Monday, January 13, 2014

ဦရွှေမန်းသို့- အိတ်ဖွင့်ပေးစာ

ကရွတ်မီဒီယာမှာဦးရွှေမန်းကအခြေခံ
ဥပဒေပုဒ်မ၅၉(စ)ကိုအခြေအနေအချိန်
အခါကြည့်ပြီးပြင်ဆင်ပေးသွား
မည်ဟုပြောကြောင်းဖတ်လိုက်ရပါသည်။
ဦးရွှေမန်းတိုင်းမှူးတာဝန်ထမ်းဆောင်

စဉ်ဖြစ်ပေါ်လာမည့်အခြေခံဥပဒေအရ
ဆိုလျှင်ကျုပ်ကဝန်ကြီးချုပ်ဘဲ
ဟုပြောခဲ့သောစကားကိုမှတ်မိလိမ့်ဦးမည်

]ဟုထင်ပါသည်။၎င်းအချိန်တွင်ရှေ့မတိုးနိုင်သေးသည့်အခြေခံဥပဒေအပေါ်ဦးရွှေမန်းယုံကြည်
လက် ခံမှု အပြည့်ရှိခဲ့ကြောင်းဦးရွှေမန်းစကားကဖေါ်ပြခဲ့ပါသည်။
လူသည်အခြေအနေအချိန်အခါပေါ်မူတည်ပြီးအပြောင်းအလဲရှိသည်ကိုကျွန်တော်လက်ခံပါသည်။သို့သော်
အမျိုးဘာသာနှင့်သာသနာကိုစောင့်ရှောက်ရန်လိုသောယခုလိုအချိန်အခါမျိုးမှာမှဤစကားမျိုးပြော ခဲ့ခြင်းမှန်ကန်လျှင်ဦးရွှေမန်းအမှားကြီးမှားပြီဟုကျွန်တော်ပြောရမည်ဖြစ်ပါသည်။
ဖြစ်ပေါ်လာနိုင်သည့်နိုင်ငံရေးမတည်ငြိမ်မှုများအတွက်အပေးအယူလုပ်သည့်သဘောပြုလုပ်သည်

ဆိုလျှင်ဦးရွှေမန်းမှားသွားပြီဖြစ်ပါသည်။ကြံ့ခိုင်ရေးအပေါ်ပြည်သူယုံကြည်မှုနည်းပါးနေသလိုဒီချုပ်
အပေါ်တွင်လည်းယုံကြည်မှုကျဆင်းနေပြီးယုံကြည်ကိုးစားလောက်သောတတိယအင်အားစုတစ်
ခုပေါ်ပေါက်လာပါကထိုအနောက်သို့ပြည်သူကောက်ကောက်ပါအောင်လိုက်သွားမည်မှာအသေ
အချာဖြစ်ပါသည်။
ကျွန်တော်တို့ပြည်သူများသည်ငရဲမှလာသည့်လူများဖြစ်ခြဲ့ပီးယခုလည်းဖြစ်နေဆဲမို့ပြာပူကိုဝင်တိုး ရန်မကြောက်ကြတော့ပါ။အမျိုးဘာသာနှင့်သာနာကွယ်ပျောက်သွားမည်ကိုသာကြောက်ကြပါသည်။
သူ့သမိုင်းသူရေးပြီးသူ့ကိလေသာကိုအလိုလိုက်အမိုက်ဇာတ်ခင်းပြီးအမျိုးဖျက်သွားသူတစ်ဦးအ

တွက်အနာဂတ်မြန်မာပြည်မှာရှိနေရမည့်အမျိုးဘာသာနှင့်သာသနာကိုစတေးပြစ်မည်ဆိုလျှက်တ
ရား၏မတရား၏လွယ်လွယ်ကူကူတွေးဆသိရှိနိုင်ပါသည်။
ဖြစ်ပေါ်လာနိုင်သည့်နိုင်ငံရေးမတည်ငြိမ်မှုကိုအခြားနည်းဖြင့်ရှောင်ရှားပြီး၅၉(စ)လျှော်အစားမပြုလုပ်ပါရန်
တင်ပြပါသည်။

ဦးကြည်
၁၀မလမနိုင်၀၂၉၂၃၁
၀၉၄၀၁၅၈၀၅၆၇

No comments:

Post a Comment