Tuesday, January 7, 2014

မဇ္ဈိမလှိုင်း ဂီတမှူး အကယ်ဒမီ ဇော်မျိုးထွဋ် ကားမောင်းရင်း နှလုံးသွေးကြောပိတ်ကာ ကွယ်လွန်

   မြန်မာနိုင်ငံ တေးဂီတလောကတွင် 
ထင်ရှားသည့် မဇ္ဈိမလှိုင်း တေးဂီတ
အဖွဲ့၏ ဂီတမှူုး အကယ်ဒမီ ဇော်မျိုးထွဋ် 
အသက်(၅၄) နှစ်သည် ဇန်န၀ါရီလ 
၅ ရက် ၈နာရီ ၅၀ မိနစ်ခန့်က 
ရန်ကုန်မြို့တွင် ကားမောင်းရင်း 
ရုတ်တရက် ကွယ်လွန်သွားခဲ့သည်
ဟု သူ၏ သားဖြစ်သူ ကိုလမင်းထွဋ်
က  ပြောသည်။“အဖေက နှလုံးသွေးကြော
ပိတ်ပြီး ဆုံးသွားတာပါ။ အရင်တုန်းလည်း
ဒီလိုမျိုး တစ်ခါ မှ မဖြစ်ဖူးဘူး။ဖြစ်ခဲ့လို့ရှိရင် ကြိုတင် ဆေးကုသလို့ ရတာပေါ့။ ရပ်ကွက်ထဲမှာပဲ ကားမောင်းရင်း အမေနဲ့ အတူတူ မုန့်သွားဝယ်တာ။ ရုတ်တ ရက်မောတယ်ဆိုပြီး ကားကိုလမ်းဘေးထိုးရပ်လိုက်တာ။ အဲဒီမှာ တစ်ခါတည်းအသက်ပါ ပါသွားတာပါ” ဟုပြောသည်။
ကွယ်လွန်သူ အကယ်ဒမီသုံးခုရရှိထားသူ ဂီတမှူး ဦးဇော်မျိုးထွဋ်၏ ဈာပနကို ဇန်န၀ါရီလ ၇ ရက်နေ့တွင် စီစဉ်မည်ဖြစ်သည်။
ဂီတမှူုး ဇော်မျိုးထွဋ်သည် မြန်မာနိုင်ငံတွင် ထိပ်တန်း ဂစ်တာသမား ဖြစ်သည့်အပြင် ဖခင်ဖြစ်သူ ဂီတပညာရှင် စန္ဒယားလှထွဋ်ထံမှ စန္ဒယားပညာလည်း ရရှိခဲ့သူဖြစ်သည်။
ဂီတမှူး ဇော်မျိုးထွဋ်သည် မြင့်မြတ်နှလုံးသား၊ ထာဝရအလင်းတန်းများ၊ နေကမွေးတဲ့လ စသည့် ရုပ်ရှင်ဇာတ် ကားများတွင် တေးဂီတဖန်တီးမှုဆိုင်ရာ အကယ်ဒမီထူးချွန်ဆု ၃ ဆုရရှိခဲ့သူ ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ကိုနေလင်းထွဋ်(ခ)ရွှေထွဋ်နှင့် ကိုလမင်းထွဋ် သား နှစ်ဦး ကျန်ရစ်ခဲ့သည်။

No comments:

Post a Comment