Monday, January 6, 2014

ထိုင်း ခြေစမ်းခရီး အဖွင့်ပွဲစဉ်တွင် မြောင်တောင် ကလပ်ကို မြန်မာ ယူ၂၂ အသင်း အနိုင်ရ

Myanmar Football Federation's photo.
အာရှဖလား U-22 ပြိုင်ပွဲအတွက် ကြိုတင်ပြင် ဆင်နေသည့် မြန်မာ့ လက်ရွေးစင် ယူ၂၂ အသင်း သည် ယနေ့ညနေ ၅ နာရီတွင် ထိုင်းပရီးမီးယားလိဂ် ထိပ်သီးကလပ် မြောင်တောင်ယူနိုက်တက် အသင်းနှင့်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ၃ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ပွဲစဉ်အား မိနစ် ၄၀ သုံးပိုင်း ယှဉ်ပြိုင်ကစား ခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအတွက်


 အောင်သူ က ပွဲချိန် ၂၂မိနစ်တွင် ဖရီးကစ်မှ တိုက်ရိုက် ကန်သွင်းကာ ဦးဆောင်ဂိုး စတင် သွင်း ယူပေးခဲ့သည်။ ပွဲချိန်မိနစ်၃၀တွင် မြောင်တောင်အသင်းဘယ်တောင်ပံမှ ဖြတ်တင်သည့် ဘောလုံးအား မြန် မာနောက်တန်းမှ ခေါင်းဖြင့်ရှင်းထုတ်ခဲ့ သော်လည်းထိုင်းဒိုင်လူကြီးမှပယ်နယ်တီ ပြစ်ဒဏ်ဘော   ပေး ခဲ့သဖြင့် ယင်းပင်နယ်တီမှ အိမ်ရှင် မြောင်တောင်ကလပ် အသင်း ချေပဂိုး ရရှိခဲ့သည်။ ထို့နောက် မြောင်တောင်အသင်းမှ ပွဲချိန် ၇၄ မိနစ်တွင် ပြစ်ဒဏ်ဘောမှ တဆင့်ဒုတိယဂိုး ကိုသွင်း ယူနိုင်ခဲ့၍ (၂-၁)ဂိုးဖြင့် မြောင်တောင် အသင်းက ဦးဆောင် နေခဲ့သည်။
မြန်မာအသင်းသည် လူစားလဲမှုများ ပြုလုပ်ပြီး ဆက်တိုက် တိုက်စစ်ဆင်ရာ ပြစ်ဒဏ်ဘောမှ တဆင့် ဂိုးဝင် သွားခဲ့သော်လည်းပြစ်ဒဏ်ဘော သက်မှတ်ခံရသဖြင့် ဂိုးမရခဲ့ပေ။ မြန်မာအသင်းသည် ဘော လုံး ပိုင်ဆိုင်မှု အသာဖြင့် ဖိကစား နိုင်ခဲ့ပြီး ခြေပဂိုးနှင့် အနိုင်ဂိုးများကို ပွဲချိန် ၉၈ မိနစ်နှင့် ၁၀၆ မိနစ် တို့တွင် ရန်နိုင်ထွေး မှသွင်းယူပေးခဲ့သည်။ ယနေ့ပွဲစဉ်တွင် မြောင်တောင်ယူနိုက်တက်အသင်း မှ နိုင်ငံခြားသား ကစားသမား ၇ ဦးအထိ ထည့်သွင်း အသုံးပြုခဲ့သည်။
မြန်မာ ယူ၂၂ အသင်းသည် အိုမန်သို့ မထွက်ခွာမီ ဒုတိယ ခြေစမ်းပွဲအဖြစ် ထိုင်း လက်ရွေးစင် ယူ၂၀ အသင်းနှင့် ဇန်န၀ါရီ ၆ ရက်နေ့တွင် ဆက်လက် ခြေစမ်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

No comments:

Post a Comment