Saturday, April 27, 2013

ဂျက်စတင်ဘီဘာ ရဲ့ ကားပေါ်မှာ ဆေးဝါးများနှင့် Stun gun တွေ့ရှိ

ဧပြီလ ၂၄ ရက်နေ့က ၁၉ နှစ်အရွယ်၊ ကနေဒါ ကမ္ဘာေ ကျာ် ပေါ့စတား ဂျက်စတင်ဘီဘာရဲ့ ခရီးသွား ကားပေါ်မှာ ဆေးဝါးများနှင့် StunGunတစ်လက်တွေ့ ရှိထားကြောင်း ဆွီဒင်ရဲအရာရှိက   ပြောကြား ပါ တယ်။သူ့ကားဟာ ဗုဒ္ဓဟူးနေ့ညပိုင်း မြို့တော်မှာ ဂီတဖျော်ဖြေရေးမလုပ်ခင် ဘီဘာနေထိုင်တဲ့ Stockholm ဟိုတယ်အပြင်မှာ ရပ်ထားတာဖြစ်ပါ တယ်။ဘီဘာအပါအ၀င် ခရီးသည် ၁၀ လောက် ကားပေါ်မတက်ခင်မှာ မူးယစ်ရဲအရာရှိများ နိုးနိုး ကြားကြားနဲ့ စစ်ဆေးခဲ့တာလို့ Mr Jyllander ကပြော ပါတယ်။   ဆေးဝါး အနည်း ငယ်နှင့် Stun Gun တစ်လက် တွေ့ခဲ့တယ်လို့ သူကဆက်လက်ရှင်းပြ ခဲ့ပါတယ်။
ခုတော့ ဆေးဝါးတွေကို မှု့ခင်းဆေးဝါးစစ်ဆေးရေး ဌာနသို့ပို့ထားပြီး တိကျတဲ့အဖြေရဖို့ စစ်ဆေးနေ ဆဲဖြစ်ပါတယ်။
Stun Gun ကတော့ သေးငယ်ပဲဖြစ်ပြီး အဲ့ဒီနိုင်ငံမှာ ကိုင်ဆောင်ဖို့အတွက် ပါမစ်တော့ လိုအပ် ပါတယ်၊ သူတို့မှာ ပါမစ်မရှိပါဘူး။
ဆေးဝါးတွေကတော့ ပျင်းထန်တဲ့မူးယစ်ဆေးဝါးမျိုးမဟုတ်ဘူးဆိုပေမယ့် တိကျတဲ့အဖြေရဖို့ ရက်အနည်း ငယ်ကြာဦးမှာဖြစ်ပါတယ်၊ ဘီဘာနှင့်သူ့အဖွဲ့ဝင်တွေကိုတော့ လွပ်လပ် စွာ  ပြည်ပ ထွက်ခွာခွင့်ပေး ထားပါတယ်လို့ Mr Jyllander က ဆက်လက်ရှင်းပြခဲ့ပါတယ်။
ဘီဘာဟာ ဥရောပတ၀ိုက်လှည့်လည်ခရီးသွားဖျော်ဖြေနေတာဖြစ်ပြီး သောကြာနေ့မှာ ဖင်လန်မှာ ဖျော်ဖြေ ရမှာဖြစ်ပါတယ်။
FROM-NaingLinn(ZinYawNews)

No comments:

Post a Comment