Monday, January 6, 2014

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဆန္ဒပြခံရ

ဇန်န၀ါရီ ၂ ရက်နေ့က တော်ဝင်နှင်းဆီတွင် ကျဆုံးနိုင်ငံ ရေးအကျဉ်းသားများ၏ မိသားစု များအား ဂုဏ်ပြုအလှူငွေပေး အပ်ပွဲကျင်း ပနေစဉ် ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အကျဉ်းကျ ခဲ့ဖူးသူတစ် ဦးနှင့် အခြားလူတစ်ဦးတို့ က နိုင်ငံ ရေးအကျဉ်းသားများ ကူ ညီစောင့် ရှောက်ရေးအဖွဲ့ AAPP  အဖွဲ့ကို ဆန္ဒပြကန့်ကွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါကန့်ကွက်မှုတွင် ဆန္ဒ ပြသူများက စစ်ထောက်လှမ်းရေး များကို သနားစာ နာနေပြီး နိုင်ငံ ရေးအကျဉ်းသားများ
ကို ရိုင်းပျစွာ ဆက်ဆံနေသည့် နိုင်ငံရေးအကျဉ်း သားများအဖွဲ့နှင့် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ပိတ်ပင်နေ သည့် ပုဒ်မ ၁၈ကို တည်မြဲသင့် ကြောင်း ထောက်ခံသည့် AAPP  မှ ကိုဘိုကြည်ကို ဒီမိုကရေစီ သစ္စာဖောက်အဖြစ် သတ်မှတ် သည်ဟူသော ဆိုင်းဘုတ်များကိုင် ဆောင်၍ ဆန္ဒပြကန့်ကွက်ခဲ့ကြ သည်။

ယင်းကိစ္စနှင့်ပတ်သက်၍FPPS  မှ ကိုသက်ဦးက ““ကိုဘို ကြည်တို့ကတော့ သူတို့ကိုတစ်ဦး ချင်းလာတွေ့ပြီး တွေ့လို့ရတယ်၊ ဆွေးနွေးလို့ရတယ်လို့ဆိုပြီး သဘောထားတာတွေ့ရတယ်။ ဒီလိုပွဲကြီးမှာ လာလုပ်တာတော့ မကောင်းဘူးပေါ့ဗျာ။ ကျွန်တော် တို့အဖွဲ့အနေနဲ့ဆိုရင် ပြည်တွင်း ပြည်ပ ဘယ်အဖွဲ့အစည်းရဲ့ အထောက်အပံ့ကိုမှယူပြီး လုပ် ထားတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ နယ်ပယ်အသီးသီးမှာရှိတဲ့ ရဲဘော် တွေရဲ့ ကူညီမှုနဲ့ ကျွန်တော်တို့ ရပ်တည်နေတာပါ။ ၂၀၁၁ ဒီဇင် ဘာလကစပြီး ထောင်ကနောက် ဆုံးထွက်လာတဲ့ လူတွေနဲ့ ထူ ထောင်ထားတဲ့ အဖွဲ့အစည်းတစ် ခုပါ။ ဗဗဏဏ အနေနဲ့ကတော့ ၂၀၀၀ ခုနှစ်ကတည်းက ပြည်ပမှာ ထူထောင်ပြီးတော့ သူတို့လက် လှမ်းမီသလောက်လုပ်တယ်။ ပြည်တွင်းဝင်ရောက်လာတဲ့အခါမှာ ကျွန်တော်တို့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိပါ တယ်။ ဘယ်အဖွဲ့အစည်းကိုမဆို ကျွန်တော်တို့ပူးပေါင်းဆောင်ရွက် ပြီး လုပ်တာတွေရှိတယ်။ ဦးဝင်းတင် ဖောင်ဒေးရှင်းနဲ့လည်း ပူးပေါင်း ဆောင်ရွက်တာပဲ။ နိုင်ငံရေး အကျဉ်းသားတွေ အပြုံးနဲ့လုပ်တဲ့ ပွဲမှာ အကျည်းတန်အောင်လုပ် သွားတာလို့ ယူဆတယ်။ ပြဿနာ တစ်ရပ်ကို ဒီလိုနည်းတွေနဲ့ ဖြေရှင်း  နေရင်ခရီးမရောက်ပါဘူး””ဟု ပြောကြားခဲ့သည်။

ရလိုမှုကိုရှေ့တန်းတင်၍ ခံစားခွင့်ကိုတောင်းခံမည်ဆိုပါက အဆင်မပြေနိုင်ကြောင်း၊ ရေရှည် တွင် မကောင်းနိုင်ကြောင်း၊ ကို ဘိုကြည်ကို ဒီမိုကရေစီသစ်္စာ ဖောက်ဟုဆိုပါက မည်သည်ကို သစ္စာဖောက်သည်ကိုမေးသင့် ကြောင်း၊ အချင်းချင်းကြား ယခုလို ဖြစ်နေမည်ဆိုလျှင် အစိုးရ၀မ်းသာ မည်ဖြစ်သလို ဟင်္သာကိုးသောင်း ပျတ်သလိုဖြစ်နေပြီး မြင်လျှင်လည်း မြင်နိုင်ကြောင်း ၎င်းကဆိုသည်။

Hot News Journal 

No comments:

Post a Comment