Tuesday, January 7, 2014

အချိန်အကန့်အသတ်ဖြင့် တိုင်းပြည်တာဝန် ယူရသောကြောင့် ကျန် ၂၄ လတွင် ပြည်သူများ မြန်မြန်ဆန်ဆန် တိုက်ရိုက်အကျိုး ခံစားရမည့်လုပ်ငန်းနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အုတ်မြစ်ချရမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

အချိန်အကန့်အသတ်ဖြင့် တိုင်းပြည်တာဝန် ယူရသောကြောင့် ကျန် ၂၄ လတွင် ပြည်သူ များ မြန်မြန် ဆန်ဆန် တိုက်ရိုက်အကျိုး ခံစားရမည့် လုပ်ငန်းနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အုတ်မြစ်ချ ရမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီ ၆ ရက် တွင် နေပြည်တော်ရှိ သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် စီမံကိန်းကော်မရှင် အစည်းအဝေး၌ ပြောကြား ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာ တွင် ဖော်ပြ ထား ချက်အရ သိရသည်။
အစိုးရအဖွဲ့သည် အချိန်အကန့်အသတ်ဖြင့် တိုင်းပြည်ကို တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ အစိုး ရအဖွဲ့၏သက်တမ်းလ၃၀ ကျော်အတွင်း ဆောင်ရွက်ခဲ့သည့် နိုင်ငံရေး၊စီးပွားရေး၊အုပ်ချုပ်ရေး   ပြုပြင်ပြောင်းလဲမှု များသည် သမိုင်းမှာ ကျန်ရစ်နေမည် ဖြစ်ကြောင်း၊ အောင်မြင်မှုများကို လက် ချိုးရေတွက် ပြနိုင်သလို အခက် အခဲများ၊ အတားအဆီးများ၊ စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရသည်ဟု သမ္မတဦးသိန်းစိန် က ပြောကြား သည်။
နိုင်ငံတော်သမ္မတက “အချိန်ကန့်သတ်ချက်နဲ့ တိုင်းပြည်ကို တာဝန်ယူဆောင်ရွက် နေကြ ရတာ ဖြစ် တဲ့ အတွက် ကျန်ရှိတဲ့ လဟာ ၂၄ လပဲ ကျန်ရှိပါတယ်။ တိုင်းပြည်အတွက် ဒေသ အလိုက် ဆောင် ရွက်စရာတွေ များစွာ ရှိနေသော်လည်း ကျန်ရှိတဲ့ ၂၄ လတာ ကာလအတွင်း လုပ်ငန်းနှစ်ခုကို စဉ်း စားဆောင်ရွက် ကြရပါမယ်။ ဦးစားပေးလုပ်ငန်း တစ်ခုကတော့ အချိန်တိုအတွင်း ပြည် သူတွေ မြန်မြန် ဆန် ဆန် တိုက်ရိုက်အကျိုး ခံစားရမယ့် လုပ်ငန်းတွေကို ဦးစားပေးလုပ်ရပါမယ်။ ဒီဦးစားပေး လုပ်ငန်းကို ဦးစားပေး ဆောင်ရွက်ရင်း ဒုတိယလုပ်ငန်းဖြစ်တဲ့ တိုင်းပြည်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး Sustainable Development လုပ်ငန်းတွေကိုလည်း အုတ်မြစ်ချရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ရေတိုရေရှည် စီမံကိန်းများကို အကောင် အထည်ဖော်  ရန် နိုင်ငံ၏ လိုအပ်ချက်၊ နိုင်ငံတကာနှင့် ပတ်ဝန်းကျင် နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေး အခြေအနေများနှင့် သဟဇာတ ဖြစ်မည့်၊ ပြည်သူကိုဗဟိုပြုသော စီမံကိန်း တစ် ရပ် ရေးဆွဲကာ ပြည်ထောင်စု လွှတ်တော်သို့တင်ပြ၍ လွှတ်တော်၏ အတည်ပြုချက် ရယူဆောင် ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီ ၆ ရက်တွင် ပြောကြား သည် ဟု နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက် စာမျက်နှာ တွင် ဖော်ပြထားသည်။
အဆိုပါ စီမံကိန်းရေးဆွဲရာတွင် နိုင်ငံအတွင်း၌ရှိသော သဘာဝ အရင်းအမြစ်များ၊ ယင်းသဘာဝ အရင်းအမြစ်များကို နိုင်ငံသားများအတွက် အကျိုးရလဒ်များ ခံစားစေနိုင်အောင် အကောင် အထည် ဖော်ပေးနိုင် မည့် လူသားအရင်းအမြစ်များ၊ ကုန်ထုတ်နိုင်စွမ်းရှိသော လုပ်သားများ ၊ ငွေကြေး အရင်း အမြစ်နှင့် နည်းပညာများအပေါ် အခြေခံပြီး မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ရေး ဆွဲ ရခြင်း ဖြစ် သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဇန်န၀ါရီ ၆ ရက် ညနေပိုင်းတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ပင် ပြု လုပ်သော နိုင် ငံခြား အကူအညီ အထောက်အပံ့ ဗဟိုကော်မတီ အစည်းအဝေးတွင်လည်း ယင်းဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးမှုကို ဦးတည်သည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအဖြစ် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးဆိုင်ရာနှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ယခုထက်ပိုမို တိုးတက်စေရန် များစွာဆောင်ရွက် ရဦးမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်း တွင် ဖော်ပြချက်အရ သိရသည်။
နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ ပွင့်လင်းမှု ဖြစ်ပေါ်လာပြီးနောက် အလှူရှင်နိုင်ငံများ၊ ဖွံ့ဖြိုးမှု မိတ်ဖက် များ အနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးမှုစီမံချက်များတွင် ပူးပေါင်းပါဝင်စေရန် နိုင်ငံခြားအကူ အညီ ချေးငွေနှင့် နည်းပညာ အကူအညီများကို မိမိတို့နိုင်ငံ အတွင်းသို့ တိုးတက်စီး ၀င်လျက် ရှိကြောင်း၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ အလှူရှင်များ အနေဖြင့် လက်ရှိပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုပေါင်းစည်း ညှိနှိုင်းမှုများဖြင့် တိုးတက်မှု အရှိန် အဟုန် မြှင့်တင်ရေးအတွက် ဒုတိယအ ကြိမ် မြန်မာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ဇန်န၀ါရီ လကုန်ပိုင်းတွင် ကျင်းပနိုင်ရေး အတွက် ဆောင် ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြော ကြားသည်။

No comments:

Post a Comment