Friday, January 3, 2014

တပ်မတော်သားကိုယ်စားလှယ်တွေဘက်က ဒီနေ့ထိ ဘာတစ်ခုမျှ မတောင်းဆိုခဲ့ဘူးတာ သက်သေပါ

ဒီပုံလေး မြင်တော့ ပျော်နေတဲ့ အပျော်တွေ ပျောက်တယ်။
အာခေါင်တွေလည်း ခြောက်တယ်။
ဖေ့ဘွခ်မှာ နောက်ပြောင်ကျီဆယ်ဖို့ ပြင်နေတဲ့ လက်တွေလည်း တွန့်ဆုတ်သွားတယ်။ ရင်ထဲမှာလည်းစို့နင့်မွန်းကြပ်လာတယ်။ သူဟာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား

တစ်ဦးပါ။သူဟာ ကျွန်တော်တို့ ခင်ဗျားတို့ဘ၀ အေးချမ်းစွာနေရဖို့ သူ့ခန္ဓာခြေလက်တွေကို စတေးခဲ့ရတယ်။သူ့ရဲ့
လုပ်ကိုင်ရှာဖွေနိုင်စွမ်းတွေ၊သူ့အနာဂတ်တွေကို ကျွန်တော်တို့ ခင်ဗျားတို့အတွက် ရက်ရော စွာ ပေးလှူ လိုက်ရတယ်။ ခုတော့ အမှိုက်ပုံဘေးမှာ။ခုတော့ လူမလေးခွေးမခန့်ဘ၀မှာ။ခုတော့ အပယ်ခံဘ၀မှာ။ခုတော့ အညတရပေါ့။ သူတွက်နစ်နာကြေးနဲ့၊အငြိမ်းစားလစာ ထိုက်သင့် သလောက်တော့ရပြီးမှာပါ။ဒါပေမယ့် ဒီမဆိုစလောက်ငွေကြေးနဲ့ သူ့အနာဂတ်၊သူ့နောက်ကွယ်က မိသားစုဘ၀ အာမခံချက်ရမှရပါ့လား။ ဒီလိုပြောတော့ အပ်ကြောင်းထပ်နေတဲ့စကားတွေနဲ့ တိုက် ခိုက်ကြဦးမယ်။မင်းတို့ အရင်လူကြီးတွေအသုံးမကျလို့မင်းတို့ဒီလိုအောက်ကျ နောက် ကျနေကြ ရတယ်ဆိုကြဦးမယ်။ ဟုတ်ပါပြီ။ဒါဆို အသုံးကျတဲ့ ပုဂ္ဂိုလ်၊ပါတီ၊အဖွဲ့အစည်းတွေက တတ်စွမ်းသမျှ မဖေးမကြတော့ဘူးလား။ ကျွန်တော်တို့လူကြီးတွေ အသုံးမကျလို့ပဲထား။ ခင်ဗျားတို့ကရော မျက်နှာ လွဲခဲပစ်နေမှာလား။ တပ်မတော်ကို ချစ်လှပါချည်ရဲ့နဲ့ ကျောသပ်ရင်သပ် ချွေး သိပ်ပြီး အေး ရိပ် ကရော ဘယ်မှာလဲ။ လွှတ်တော်မှာ ဒီလိုစွန့်လွှတ်သူတွေရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အဆိုတင် သွင်းဖို့ ခေါင်းထဲမရှိဘူးလား။သူတို့ဘက်က မားမားမတ်မတ်ရပ်တည်ပေးဖို့ သဘောဆန္ဒမရှိကြ ဘူးလား။ သူရဦးရွှေမန်းကလွဲပြီး တပ်မတော်သားတွေရဲ့ ရပိုင်ခွင့်နဲ့ အနာဂတ်ဘ၀တွက် လိုအပ် ချက် ကွက်လပ်တွေကို ဘယ်ပါတီ၊ဘယ်ပုဂ္ဂိုလ်၊ဘယ်အဖွဲ့အစည်းကများ တင်သွင်းဖူးပါသလဲ။ ပါးစပ်ကချစ်ပြရုံနဲ့ ပြည့်စုံပါပြီလား။ မင်းတို့ တပ်မတော်သား၂၅%ကဘာလို့ မတင်သွင်းသလဲ မမေးနဲ့။ခင်ဗျားတို့ သိပ်ကြောက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်များက ပါဝါထိန်းညှိပေးရုံ၊ တစ်ဘက်စောင်းနင်းဆုံးဖြတ်ချက်တွေမချမှတ်နိုင်အောင် စောင့်ကြပ်ပေးရုံသာသာပါပဲ။
သူတို့တွေ ကတော့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ပြီးတော့ တပ်မတော်သားတွေ ဘ၀က ဒီလိုပါ။ဒီလိုတွေ ဒုက္ခရောက်နေ ကြပါတယ်လို့ မျက်ရည်ခံထိုးပြီး ဘယ်တော့မှ ငိုပြမှာ မဟုတ်ပါဘူး။ခင်ဗျားတို့ ပေး တာယူ ခင်ဗျားတို့ ကျွေးတာစား ကြီးတော်နွားအလကား ကျောင်းပေးရုံပါပဲ။ သက်သေပြဆို ရင်တော့ လွှတ်တော်သက်တမ်းတစ်လျှောက် တပ်မတော်နဲ့ ပတ်သက်ပြီး တပ်မတော်သားကိုယ်စား လှယ်တွေဘက်က ဒီနေ့ထိ ဘာတစ်ခုမျှ မတောင်းဆိုခဲ့ဘူးတာ သက်သေပါ။ တပ်မတော်ကို တကယ် ချစ်တယ်ဆိုရင် သူတို့ရင်ထဲကို မြင်တတ်ဖို့လိုပါတယ်။သူတို့ကိုယ်စား ၀င်ခံစားပေးဖို့လိုပါ တယ်။တစ်ဦးမေတ္တာ တစ်ဦးစေတနာဆိုတာ ရှိပါတယ်။ဘယ်သူက ကိုယ့်ကိုတကယ်ချစ်တယ်၊ ဘယ်သူကဖြင့် အပေါ်ယံဟန်ဆောင်ဆက်ဆံတယ်ဆိုတာ နှလုံးသားနဲ့ ခံစားကြည့်လို့ရပါတယ်။ တပ်မတော်ကို ကိုယ့်ဘက်ပါအောင် သိမ်းသွင်းစည်းရုံးချင်တယ်ဆိုရင် အပြောမဟုတ်ဘဲ အလုပ်နဲ့သက်သေပြဖို့လည်း လိုပါတယ်။ဒီလိုလုပ်လို့ အကျိုးမယုတ်ပါ။ နိုင်ငံရေးသမား တို့ စေတ နာကောင်းကိုပြ၍ နိုင်ငံရေးအမြတ်ထုတ်နိုင်ပါစေ..။

No comments:

Post a Comment