏ္ဍပ်အနေနဲ့တင် မဟုတ်ဘဲ မျှော်စင်ကျွန်းထဲမှာ ရှိုးပွဲအနေနဲ့ ခွင့်ပြုချက်တင်ပြီး လုပ်တာ။ ထိုင်းအကအဖွဲ့က အဖော်အချွတ်လုပ်ပြီး အရက် ကြော်ငြာလုပ်ခဲ့ကြတာ။ သင်္ကြန် ကာလနဲ့ တိုက်ဆိုင်သွားတာ။ ဘလက်လစ် သွင်းထားတယ်။ မှတ်တမ်းလုပ်ထားတယ်။ နောင်နှစ်မှာရှိုးပွဲမပေးတော
့ဘူး။ မဏ္ဍပ် လာလျှောက်ရင်လည်း မပေး တော့ဘူး’’ဟု ရန်ကုန်တိုင်းဒေသ ကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

အဆိုပါ အကမယ်များမှာ Stars and Model Agency ပိုင်ရှင် ဂျွန်လွင် ခေါ်လာသည့် ထိုင်း နိုင်ငံမှ မိန်းမလျာများ၊ အကသမား များဖြစ်ပြီး ရန်ကုန်မြို့ရှိ အရောင်းပြခန်းဖွင့်ပွဲ တစ်ခုတွင်လည်း လာ ရောက်ခဲ့ဖူးသူများဖြစ်ကြောင
်း အဆိုပါ မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် နောင်နှစ်သင်္ကြန် ကာလများတွင် မဏ္ဍပ်များလာ ရောက်လျှောက်ထားပါက အမည်ပျက်စာရင်းသွင်းခံထားရသ
ည့်မဏ္ဍပ်များကို ခွင့်ပြုချက် မပေးတော့ဘဲ မဏ္ဍပ်အမည်ဆိုင်းဘုတ်များကို မြန်မာလို ရေးသားရာတွင်လည်း အရွယ်အစား သတ်မှတ်ပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဖော်မှ ချွတ်မှ အရက် ရောင်းကောင်းတာမဟုတ်ဘူး။ အရက် ကွာလတီကောင်းရင်၊ ကျန်းမာရေးနဲ့ညီညွတ်ရင် ရောင်း ကောင်းမှာပဲ။ မန်နေဂျာကို ခေါ် ပြောပြီးပြီ။ သူဌေးက နိုင်ငံခြား ရောက်နေတယ်ဆိုလို့ ပြန်လာရင် ခေါ်ပြောမယ်။ သာမန်ကိစ္စမို့ ဝန်ခံချက်နဲ့တော့ နောင်မလုပ်ဖို့ ပြောရတော့မှာပေါ့’’ဟု ဗိုလ်မှူး ကြီးတင်ဝင်းက ပြောသည်။

အလားတူ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရေကစား မဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ် ၉၃ ခုတွင် မဏ္ဍပ် ၃၀ ကျော်၌ မြန်မာ့ ယဉ်ကျေးမှုနှင့် မလျော်ညီသည့် သောက်စားမူးယစ်ပြီး သရုပ်ပျက် အပြုအမူများ ဆောင်ရွက်ခဲ့၍ မှတ်တမ်းပြုစုကာ အမည်ပျက် စာရင်းသွင်းထားကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment