Monday, January 6, 2014

တရားမ၀င်အနှိပ်ခန်းများ ဖမ်းဆီးရမိ

Photo: တရားမ၀င်အနှိပ်ခန်းများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်န၀ါရီ ၎
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်နေ့ ည ၉ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင် နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံ၊ ခရေလမ်း၊ အမှတ်(ဂ/၂၅)ပထမထပ်တွင် အနှိပ်ခန်းပြုလုပ်နေကြောင်းသတင်းအရ သက်သေများနှင့် အတူဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ လှိုင်သာယာမြို့နယ်၊ (၁၄)ရပ်ကွက်နေ ဆိုင်မန်နေဂျာဖြစ်သူ အောင်ကိုထွေး(၂၈)နှစ်၊ အနှိပ်သမများဖြစ်သော မxxxx(၂၉)နှစ်ပါ(၁၄)ဦး၊ စုစုပေါင်း(၁၅)ဦးတို့အား အနှိပ်ခန်း ပြုလုပ်ရာတွင်အသုံးပြုသောစာရွက်စာတမ်းများ၊ အသုံးဆောင်ပစ္စည်းများ၊ ငွေကျပ်(၂၀၀၀၀ိ/-)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ တချိန်တည်းမှာပင် ဘုရင့်နောင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံ၊ ခရေလမ်း၊ အမှတ်(ခ/၂၆)တွင် အနှိပ်ခန်းပြုလုပ် နေကြောင်းသတင်းအရ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ မရမ်းကုန်းမြို့နယ်၊ ခရေလမ်းနေ ဆိုင်မန်နေဂျာဖြစ်သူ ပြည့်ဖြိုး(၂၅)နှစ်၊ အနှိပ်သမများဖြစ်သော မxxxx(၂၁)နှစ်ပါ(၁၀)ဦး၊ စုစုပေါင်း (၁၁)ဦးတို့အား အနှိပ်ခန်းပြုလုပ်ရာတွင်အသုံးပြုသောစာရွက်စာတမ်းများ၊ အသုံးဆောင်ပစ္စည်းများ၊ ငွေကျပ်(၂၃၀၀၀ိ/-)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ၎င်းအချိန်၌ပင် ၎င်းရပ်ကွက်၊ ခရေလမ်း အမှတ်(ခ/၂၆)တွင် အနှိပ်ခန်း ပြုလုပ်နေကြောင်းသတင်းအရ ဘုရင့်နောင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်နေ ဆိုင်မန်နေဂျာဖြစ်သူ သန်းထိုက်အောင်(၂၄)နှစ်၊ အနှိပ်သမများဖြစ်သော မxxxx(ခ)မxxxx(၁၉)နှစ်ပါ(၁၂)ဦး၊ စုစုပေါင်း (၁၃)ဦးတို့အား အနှိပ်ခန်းပြုလုပ်ရာတွင်အသုံးပြုသောစာရွက်စာတမ်းများ၊ အသုံးဆောင်ပစ္စည်းများ၊ ငွေကျပ်(၃၁၀၀၀ိ/-)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူဖမ်းဆီးရမိခဲ့သောကြောင့် အောင်ကိုထွေးပါ(၁၅)ဦး၊ ပြည့်ဖြိုးပါ(၁၁)ဦး၊ သန်းထိုက်အောင်ပါ(၁၃)ဦးတို့အား မရမ်းကုန်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲတင်ပို့သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်တရားမ၀င်အနှိပ်ခန်းများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်န၀ါရီ ၎
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်နေ့ ည ၉ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင် နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင် ပွဲရုံ၊ ခရေလမ်း၊ အမှတ်(ဂ/၂၅)ပထမထပ်တွင် အနှိပ်ခန်းပြုလုပ်နေကြောင်းသတင်း အရ သက်သေများနှင့် အတူဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ လှိုင်သာယာမြို့နယ်၊ (၁၄) ရပ် ကွက်နေ ဆိုင်မန်နေဂျာဖြစ်သူ အောင်ကိုထွေး(၂၈)နှစ်၊ အနှိပ်သမများဖြစ်သော မxxxx(၂၉)နှစ် ပါ(၁၄)ဦး၊ စုစုပေါင်း(၁၅)ဦးတို့အား အနှိပ်ခန်း ပြုလုပ်ရာတွင်အသုံးပြုသောစာရွက်စာတမ်းများ၊ အသုံးဆောင်ပစ္စည်းများ၊ ငွေကျပ်(၂၀၀၀၀ိ/-)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ တချိန်တည်းမှာပင် ဘုရင့်နောင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံ၊ ခရေလမ်း၊ အမှတ်(ခ/၂၆)တွင် အနှိပ် ခန်းပြုလုပ် နေကြောင်းသတင်းအရ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ မရမ်းကုန်းမြို့နယ်၊ ခရေလမ်းနေ ဆိုင်မန်နေဂျာဖြစ်သူ ပြည့်ဖြိုး(၂၅)နှစ်၊ အနှိပ်သမများဖြစ်သော မxxxx(၂၁)နှစ် ပါ(၁၀) ဦး၊ စုစုပေါင်း (၁၁)ဦးတို့အား အနှိပ်ခန်းပြုလုပ်ရာတွင်အသုံးပြုသောစာရွက်စာတမ်းများ၊ အသုံးဆောင်ပစ္စည်းများ၊ ငွေကျပ်(၂၃၀၀၀ိ/-)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ၎င်းအချိန်၌ပင် ၎င်းရပ်ကွက်၊ ခရေလမ်း အမှတ်(ခ/၂၆)တွင် အနှိပ်ခန်း ပြုလုပ်နေကြောင်း သတင်း အရ ဘုရင့်နောင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ၀င်ရောက် ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်နေ ဆိုင်မန်နေဂျာဖြစ်သူ သန်းထိုက်အောင်(၂၄)နှစ်၊ အနှိပ်သမများဖြစ်သော မxxxx(ခ)မxxxx(၁၉)နှစ်ပါ(၁၂)ဦး၊ စုစုပေါင်း (၁၃)ဦးတို့အား အနှိပ်ခန်းပြုလုပ်ရာတွင်အသုံးပြုသောစာရွက်စာတမ်းများ၊ အသုံးဆောင်ပစ္စည်း များ၊ ငွေကျပ်(၃၁၀၀၀ိ/-)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူဖမ်းဆီးရမိ ခဲ့သောကြောင့်  အောင်ကိုထွေး ပါ(၁၅)ဦး၊ ပြည့်ဖြိုးပါ(၁၁)ဦး၊ သန်းထိုက်အောင်ပါ(၁၃)ဦးတို့အား မရမ်းကုန်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲတင်ပို့သွားရန် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment