Wednesday, January 8, 2014

FB သတင်းများ ဝီရသူကိုယ်တိုင် ရေးသားသည်

 
FB သတင်းများ၊ ဆောင်းပါးများ၊ 
စာမူများကို ဝီရသူကိုယ်တိုင်
 ရေးသားပါတယ်။ဝီရသူမဟုတ်
လျှင်ကလောင် အမည်များပါပါ
တယ်။ဥပမာဇာနည်ဘွား 
(NLDဟောင်း)၊ဒိုင်းမွန်းရွှေကြည်
(ငြိမ်းချမ်းရေးသံတမန်ကွန်ယက်) 
စသည်တို့ ဖြစ်ပါတယ်။

ဝီရသူနောက်ကွယ်မှာ ပါတီ၊ခရိုနီ၊လူအုပ်စု၊သံဃာအုပ်စု
မည်သူမျှမရှိပါ။ဝီရသူကိုဝန်းရံနေသူမှာထောင်ထွက် ဦးဇင်းလေးများနှင့် လူပျံတော်အချို့ဖြစ်ပါ တယ်။ NLD မှဒေါ်နှင်းပပနှင့်ဒေါ်ကြည်ကြည်မာ တို့ကတော့ နဂါး နီစုဘူးအသင်းကို တာဝန်ယူ ပါတယ်။ မိမိနောက်မှာ ဖွတ်တစ်ကောင်မှ မရှိသလို သွေးစုတ် ဖုတ်ကောင်တွေ လည်း လုံးဝမရှိပါ။
အကဲဆက်သည့် ……………….. စာသားများကို ဝီရသူကိုယ်တိုင် ရေးသားကြောင်း တာဝန်ယူပါ တယ်။
အကယ်၍ စစ်ဆေးမေးမြန်းလိုသူများ၊ လက်တွေ့လေ့လာလိုသူများ ရှိပါက အစုအဖွဲ့အလိုက် စုံစမ်းနိုင်ပါ တယ်။ စုံစမ်းပြီးလျှင် “အဖြေ” ကို အများသိအောင် ချပြပေးဖို့တော့ တာဝန်ယူရပါ မယ်။
လောလောဆယ် ဝီရသူ၏ လက်ရေးမူအချို့ကို နမူနာ တင်ပြပေးလိုက်ပါတယ်။ ထိုထိုသို့သော သံသယကို လက်သီးပုန်းထိုးခြင်းမျိုးမဟုတ်ဘဲ၊ အတိအလင်း ထုတ်ဖော်ရေးသားပေးတဲ့အတွက် V.W.J. ကို ကျေးဇူး တင်နေမိပါတယ်။

ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
6.1.2014
12:13 PM

“အရှင်ဝီရသူ”
မြန်မာနိုင်ငံ ဒေသအချို့တွင် ဘာသာရေးအသွင်ဆောင် ပဋိပက္ခများခပ်စိပ်စိပ်ဖြစ်ပွားခဲ့ချိန်တွင်ကမ္ဘာကျော် TIME Magazine ကြီးက “The face of Buddhist Terror” ဟု မျက်နှာဖုံးတပ် ဖော်ပြခံရ မှုကြောင့် မြန်မာ တွင်သာမက ကမ္ဘာကပါ အထူးစိတ်ဝင်စားခြင်းခံရသူ ဗုဒ္ဓဘာသာ ရဟန်းတော် မန္တလေးမြို့ မစိုးရိမ်တိုက် သစ် နာယကဆရာတော်တစ်ပါးဖြစ်သည့် အရှင်ဝိစိတ္တာဘိဝံသ (ခေါ်) အရှင်ဝီရသူကို The Voice Weekly အနေနှင့် ၎င်း၏ဘာသာရေးအယူအဆ ၊ နိုင်ငံရေး ခံယူချက်နှင့် ဟောပြောမှုများကို သဘောတူခြင်း မတူခြင်းထက် ၂ဝ၁၃ ခုနှစ်တွင် ပြည်တွင်းရှိ နယ်ပယ်အသီးသီးသာမက ပြည်ပမီဒီယာများအထိပါရိုက်ခတ် မှုကြီးမားသွားစေရန်စွမ်းဆောင် နိုင်သူဖြစ်သောကြောင့်ယခုနှစ်အတွင်းထူးခြားထင်ရှားသူတစ်ဦး အဖြစ်ရွေးချယ်ဖော်ပြလိုက်ပါသည်။

ဆရာတော်အရှင်ဝီရသူမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် ဘာသာခြားများ ထိမ်းမြားလက်ထပ်မှုကို ကန့်သက်ထိန်းချုပ်နိုင်ရန်အတွက် “မျိုးစောင့်ဥပဒေ”ပေါ်ထွက်လာရေး ဦးဆောင် ကြိုးပမ်းနေသူ တစ်ဦးဖြစ် သည့် အပြင် ကမ္ဘာကစောင့်ကြည့်ခံထားရသည့် “၉၆၉” လှုပ်ရှားမှုတွင် ရှေ့တန်းက ပါဝင်နေသူ တစ်ဦးဖြစ် သည်။

အထူးသဖြင့်အစ္စလာမ်ဘာသာနှင့်ပတ်သက်၍အကဲဆက်သည့် ဟောပြောရေးသားမှုများကြောင့် နိုင်ငံတကာ မီဒီယာများက သားကောင်တစ်ဦးသဖွယ် စောင့်ကြည့်ရေးသားဖော်ပြခံရသည့် News Maker တစ်ဦးလည်း ဖြစ်သည်။

ကျောက်ဆည်ဇာတိအရှင်ဝီရသူမှာပရိယတ္တစာပေအားဖြင့်တိပိဋကစာမေးပွဲများနောက်ဒုတိယ ဖြေဆိုအောင်မြင်ရန် အခက်ခဲဆုံးဟုသတ်မှတ်ခံရသည့်ပရိယတ္တိသာသနဟိတ(သကျသီဟ)စာမေးပွဲကိုထူးခြားစွာ ဖြေဆိုအောင်မြင်ပြီး “အဘိဝံသ”ဘွဲ့ ရရှိသူဖြစ်သည့်အပြင်ရဟန်းရှင် ပြည်သူတစ်ရပ်လုံးက လေးစားကြည်ညိုရသည့်မန္တလေးမြို့ ရှိနာမည်ကျော်မစိုးရိမ်တိုက်သစ်ကဲ့သို့ ကျောင်းတိုက်မျိုးတွင်အသက်ငယ်ရွယ်သူနာယကအဆင့်ဆရာတော် တစ်ပါးအဖြစ် သာသနာ့ဦးသျှောင် ဆရာတော်ကြီးများ၏ အရေးပေးဆက်ဆံမှုကို ခံယူထားရသူ တစ်ဦးဖြစ် သည်။

ယခင်၂ဝဝ၃ခုနှစ်ကတပ်မတော်ထောက်လှမ်းရေးက ခေတ္တဖမ်းဆီးထိန်းသိမ်းခံရကာကိုးနှစ်အကြာ၂ဝ၁၂ခုနှစ် က ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်းအရှင်ဝီရသူ၏ပုဂ္ဂိုလ်ရေးအမြင်နှင့်ဗုဒ္ဓဘာသာ၏အမြင်သဘော ထားကို ဘာသာခြားများနှင့် ပြည်ပပုဂ္ဂိုလ်အဖွဲ့အစည်းများက ရောထွေး မှတ်ယူမှုများလည်း ကြုံတွေ့ ရသည့် အနက် TIME Magazine ၏ ရေးသားဖော်ပြမှုမှာ အထင်ရှား ဆုံးဖြစ်သည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မြန်မာနိုင်ငံအတွင်း ရုံးစိုက်လာမည့်အရေး ကန့်ကွက် ဆန္ဒပြခဲ့သူ၊ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ၎င်းကိုယ်တိုင်လော၊ ၎င်း၏နောက်ကွယ်ရှိ အုပ်စုကလော ကွဲပြားစွာမသိနိုင်သောအကဲဆက်သည့်လူမျိုးရေး၊ဘာသာရေးဆိုင်ရာမှတ်ချက်စာသားများ ရေးသားဖော်ပြနေသူ၊ တစ်ပြိုင်နက်တွင် ဘာသာပေါင်းစုံချစ်ကြည်ရေး စည်းရုံးမှုများတွင် ပါဝင်နေသူ၊ ဘာသာရေးမငြိမ်သက်မှု များကို ပြည်တွင်းမွတ်ဆလင်ခေါင်းဆောင်အချို့နှင့် ပူးတွဲ၍ ကူညီထိန်းသိမ်းနေသည်ဟု ၎င်းကိုယ်တိုင်ပြော ဆိုထားသူ စသည့်ဂုဏ်ပုဒ်များကြောင့် အရှင်ဝီရသူကို ယခုနှစ်အတွင်း ထူးခြားထင်ရှားသူ အဖြစ် ရွေးချယ် ရခြင်း ဖြစ်ပါသည်။

The Voice Weekly (6.1.2014) ထုတ်ဂျာနယ် အချပ်ပို ©မှာ ဖော်ပြပါရှိသည်။

Wira Thu

No comments:

Post a Comment