Tuesday, January 7, 2014

နိုင်ငံတော်ကို အစဉ်ကာကွယ်မည့်တပ်မတော်

ယနေ့ခေတ်သည် သတင်းအချက်အလက်
နှင့် နည်းပညာ(Information and Technology) 
 ဖွံ့ဖြိုးတိုးတက်နေသောခေတ်ဖြစ်ပါသည်။ 
အခို့်က ကမၻာ့ရြာ(Global village)ဟု 
လည်းကောင်း၊ ဝါယာကြိုး များနှင့် ဆက်သွယ် ထားသောကမ္ဘာ(WireWorld)ဟု
လည်းကောင်း ခေါ်ကြပါသည်။ ထိုသို့ပြောင်းလဲ လာသော ခေတ်မီနည်းပညာရပ်များနှင့်အတူ စစ်လက်နက်ပစ္စည်းအသစ်အဆန်းများလည်း
 ပေါ်ထွက်လာ ခဲ့သည်။ ကမ္ဘာအရပ်ရပ်ရှိ တပ်မတော်များတွင် အပြိုင်အဆိုင်တပ် ဆင် ခဲ့ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ တစ်ခုတည်းသောတပ်မတော်သည်လည်း ကမ္ဘာ့ နိုင်ငံအရပ်ရပ်ရှိ တပ်မတော်များကဲ့သို့ ရင်ပေါင် တန်းနိုင်အောင် ကြိုးစားပြင်ဆင်လျက်ရှိသည်။ ''တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည် '' ဟု တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်က ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင်ပြောကြားခဲ့သည်။ တပ်မတော် သားများအတွက် အရေးကြီးဆုံးမှာ အကျင့်စာရိတ္တကောင်းမွန်ရေးသာဖြစ်ကြောင်းကိုလည်း အလေးထားမှာကြားခဲ့သည်။ ထိုမှာကြားချက်အတိုင်းပင်လက်တွေ့အကောင်အထည်
ဖော် ဆောင်ရွက် ခဲ့သည်။

နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် နယ်ပယ်အရပ်ရပ်၊ အဖွဲ့အစည်းအရပ်ရပ်မှပေါင်း စည်း လုပ်ကိုင်နေချိန်တွင် တပ်မတော်သည်လည်း နိုင်ငံတကာနှင့်ဆက်ဆံကာ နိုင်ငံတော်၏ သံတမန် ဆက်ဆံရေးကို မြှင့်တင်ခဲ့ပါသည်။ သာဓကတစ်ခုအနေဖြင့် အာဆီယံ(၁ဝ)နိုင်ငံနှင့် ပူးပေါင်းကာ ၂ဝ၁၃ ခုနှစ်တွင် ၂၃ ကြိမ်မြောက် အာဆီယံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ(AARM-၂ဝ၁၃)ကို ပြင်ဦးလွင်မြို့တပ်မတော်စက်ပစ်ကွင်းတွင် အောင်မြင်စွာကျင်းပခဲ့သည်။ အာဆီ ယံဒေသတွင်း တပ်မတော် များ၏ ချစ်ကြည်ရင်းနှီးမှုတွင် မြန်မာ့တပ်မတော်သည် ဝင်ဆံ့နိုင်ခဲ့သည်။

တပ်မတော်အပေါ် အမြင်မကြည်လင်၊ သဘောထားကွဲလွဲသူ အဖွဲ့အစည်းများကမူ တပ်မတော် အပေါ် အမျိုးမျိုးလက်ညှိုးထိုး ဝေဖန်ခဲ့ကြသည်။ သို့သော် '' လမင်းကို ခွေးဟောင် လို့ရွှေ လရောင် ပြောင်မပျက်တယ် ထွန်းလျက်ပင်သာ '' ဆိုသော ဆိုရိုးစကားအတိုင်း ပြည်သူအား အမြဲ တမ်းစောင့်ရှောက် ပေးနေသော တပ်မတော်၊ ပြည်သူ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေသော တပ်မတော်သည် ပြည်သူ့ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ အလင်းရောင်ပေးစွမ်းနိုင်ခဲ့သည်။

တပ်မတော်၏ မကောင်းကြောင်းကို ပြောနေသူများ တပ်မတော်၏ ဆန့်ကျင်ဘက်အဖွဲ့အစည်း များသည် နိုင်ငံတော်အတွက် မည်မျှပေးဆပ်ဖူးသလဲဆိုတာ မေးကြည့်ချင်ပါသေးသည်။ နိုင်ငံတော်
ပြိုကွဲမည့်ဘေးအတွက် မည်သည့်ကာကွယ်မှု ပေးခဲ့သနည်းဟု မေးကြည့်ချင်ပါသေးသည်။ အရေးကြုံလျင်တပ်မတော်သာ တာဝန်ယူဖြေရှင်းပေးရစမြဲဖြစ်ပါသည်။ အသက်နှင့်ခန္ဓာများကိုရင်း ၍စောင့်ရှောက်စမြဲ ဖြစ်ပါသည်။

ဤသို့ ပေးဆပ်မှုသည် ကျွန်ုပ်တို့တပ်မတော်၏ မြင့်မြတ်မှန်ကန်သော ဂုဏ်ဒြပ်ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးစ အချိန်မှသည် ယနေ့ဤအချိန်ထိ တိုင်းပြည်နှင့် ပြည်သူလူထု ၏ကောင်း ရာကောင်းကျိုး ကို ထမ်းရွက်ခဲ့သည့် တပ်မတော်သည် သွေးခွဲမှု၊ ဝေဖန်မှုများကို အံတု၍ ရပ်တည် ခဲ့သည်မှာ ၆၈ နှစ်ကျော် တိုင်ခဲ့ပြီဖြစ်သည်။ တပ်မတော်သည် '' နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်'' ဟူသော အဓိဌာန်ကို လေးနက်စွာ ခံယူရင်း လမင်းကြီးပမာ ကမ္ဘာတည်သရွေ့ ရှိနေဦးမည်မှာ အမှန်ပင် ဖြစ်ပေတော့သည်။

ကျော်ကျော်ဇင်(ဖြူး)

No comments:

Post a Comment