Tuesday, January 7, 2014

မြန်မာ အမျိုးသမီး အသင်း AFC အမျိုးသမီး အာရှဖလား ၂ဝ၁၄ အတွက် လေ့ကျင့်ခန်း စတင်တော့မည်

AFC Women’s Asia Cup 2014 ပြိုင်ပွဲ 
အတွက် မြန်မာ လက်ရွေးစင် အမျိုး
သမီး အသင်းသည် လာမည့် ဇန်နဝါရီ
 ဒုတိယပတ်တွင် လေ့ကျင့်မှု များ 
စတင်ပြု လုပ်တော့ မည်ဟု ဘော လုံး 
အဖွဲ့ချုပ်မှ သိရသည်။
”ဆီးဂိမ်း ပြီးသွားပြီ ဆိုပေမယ့် ဆု ပေးပွဲတွေ၊ ကစားသမားတွေ အိမ်ပြန် ရက်တွေ၊ နား

ရက်တွေ ပေးရဦးမယ်။ သူတို့လည်း ပင်ပန်းနေပြီ။ ဒါကြောင့် နောက်လ ဒုတိယ အပတ်လောက် မှ ပြိုင်ပွဲ အတွက် လေ့ကျင့်နိုင်ကြမှာပါ”ဟု ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လေ့ကျင့်ခန်း ပြုလုပ်ရာတွင် ပဏာမ လက်ရွေးစင် ၃ဝ ဦးဖြင့် လေ့ကျင့် သွားမည်ဖြစ်ကြောင်း နည်းပြ အဖြစ် လက်ရှိ အမျိုးသမီး လက်ရွေးစင် နည်းပြ ကုမာဒါက ဆက်လက် တာဝန် ယူကိုင်တွယ် မ ည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
”လက်ရှိ လက်ရွေးစင် အသင်း ကစားသမားတွေ နဲ့ ယူ-၁၉ ကစား သမားတွေ ပေါင်းပြီး လေ့ကျင့် မှု ပြု လုပ် သွားမှာပါ။ လက်ရွေးစင် မှာပါတဲ့ တချို့ ကစားသမားတွေ ထဲ မှာ အသက် ကြီးတဲ့ လူတွေ ရှိပါတယ်။ သူတို့ကိုတော့ လေ့ကျင့်ချင်ရင် ခေါ်ယူပေးသွားမှာ ပါ” ဟု ၄င်းက ဆက်လက်ပြောသည်။
AFC Women’s Asia Cup 2014 ပြိုင်ပွဲကို လာမည့် မေလ ၁၄ ရက်နေ့ မှ ၂၅ ရက်နေ့ အထိ ဗီယက် နမ် နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပ သွားမည် ဖြစ်ပြီး အာရှ နာမည်ကြီး အသင်းများ ပါဝင် ယှဉ်ပြိုင် ကြမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ အမျိုးသမီး လက်ရွေးစင် ဘောလုံး အသင်းသည် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းတွင် ကြေးတံဆိပ် ဆွတ်ခူးထား သည်။



No comments:

Post a Comment