Friday, January 3, 2014

ဆန္ဒပြစားရင် တရက်ကို ၈၀၀၀ ရတယ်

ဆန္ဒပြစားရင် တစ်ရက်ကို ၈၀၀၀ ဆိုတော့တစ်လ လောက် ပြ ရရင် ၂ သိန်း ၄ သောင်းရမယ် အဖမ်းခံရ ရင် မိသားစုထောက်ပံ့ ကြေးရမယ်
ထောင်က ပြန်လွတ်ရင် သူရဲကောင်းဖြစ်မယ် ထောင် ထဲ     မှာ ဟိုဆွဲ ဒီဆွဲလေးတွေ လျှောက် ဆွဲပြီးရောင်းရင် ဘယ်ပန်း ချီဆရာ မှ မရဖူး တဲ့ ကြေး ကြီးပန်းချီ
ကားတွေရမယ် ။ထောင်   ထဲမှာ ဟိုရေးဒီရေး ရေးခဲ့ပြီးတော့ စာအုပ် ထုတ်စားရင်မနက်ချင်း ၊  ညနေ
ချင်း(နေ့ချင်းညချင်းထက်မြန်တယ်) စာရေးဆရာဖြစ်မယ် ။ထောင်ထဲမှာဟိုရေးဒီရေးရေး ခဲ့ ပြီးတော့ ရင်နာနာသီချင်းလေးဆိုလိုက်ရင်
အဆိုတော်ကြီးလည်းဖြစ်နိုင်သေးတယ် ။ဟိုဆု ဒီဆု တွေများ နိုင်ငံခြား က ပေးရင် ပြောချင် ရာလျှောက်ပြောမျက်နှာဖြူကြီးတွေ က လက်ခုပ်တီးပေးကြဦးမယ် ...။

ဆရာဝန်ဖြစ်ဖို့ ၆ နှစ်လောက် ဆေးကျောင်းကိုလိမ်ပိန်တက်ရတယ် ..မိဘက စီးပွားရေးမကောင်း ရင် ရှိသမျှ အကုန်ရောင်းရနိုင်တယ် ..ဆရာဝန်ဖြစ်ပြန်တော့ အလုပ်ရဖို့ ရုန်းကန်ရသေးတယ် ။
အလုပ်ရပြန်တော့ လစာ ၂သိန်း၎ သောင်းရဖို့ နှစ်တွေများကြီးစောင့်ရသေးတယ် ။

အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ နည်းပညာကျောင်းတွေကို ၅ နှစ်လောက် ဖင်ဖြဲတက်ရတယ် ။ မိဘတွေ စီးပွားရေးမကောင်းရင် အိမ်တွေ ၊ ခြံတွေပါ ပေါင်ရနိုင်တယ် ။ အင်ဂျင်နီယာဖြစ်ပြန်တော့ လူပေါင်းများစွာကြားမှာ အလုပ်တစ်ခုရဖို့ ကျွဲလို နွားလိုရုန်းကန်ရသေးတယ် ။ အလုပ်ရပြန်တော့ လစာ ၂ သိန်း ၄ သောင်းရဖို့ နှစ်တွေ အများကြီးစောင့်ရသေးတယ် ။

စစ်ဗိုလ်ဖြစ်ဖို့ အနည်းဆုံး ၃ နှစ်လောက် နွားမောင်းသလို အမောင်းခံရတယ် ..စိတ်ဓာတ်မခိုင် ရင် စစ်ပြေးမှုနဲ့လည်း ထောင်ကျသွားနိုင်တယ်။ ထောင်ကထွက်လာရင် ဘာကျောင်းမှ တက်မရ ၊ မိသားစုအရှက်ရနဲ့ တစ်သက်လုံး အိမ်တွင်းပုန်းရနိုင်တယ် ။လစာ ၂ သိန်း ၄ သောင်းရ ဖို့ အနည်း ဆုံး ဒုတပ်ရင်းမှူးဖြစ်မှရမယ် ။ ဒုတပ်ရင်းမှူးဖြစ်ဖို့ အနည်းဆုံး စစ်တပ်ထဲမှာ ၁၇ နှစ် တာဝန် ထမ်းဆောင်မှ ဖြစ်မယ် ။ အဲဒီ ၁၇ နှစ်တွင်းမှာလည်း သေချင်လည်းသေသွားနိုင်တယ် ၊ ပြတ်ချင် လည်းပြတ်သွားနိုင်တယ် ၊ ကန်းချင်လည်းကန်သွားနိုင်တယ် ။ တစ်သက်တစ်ကျွန်းထောင်ဒဏ် လည်းကျသွားနိုင်တယ် ။

အပြင်ကုမ္ပဏီတစ်ခုမှ စာရင်းကိုင်တစ်ယောက်ဖြစ်ဖို့ အနည်းဆုံးတော့ ဘွဲ့ရဖြစ်ရသေးတယ် ။ ပြီးရင် LCCI level တွေအများကြီးတက်ရသေးတယ် ။ အလုပ်ရဖို့ ဟိုသူဌေးမျက်နှာ ကြည့်ရ ၊ ဒီသူဌေး မျက်နှာ ကြည့်ရလုပ်ရသေးတယ် ။ အလုပ်ရပြန်တော့ လစာ ၂ သိန်း ၄ သောင်းလောက်ရဖို့ အနည်း ဆုံး ၅ နှစ်လောက်စောင့်ရသေးတယ် ။

IT နည်းပညာသမားတစ်ယောက်ဖြစ်ဖို့ အနည်းဆုံး ၅ နှစ်လောက် ကျောင်းတက်ရသေးတယ် ။ ဆံပင်မွှေးဖြူအောင် ထိပ်ပြောင်အောင်စဉ်းစားရသေးတယ် ။ ဟိုသင်တန်း ဒီသင်တန်း အပြင်ကဖွင့် သမျှ သင်တန်းတွေလည်းတက်ရသေးတယ် ။ ထောက်ပံ့ပေးမဲ့ မိဘတွေ စီးပွားရေးမကောင်းရင် ငတ်တစ်လှည့် ပြတ်တစ်လှည့်လည်းဖြစ်သွားနိုင်တယ် ။ နည်းပညာသမားဖြစ်ပြန်တော့ အသစ် အသစ်တွေနောက်အမြဲလိုက်နေရသေးတယ် ။ ပြီးရင် အလုပ်ကရှာရသေးတယ် ။ မြန်မာပြည် လိုနေရာမျိုးမှာ လစာ ၂ သိန်း ၄ သောင်းရဖို့ အနည်းဆုံး ၅ နှစ်လောက် လုပ်သက်ရှိမှ ဖြစ်နိုင်တယ် ။
နောက်မျိုးဆက်လေးတွေ....ကိုယ့်ဘဝအနာဂါတ်တွက်လမ်းကြောင်းကောင်းကောင်း ရွေးချယ်နိုင်ဖို့ ပါ ။
စေတနာများစွာဖြင့် ဦးကြီး ...ရုပ်ဆိုး

From:ရုပ် ဆိုး

No comments:

Post a Comment