Monday, April 22, 2013

နိုင်ငံတော်သမ္မတ ၏ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ချက်များအား လမ်းလျှောက်ထောက်ခံခဲ့ကြ


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်ချက် များကို ပြည်ထောင်စု ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖွဲ့ကဧပြီ(၂၁) ရက်နေ့၊ နံနက်(၈)နာရီတွင် လမ်းလျှောက် ဆန္ဒ ဖော် ထုတ်ပြီး ထောက်ခံ ခဲ့ကြကြောင်း သိရပါ သည်။ 
အဆိုပါ ပြည်ထောင်စု ငြိမ်းချမ်းရေး လှုပ်ရှားမှု အဖွဲ့သည်လူအင်အား(၆၀) ခန့် ရှိပြီး စမ်းချောင်း မြို့ နယ်၊ ရတနာပုံ ရုပ်ရှင်ရုံ ဟောင်း ရှေ့မှ ကမာရွတ်မြို့နယ်တံတားဖြူမှတ်တိုင် အထိ နိုင် ငံတော် သမ္မတ ကို ထောက်ခံ သည့် ဆိုင်းဘုတ် များကို ကိုင်ဆောင်ပြီး(၁)နာရီခွဲကြာအောင် လမ်းလျှောက် ခဲ့ကြကြောင်း သိရပါ သည်။ "သမ္မတ ကြီးရဲ့ လုပ်ဆောင် ချက်ကို ထောက်ခံပွဲ ပြုလုပ် ခြင်းက တခြား ရည်ရွယ်ချက် မရှိ ပါဘူး၊ နိုင်ငံတော် တည်ငြိမ် အေးချမ်း စေဖို့ မြစ်ဆုံ စီမံကိန်း ရပ်၊ စစ်ပွဲတွေ ရပ်တန့်ခိုင်း တဲ့ သမ္မတရဲ့ လုပ်ဆောင် ချက်ကို အသိ အမှတ် ပြုတဲ့ အနေနဲ့ လမ်းလျှောက် ဆန္ဒ ဖော် ထုတ်တာ ပါ၊ ကျွန်တော်တို့ ဒီလို လမ်းလျှောက် ရခြင်းဟာ လူတိုင်း  လူတိုင်းရဲ့ ရင်ထဲမှာ ငြိမ်းချမ်းရေး အမှန် တကယ် ရှိဖို့ အတွက် ရည် ရွယ် ပါတယ်”ဟု လမ်းလျှောက်ပွဲ ဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့ သည့် ပြည်ထောင် စုငြိမ်းချမ်းရေး လှုပ်ရှားမှု အဖွဲ့မှ ဦးမိုးကျော်သန့် က ပြောကြား ခဲ့ပါသည်။

No comments:

Post a Comment