Tuesday, January 14, 2014

ဒါဖတ်ပြီးမှ ပုဒ်မ ၁၈ ဖျက်ဖို့ပြောပါ

အခုတလော ပုဒ်မ ၅၉ နဲ့ ခေတ်ပြိုင် ရေပန်းစားနေတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ ဖျက်သိမ်းရေးပဲဖြစ်ပါတယ်။ဒါနဲ့ ပါတ်သတ်ပြီးတော့ ဖျက်ရမယ် ဖျက်သင့်တယ် ဆိုတဲ့ သူတွေ ရှိသလို ဘာမှ ၀င်မပြောပဲ ဖျက်ဖျက်ပြင်ပြင် ငါနဲ့ ဘာဆိုင်တာမှတ်လို့ ဆိုတဲ့ သူတွေလဲရှိပါတယ်။ ကျွန်တော်ကတော့ ကိုယ်နဲ့ ဘာဆိုင်တာမှတ်လို့ ဆိုပြီး မနေနိုင်တဲ့သူ မို့ ရေးပါရစေ ။ ပြောပါရစေ ။
ပုဒ်မ ၁၈ ရဲ့ ဖွဲ့ဆိုပုံက ဒီလို ရှိပါတယ်။
၁၈ ။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးသည် အယူခံလွှာကို လက်ခံရရှိသည့်အခါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြ၍ အတည်ပြုချက်ရယူပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး၏ အမိန့်ကို အတည်ပြုကြောင်း သို့မဟုတ် ပယ်ဖျက်ကြောင်း အဆုံးအဖြတ် ပေးရမည် လို့ ဆိုထားပါတယ်။ဒါဟာ အများသူငါ လိုချင်လှပါတယ်ဆိုတဲ့ ဒီမိုကရေစီရဲ့ Check & Balance သဘောတရားပါပဲ ။ ကိုယ်က အစိုးရ ကို ထိန်းညှိချင်တယ် ဆိုရင် ကိုယ့်ကို အစိုးရ ထိန်းညှိတာလည်း ခံနိုင်ရပါမယ်။ဒါကို ကိုယ်က မလိုက်နာနိုင်ဘူးဆိုရင်တော့ ဒီမိုကရေစီ ဆိုတဲ့ သဘောတရားနဲ့ သွေ ဖီနေမှာဖြစ်ပါတယ်။
ပုဒ်မ ၁၈ ပယ်ဖျက်လိုက်ပြီဆိုကြပါစို့ ။ ဆန္ဒပြချင်တဲ့ အခါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲ တပ်ဖွဲ့မှူးတွေ ဆီကို အယူခံလွှာလည်း တင်စရာမလိုတော့ ၊ ရဲတပ်ဖွဲ့က ခွင့်ပြုကြောင်း လည်း စောင့် စရာမလိုတော့ဘူး ဆိုရင် ဒါဟာ ဆူပူ အုံကြွမှုကို အလွယ်တကူ ဖြစ်စေမယ့်နည်းလမ်း ပဲ ။နိုင်ငံမှာ ရှိနေတဲ့ အဖျက်သမားတွေရဲ့ အကွက်ချမှုတွေနဲ့ လူအုပ်ကြီး ဖြစ်လာအောင် အလွယ်တ ကူ ဖန်တီးယူနိုင်မယ့် အခြေအနေရောက်သွားမှာပါ ။ လူတွေဟာ တစ်ဦးတည်းဖြစ်ဖြစ်၊ လူနည်းစု ပဲ ဖြစ်ဖြစ် စည်းရုံးလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ လူနည်းစုဖြစ် တဲ့အတွက် သတိအမြဲကပ်နေတတ် ပါတယ်။ လူအုပ်ကြီးများလာပြီ ဆိုရင် စိတ်ပညာသဘောအရ ပိုပြီး ရဲတင်းလာတယ်၊ အချုပ်ပြောရ ရင် ဥပဒေမဲ့ လုပ်ရပ်တွေကို အလွယ်တကူ လုပ်ဆောင်လာနိုင်တာ တွေ့ရှိနိုင်ပါတယ်။ ဒါက မြန် မာပြည်မှာသာမဟုတ်ဘူး၊ ကမ္ဘာအရပ်ရပ်မှာလည်း ဒီအတိုင်းပါပဲ။ လူအုပ်ကြီး များလာပြီ ဆိုရင် မကျေနပ်ချက်တွေ ရောနှော ဖောက်ခွဲပြီး အဖျက်လုပ်ငန်းတွေ၊ အကြမ်းဖက်တာတွေ လုပ်လာ ကြတာ တွေ့နိုင်ပါတယ်။ဥပမာ ကောင်းတစ်ခုအနေနဲ့ ၈၈ အရေးအခင်းကိုပဲ ကြည့်ပါ။

နောက်ထပ် ပြည်တွင်းမှာ ခေါင်းဝင်ပါရစေ ၊ ကိုယ်ဝင်ပါရစေ ဖြစ်နေတဲ့ လူလိမ် ဘင်္ဂလီတွေ ကို လည်း ထည့်စဉ်းစားဖို့လိုပါတယ်။ ပုဒ်မ ၁၈ မရှိတော့ဘူးဆိုရင် သူတို့ကလည်း ပြချင်တိုင်းပြမှာ ၊ ဆူပူချင်တိုင်း ဆူပူကြမှာ ၊အဲ့ဒီအခါ ဘယ်သူက ဘယ်လိုဖြေရှင်းကြမှာလဲ ။ဆူပူ အကြမ်းဖက်မှုတွေ ဟာ တမဟုတ်ချင်း ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် အဲ့ဒီ ပုဒ်မ ၁၈ ဟာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်မ လာဖို့ ၊ နိုင်ငံ နစ်နာမှုတွေ ထပ်မဖြစ်စေဖို့ တားမြစ်ထားတဲ့ စည်းတစ်ခု လို့ ကျွန်တော် မြင်ပါ တယ်။ အေးချမ်းစွာ နေထိုင်လိုသူတွေ အတွက် ဒါဟာ အကျိုးပြုပုဒ်မ တစ်ခုလို မြင်နိုင်သလို ၊ ဆူပူ အကြမ်း ဖက်လိုသူတွေ အတွက်တော့ အခက်တွေ့စေတဲ့ ပုဒ်မ တစ်ခုပါပဲ။

စည်းကမ်းမဲ့ ဆန္ဒထုတ်ဖော်မှုကြောင့် လမ်းများ ပိတ်ဆို့နေစဉ်
နောက်တစ်ခုက ပုဒ်မ ၁၈ မရှိတော့ဘူးဆိုရင် ဟိုနေရာလည်း ဆန္ဒပြ ဒီနေရာလည်း ဆန္ဒ ဖြစ်နေ ရင် ပြည်သူလူထုရဲ့ တည်ငြိမ်အေးချမ်းမှုကို အဟန့်အတား ဖြစ်စေမှာ ဖြစ်သလို ၊ လမ်းတွေ ပိတ် ယာဉ်တွေ ပိတ် ဖြစ်တဲ့အခါ ဘယ်သူတွေက တာဝန်ယူမှာလဲ ။ မင်းကို နိုင်လား ၊ ဦးဝင်းတင်လား ၊ ဒီချုပ်လား ။အဲ့ဒီအခါကြရင် အစိုးရကိုပဲ တရားဥပဒေ စိုးမိုးမှု မရှိလို့ပါဆိုပြီး ဝေဖန်ကြအုံး မယ်မ ဟုတ်လား ။ ရှိနေတဲ့ တရားဥပဒေ စိုးမိုးခြင်းကို ချုပ်ခြယ်တယ်လို့ ထင်နေတာ ဘယ်သူတွေလဲ ။ဒါကို ပယ်ဖျက်ဖို့ ကြိုးစားနေကြတာဘယ်သူတွေလဲ။ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို စည်းကမ်းနဲ့ မသုံးပဲ မင်းမဲ့စရိုက်ဆန်ဆန် သုံးချင်နေတာ ဘယ်သူတွေများဖြစ်မလဲ လို့ ကိုယ့်ကိုကိုယ့် မှန်ကြည့် ရဲရဲ့လား ။
နောက်တစ်ခု က အရင်ကဖြင့် တရားဥပဒေ စိုးမိုးမှု မရှိလို့ပါ .လို့ သံကုန်အော်နေတတ်တဲ့ ဒီချုပ်က ဒီကိစ္စ မှာ တရားဥပဒေ စိုးမိုးမှု ဆိုတဲ့ စကားလုံး ပွဲထုတ်တာ မတွေ့ရတာပါပဲ ။ ဒါဟာ ကောင်းတဲ့ နိမိတ် လား မကောင်းတဲ့ နိမိတ်လား ဆိုတာ စဉ်းစားစရာပါ ။ ဒါဟာ ထားသင့်တဲ့ ပုဒ်မလား မထား သင့် တဲ့ပုဒ်မလား ဆိုတာ ကမ္ဘာပတ်ဖူးတဲ့ ဒီချုပ်သိပါလိမ့်မယ် ။ ဒါကို သိသိနဲ့ ဖျက်ခိုင်းနေတယ် ဆိုရင် ဒီချုပ်က ဘယ်အရွေ့ကိုသွားချင်တာလဲ လို့ မေးရမှာ ဖြစ်ပါတယ်။ ဒီမို ကရေစီ လိုချင်တာ လား ၊ ၈၈ လို မင်းမဲ့စရိုက် တစ်ကြော့ပြန်စေချင်တာလား ၊ အစိုးရ ကို အခက်တွေ့စေပြီး တိုင်းပြည် နောင့်နှေးစေချင်တာလား ဆို တာ မေးကို မေးရတော့မှာပါ ။
အချုပ် အနေဖြင့် ဆိုရလျှင် ပုဒ်မ ၁၈ ရှိလျှင် ဘာဖြစ်လာမလဲ ၊ ပုဒ်မ ၁၈ မရှိရင် ဘာဖြစ်လာမလဲ ဆိုတာ ချိန်ထိုး စဉ်းစားကြည့်ဖို့ အကြံပေးချင်ပါတယ်။လူ ၂၀၀၀ လောက်နဲ့ ပြည်သူ့ ဆန္ဒ ပြည်သူ့သဘော လူထု သဘော ဆိုပြီး လွယ်လွယ်ပြောတိုင်း မယုံပါနဲ့ ။ ပုဒ်မ ၁၈ ပယ်ဖျက်လိုက် ရင် တန်းစီဝင်လာမယ့် ဆိုးကျိုးတွေကို တွေးတော ချိန်ဆကြပါအုံးလို့ပဲ နိုင်ငံရေးရာ ဆရာ့ ဆရာ ကြီး များကို အကြံပြုချင်ပါတယ်။

မောင်ဘ(တောင်ငူ)

No comments:

Post a Comment