Tuesday, January 7, 2014

မြန်မာ ယူ-၂၂ အသင်း ဒုတိယမြောက် ခြေစမ်းပွဲတွင် ထိုင်းကို ထပ်မံ အနိုင်ရ

မြန်မာ ယူ-၂၂ အသင်း ဒုတိယမြောက် ခြေစမ်းပွဲတွင် ထိုင်းကို ထပ်မံ အနိုင်ရ
ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့  သွားရောက် လေ့ကျင့်နေသော မြန်မာယူ- ၂၂  အသင်းသည်
ဒုတိယမြောက် ခြေစမ်းပွဲ အဖြစ် ယနေ့ညနေ ၄ နာရီတွင် ထိုင်း လက်ရွေးစင် ယူ-၂ဝ အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင် ရရှိ ခဲ့ကြောင်း သိရသည်။
နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဖွင့် ကစားခဲ့ပြီး ပထမပိုင်းတွင် ဂိုးမရှိ သရေကျ နေခဲ့သည်။ ဒုတိယပိုင်းတွင်  မြန်မာအသင်း လူစားလဲမှုအချို့ ပြုလုပ်ခဲ့ကာ ကစားကွက် ပိုမို ကောင်းမွန်လာခဲ့သည်။
မြန်မာအသင်းအတွက်ဂိုးများကို ရန်နိုင်ထွေးက ၇၂မိနစ်တွင် လည်းကောင်း၊  သက်နိုင်က ၈၅မိနစ်တွင် လည်းကောင်း အသီးသီး သွင်းယူခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းသည် လေ့ကျင့်ရေး အစီအစဉ်များ ဆက်လက် ပြုလုပ်မည်ဖြစ်ပြီး ဗန်ကောက်မြို့မှ တစ်ဆင့် အာရှဖလား ယူ- ၂၂ ပြိုင်ပွဲကျင်းပမည့် အိုမန် နိုင်ငံသို့ ဇန်နဝါရီ ၉ ရက်တွင် ဆက်လက် ထွက်ခွာ မည် ဖြစ်ကြောင်း သတင်း ရရှိသည်။                                      

No comments:

Post a Comment