Saturday, April 27, 2013

ပြည်ပရောက် မြန်မာအချင်းချင်း ယုတ်မာကာ မုဒိန်းကျင့်ရန်ကြိုးစားပြီး လူသတ်ခဲ့

  ဟိုတလောက ဖေ့စ်ဘုတ်မှာ အမေပျောက်လို့ ရှာပုံတော်ဖွင့်တဲ့သဲသဲသော်ဆိုတဲ့ ကောင်မ
လေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ခုတော့ အဲဒီ့ကောင်မလေး အသတ်ခံရလို့ သေရှာပါပြီ။ ဒီနေ့မနက် ဖေ့စ်ဘုတ်ပေါ်မှာအဲဒီ့သ တင်းတွေ့ တော့ အမှုမဲ့အမှတ်မဲ့ပဲနေမိတယ်။ စောစောက ထိုင်းသတင်းစာတစ်စောင်မှ မြန်မာမိန်းကေ
လေး တစ်ယောက် အသတ်ခံရတယ်ဆိုပြီး သ တင်း ပါလာတော့    စိတ် ၀င်စားတာနဲ့ ထိုင်းလို ကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို အကူအ ညီတောင်းပြီးဘာသာပြန်ခိုင်းရတယ်။ ၁၃-၄-၂၀၁၃ (သင်္ကြန်အကြိုနေ့) တုန်းက အဲဒီ့ကောင်မလေးကဖေ့စ်ဘုတ်ပေါ်မှာရင်းနှီး တဲ့ကောင်လေးတစ်ယောက်(ဖေ့စ်ဘုတ် အကောင့်နာမည်နတ်သားလေးတဲ့)နဲ့ ချိန်းတွေ့ ပါသတဲ့။ချိန်းတွေ့ရင်း ကောင်မလေးကို သတ်ြ ဖတ်ပြီးပိုက်ဆံနဲ့ဖုန်း ကို ယူသွား ခဲ့တယ်လို့ သိရပါတယ်။   ကောင် မလေးအလောင်းကို သူ့အခန်းထဲ မှာအ၀တ်အစားမပါပဲ တွေ့တယ်ဆိုတော့အဓမ္မကျင့်ဖို့ကြံစည်ရင်းနဲ့အသတ်ခံလိုက်ရတာလည်း ဖြစ်နိုင် ပါတယ်။ ခုတော့ တရားခံကို ဆမူပါ ကန်မြို့ ဖမ်း မိပြီလို့ သိရပါတယ်။
 
တရားခံကလည်း မြန်မာလူမျိုးတစ်ယောက်ပါပဲ။ 
 ပြည်ပရောက်နေတဲ့ ကိုယ့်လူမျိုးအချင်းချင်း
 ယုတ်မာရဲတဲ့ စိတ်ဓာတ်ကို ရွံမိပါတယ်။ ဖေ့စ်
ဘုတ်ပေါ်ကမိန်းကလေးတွေအနေနဲ့လည်း ချက် တင် မှာ တွေ့တဲ့သူတိုင်းကို လွယ်လင့်တကူ မယုံ ကြည်သင့်ကြောင်းမမြင့်မြင့်အေး(ခ)သဲသဲသော် (ဖေ့စ်ဘုတ် အမည် Sky Queen) က အသက်နဲ့ လဲပြီး သက်သေပြသွားပါပြီ။ မနက်ဖြန် သင်္ဂြုလ် မယ် လို့ သိရပါ တယ်။ မမြင့်မြင့်အေး (ခ) မသဲသဲသော်တစ်ယောက် ကောင်းရာမွန်
ရာရောက်ပါစေကွယ်။

From: Moe Zay Nyein

No comments:

Post a Comment