သို့သော်တစ်လကျော်
အကြာတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ ထို့အတွက် သမိုင်းဝင် ရန်ကုန်
တက္ကသိုလ်ကြီး ပြန်ဖွင့်လိုက်ပြီ ဖြစ်သော်လည်း ၁၉၈၈ အစောပိုင်း
ကာလများကဲ့သို့ တစ်ကျော့ပြန် ခေတ် ဆန်း လာနိုင်ဦးမလားဟု မေးခွန်းထုတ်စရာ
ဖြစ်လာသည်။
၂၀၁၄
နှစ် သစ် ငါးရက်တာ ဖြတ်သန်း ပြီးသည့်အချိန်။ ရန်ကုန်တက္ကသိုလ်၏ အထင်ကရ အဓိက
လမ်းမကြီး တွင် သစ်ရွက်ခြောက်တို့ ဟိုတစ်စ ဒီတစ်စ။ ကျောပိုးအိတ် လွယ်ထား
သည့် ကျောင်း သား များမှာလည်း တစ်ဦးစနှစ်ဦးစ။ သေချာသည်က စည်စည်ကားကား
မရှိသေး။
ရန်ကုန်တက္ကသိုလ်တွင်
တက္ကသိုလ် ပထမဘွဲ့ဒီဂရီရယူရန် တက်ရောက်နိုင်သည့် အတန်းများကို ၂၀၁၃- ၂၀၁၄
ပညာသင်နှစ်တွင်မှ ပြန်လည် စတင်၍ ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့က
ဖွင့်လှစ် လိုက်ခြင်း ဖြစ်ရာ ပထမနှစ်အတွက် ကျောင်းသားဦးရေမှာ ၁၀၉
ဦးဖြစ်သည်။ အထူးပြု ဘာသာ ရပ်ပေါင်း ၂၀ အတွက် ဘာသာ ရပ် တစ်ခုလျှင်
ကျောင်းသား ၅၀ ဖြင့် စုစုပေါင်း တက်ရောက် ခွင့် ကျောင်း သားဦးရေမှာ ၁၀၀၀
ဖြစ်သည်။
နှစ်ပေါင်း
၂၀ကျော်ကြာ စွန့်ပစ်ခံခဲ့ ရသော ရန်ကုန်တက္ကသိုလ်သည် ပြင်ဆင်မှု ပြုလုပ်နေရ ဆဲ
ဖြစ်သည့် အပြင် လက်ရှိတွင် ကျောင်းသားများမှာလည်း ပထမဆုံး အကြိမ်
ဖြစ်နေသေးသည့် အတွက် တက္က သိုလ် နှင့် ကျောင်းသားဦးရေ မမျှသေး ကြောင်း
ရူပဗေဒဌာန ဌာနမှူး ပါမောက္ခဒေါက်တာ ခင်မာကြည် က ပြောကြားသည်။ ယခု
ပညာသင်နှစ်မှစကာ တက္ကသိုလ် တွင် ကျောင်း သားများ အဆောင် နေထိုင်ရန် လည်း
ပြန်လည် စီစဉ်ပေးလာပြီ ဖြစ်သည်။
ဒလမြို့နယ်မှ
ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ်ကျောင်းသားအဖြစ် တက်ရောက်နေသူ တစ်ဦး က “အဝေး
ကနေ လာတက်သူအဖို့ အဆင်ပြေပါတယ်။ ရန်ကုန်မြို့လို ကားကျပ်ပြီး တစ်နေရာ နဲ့
တစ်နေရာသွားဖို့ အချိန်ပေးနေရတဲ့ အချိန်မှာ ကျောင်းအိပ် ကျောင်းစားလုပ်ရတာ
စာ ကို ပို အာရုံ စူးစိုက် လို့ ရတယ်” ဟု ဆိုသည်။
ဝေဖန်သူတို့
အချို့၏ အဆိုအရမူ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမကြီး ကတ္တရာလမ်း အနည်း ငယ်
မြင့်လာခြင်းနှင့် လက်ရှိကျောင်းသားများနေသည့် အဆောင်ကို ထုံးသုတ်ခဲ့ပြီး
ကျန်အဆောင် များသည် ပြင်ဆင်ခြင်းမရှိဘဲ ယိုယွင်းပျက်စီးနေဆဲ ဖြစ်သည်ဟု
ဆိုကြသည်။ ကျောင်းသားတစ်ဦးကမူ “လက်တွေ့ ပစ္စည်းတွေက ဟိုအရင်က ပစ္စည်းတွေ၊
အဆင်မပြေဘူး” ဟု ဆိုသည်။
ရန်ကုန်တက္ကသိုလ်အတွင်း
အဆောင်နေ ကျောင်းသားများသည် ည ၁၀ နာရီ နောက်ဆုံး ထား၍ ဝင်ရောက် ရမည်
ဖြစ်ပြီး ကျောင်းသူများမှာ ညနေ ၆ နာရီ နောက်ဆုံးထား ဝင်ရောက်ရမည် ဖြစ်သည်။
အဆောင်ေ န ကျောင်း သူကျောင်းသားများသည် နိုင်ငံရေး လုပ်လိုပါက
အဆောင်မှူးနှင့် တက္ကသိုလ် တာဝန်ခံများထံ အကြောင်းကြားရမည် ဟူ၍
ကန့်သတ်ထားသည်။
မြန်မာ့နိုင်ငံရေးတွင်
လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ကြသည့် ဗိုလ်ချုပ် အောင်ဆန်းအပါ အဝင် သခင်
ဘသောင်း၊ ဗိုလ်လက်ျာ၊ သခင်နု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ကိုဗဟိန်း၊ မစ္စတာ
ရာရှစ်၊ ဦးသိန်းဖေမြင့်စသည့် နိုင်ငံရေးခေါင်းဆောင် တို့အပြင်
ဒေါက်တာလှမြင့်၊ ဒေါက်တာ ထင်အောင်၊ ဒေါက်တာ သန်းထွန်း၊ မင်းသုဝဏ်၊ ဇော်ဂျီ၊
မောင်ထင်၊ ဒဂုန်တာရာ အစရှိသော ပညာရှင် အမြောက်အမြားကို ရန်ကုန် တက္ကသိုလ်မှ
မွေးထုတ်ပေးခဲ့သည်။
ရန်ကုန်တက္ကသိုလ်
ပြန်လည် မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ
ထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
“ရန်ကုန် တက္ကသိုလ်ဟာ ပညာရေး မှသာ မဟုတ်ဘူး။ နိုင်ငံရေးမှာလည်း အရေးပါတဲ့
ပုဂ္ဂိုလ်ကြီးတွေ မွေးထုတ် ပေးခဲ့တယ်။ တက္ကသိုလ် ဟာ စံချိန်စံနှုန်း မီရင်
အဲဒီအတိုင်း ဖြစ်နေရမယ်” ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလက လွှတ်တော် တွင်
ပြောဆိုဖူးသည်။
ရန်ကုန်တက္ကသိုလ်သည်
၁၉၈၈ အရေးအခင်း ဖြစ်ပွားပြီးသည့်နောက်ပိုင်း ပိတ်ပင်ခဲ့ပြီး တိုင်းဒေ
သကြီးနှ င့် ပြည် နယ် အသီးသီးတွင် တက္ကသိုလ်များ ဖွင့်လှစ်ခဲ့သည့် အပြင်
ရန်ကုန်မြို့တော်တွင်လည်း တက္ကသိုလ် များကို မြို့ပြင်ထုတ်ခဲ့သည်။
ထို့နောက်ပိုင်း မြန်မာ့ ၏ပညာရေးစနစ် သည် နိုင်ငံတကာတွင် သာမက နိုင်ငံ
တွင်း တွင်လည်း နိမ့်ကျခဲ့သည်ကို ငြင်းမရပေ။
၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီကမူ မြန်မာ့ပညာရေး
မြှင့်တင် ရန် သင်ထော က်ကူပ စ္စည်းများ လိုအပ်သည့် အပြင် လူ့အဖွဲ့အစည်းကို
ခေါင်းဆောင်နိုင်သော ကျောင်းသားများ ထွက်ပေါ်လာရေးအတွက် သင်ကြားရေးစနစ်ကို
ပြောင်းလဲရန် လိုအပ်နေ သည်ဟု ပြောကြားသည်။ “လွတ်လပ်စွာ တွေးခေါ်
ဆွေးနွေးနိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီ ပညာရေး စနစ်ကို ပြန်လည်
အသက်သွင်းပေးရမယ်” ဟု ၎င်းက ဆိုသည်။
၁၉၂၀
ပြည့်နှစ်ကတည်းက စပြီး ပင်မတက္ကသိုလ်အဖြစ် ရပ်တည်ခဲ့သော ရန်ကုန် ဝိဇ္ဇာသိပ္ပံ
တက္ကသိုလ်သည် ၁၉၉၆ ခုနှစ်တွင် ဘွဲ့ကြိုသင်တန်း (Undergraduate) များ
ရပ်ဆိုင်းခဲ့ရပြီး ဘွဲ့လွန်နှင့် ပြင်ပ ဒီပလိုမာ သင်တန်းများသာ
ဖွင့်လှစ်နိုင်သောကြောင့် တက္ကသိုလ် အင်္ဂါရပ် များ ၊ ဂုဏ်ပုဒ်များ
ကွယ်ပျောက်ခဲ့ရသည်။
သို့သော်လည်း
၂၀၁၂ခုနှစ် နိုဝင်ဘာလက အမေရိကန်သမ္မတအိုဘားမား ရန်ကုန် တက္ကသိုလ် တွင်
သမိုင်းဝင် မိန့်ခွန်းပြောပြီး နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုမှ
ဂျွန်ဟော့ပ်ကင်း၊ ဂျာမနီနိုင်ငံမှ ကိုလုံး၊ တောင်ကိုရီးယားက ချောင်အန်း
(Chung Ang)၊ ဟန်ယန်း စသော တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ပြီး
နိုင်ငံတကာဆက်ဆံရေး (IR) ၊ မနုဿဗေဒ ပညာရပ်များတွင် ကျမ်းပြုအဆင့်
ဘွဲ့လွန်ကျောင်းသားများကို သင်ကြားရန် စီစဉ်နေကြောင်း ရူပဗေဒဌာနမှူး
ပါမောက္ခ ဒေါက်တာ ခင်မာကြည်က ဆိုသည်။
၂၀၁၃
ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ်နှင့် ပညာရေးဆိုင်ရာ ပူးပေါင်းကူညီမှုများ
ပေးရန် ထိုင်း၊ ကိုရီးယား၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့မှ
တက္ကသိုလ်တို့နှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ သည်။
“ဘယ်ကျောင်းတွေနဲ့ပဲ
ချိတ်ချိတ် သင်ကြားရေးစနစ် မပြောင်းလဲရင်တော့ အဆင့်မြင့်တဲ့ တက္ကသိုလ် လို့
သတ်မှတ်လို့ မရနိုင်ဘူး” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီ က
ဆိုသည်။
မည်သို့ပင်
ဆိုစေကာမှု ၁၉၄၀- ၁၉၅၀ပြည့်နှစ်များတွင် အရှေ့တောင်အာရှ၌ အကောင်းဆုံး
တက္ကသိုလ် အဆင့် သတ်မှတ် ခံရပြီး ၁၉၅၀-၁၉၆၂ခုနှစ်များတွင် အရှေ့တောင်အာရှ၌
ဒုတိယ အဆင့် တက္ကသိုလ်အဖြစ် စာရင်းပေါက်ခဲ့သော ရန်ကုန်တက္ကသိုလ် ပြန်လည်
အဆင့်မြှင့် တင်ရေး ကို မြန်မာ သာမက ကမ္ဘာကပါ စောင့်ကြည့်နေသူများ
ရှိနေသည်ကို ငြင်းချက်ထုတ် မရသည်က အမှန်ပင် ဖြစ် သည်။
ယင်းသို့
စောင့်ကြည့် ဝေဖန်မှုများကြားမှ ရန်ကုန်တက္ကသိုလ်တစ်ကျော့ပြန် ခေတ်ဆန်း
လာနိုင်ဦးမလား ဆိုသည်ကိုမူ မည်မျှကြာမည် ခန့်မှန်းရန် ခက်သည့် ကာလတစ်ခု
အဖြစ် စောင့်ကြည့်ရမည် ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment