Monday, January 6, 2014

ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲ ခြိမ့်ခြိမ့်သဲပြန်လည်ကျင်းပမည်

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် မျိုးဆက်သစ်လူငယ်ကစားသမားများ ပေါ်ထွက် လာစေ ရန် ၂၀၁၄ ခုနှစ်အတွင်း ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲကြီးကိုခြိမ့်ခြိမ့်သဲ ပြန်လည်ကျင်း ပနိုင်ရန် စီစဉ်သွားမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က မဇ္ဈိမသို့ပြောသည်။
“ဘောလုံးတိုးတက်ဖို့ လက်ရွေးစင်အသင်းတစ်သင်းထဲကိုပဲ အားစိုက်နေလို့ မရပါဘူး။ အခြေခံ အုတ်မြစ် တွေခိုင်မာဖို့လိုပါတယ်။ အရေးကြီးဆုံးကတော့ လက်ရွေးစင် အသင်းအောင်မြင်ဖို့ မြန် မာနိုင် ငံဒေသစုံက ကစားသမားတွေ ပေါ်ထွက်လာဖို့ လိုပါတယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ်ထဲမှာတစ်
ချိန်က နာမည်ကျော် ကြား လူကြိုက်များခဲ့တဲ့ ပြည်နယ်၊ တိုင်းဘောလုံးပွဲကို ပြန်လည်ကျင်းပနိုင်ဖို့ စီစဉ်နေပါတယ်” ဟု ဦးဇော်ဇော်က ဆိုသည်။မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်မှ စတင်ပြီး မြန်မာနေ ရှင်နယ် လိဂ် ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့သော်လည်း လက်ရွေးစင်အဆင့် ကစားသမားများပေါ်ထွက်လာမှု နည်းပါးနေသဖြင့် ပြည်နယ် နှင့်တိုင်း ဘောလုံးပြိုင်ပွဲ ကို ပြန်လည် အသက်သွင်းရန် အဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းလာခြင်းလည်းဖြစ် သည်။ ၂၀၁၃ ဆီးဂိမ်းမတိုင်မီက ဆီးဂိမ်းအကြိုပြိုင်ပွဲအဖြစ် အသက် ၂၁ နှစ် အောက်ပြည်နယ်နှင့်တိုင်း လူငယ်ဘောလုံးပြိုင်ပွဲ ကို ကျင်း ပ ခဲ့သော် လည်း ကစားသမားအများစုမှာ ကလပ်အသင်းများမှသာ ၀င် ရောက်ယှဉ်ပြိုင်ခဲ့ သဖြင့် မျိုးဆက်သစ် ကစားသမားပေါ်ထွက်လာမှုနှုန်း နည်းပါးခဲ့သည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး ရွှေခေတ်ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဦးစိုးမြင့်လွင်က “ကျွန်တော်တို့ ငယ်ငယ်က မူလတန်းအဆင့်ကစပြီးရပ်ကွက်၊ မြို့နယ်တွေအထိ ဘောလုံးပွဲတွေက မပြတ် တမ်းလုပ်နေတာ။ ကျွန်တော် အသက် ၁၆ နှစ်မှာ လူငယ်လက်ရွေးစင်စဖြစ်တယ်။ အဲဒီ အချိန်မှာဘော လုံးပွဲပေါင်း ၁၀၀ ကျော်လောက် ကစားဖူးနေပြီ။ ဘောလုံးသမား တစ်ယောက်အတွက် ပွဲအတွေ့အကြုံ ကအရမ်းအရေးကြီးပါတယ်” ဟု သုံးသပ်ပြခဲ့သည်။

No comments:

Post a Comment