Monday, April 29, 2013

အဆ ငါးဆယ် ဝန်းကျင် ဈေးတက်နေတဲ့ တန်ဘိုးနည်းဖုန်းကတ်

ဒီလိုလူတွေရှိနေသမျတော့..ပေးကားပေး၏မရဘဲ..တိုင်ပြည်ဒုက္ခရောက်အောင်..တကယ်လိုအပ်တဲ့ လူတွေ   တွက်ခက်ခဲအောင်လုပ်နေတာ..လူထု ထဲကလူတွေပါဘဲ..အမြင်ရှင်းရှင်းနဲ့မြင်အောင်ကြည့်ပါ..ကိုယ်တိုင်လဲအဲဒီထဲမပါအောင်ကြိုးစားစမ်းပါ... ရှက်တတ်စမ်းပါ          
 ယခု ခေတ် စားနေ သည့် ကျပ် ၁,၅၀၀ တန် ဖုန်းကတ် သည် တောင်ကြီးမြို့ ဖုန်းဈေးကွက် အတွင်းသို့ ထုတ်ဈေး ထက် အဆ ငါးဆယ်ခန့် ဈေး တက်ပြီး ရောက်လာ သည်။
မဲပေါက်သူ တချို့ ထံမှ လာသည်ဟု ယူဆရ သည့်  ကတ်တချို့က ဖုန်း အရောင်း ဆိုင်တွင် တကတ်  ကျပ်၇၀,၀၀၀အထိ ပေါက်ဈေး ဖြစ်နေ သည်။
“ကျွန်မတို့ကိုဖုန်းကတ်မဲပေါက်သူတွေကလာ
ရောင်းပေးတယ်…သူတို့ခေါ်ဈေးက ကျပ် ၈၀,၀၀၀ အထိရှိတယ်…၊ ကျွန်မတို့ လည်း ဆိုင်မှာပြန်ရောင်း ရအောင်လို့ကျပ်၆၅,၀၀၀ နှင့်ကောက်လိုက်တယ်၊
 ပြီးတော့ဆိုင်မှာ ကျပ် ၇၀,၀၀၀ နှင့်ပြန် လည်ရောင်း
ချပေးပါတယ်”ဟုဖုန်းနှင့် ဆက်စပ် ပစ္စည်း အရောင်း အ၀ယ် လုပ်သူ တဦးက ပြောဆိုသည်။
ဖုန်းကတ် ဈေးကစားရန်ရည်ရွယ်ချက်မရှိကြောင်း၊ လိုအပ်သူက ၇၀,၀၀၀ ပေးပြီး လာဝယ်လျှင် မိမိ
တို့ ရောင်းပေးလိုက်ကြောင်း၊ နောက်ပိုင်းလများတွင် ဈေးကျလာနိုင်ကြောင်း ဖုန်းအရောင်းဆိုင်တို့ က ပြော ဆို သည်။မဲနှိုက် သည့်နေ့က ရောက်လာသူတချို့မှာ တန်ဘိုးကြီးမားသည့် မော်တော် ယာဉ်မျာြး ဖင့် ရောက် လာကြ သည် ကို တွေ့ရကြောင်း၊ တတ်နိုင် သူတို့က ၀င်ငွေ နည်းပါး သူတို့နှင့် ယှဉ်ပြီး မဲနှိုက်ခြင်းမှာ သူ၏ အခွင့် အရေး ဖြစ်သော်လည်း ထိုလုပ်ရပ်ကို အံ့အား သင့်မိကြောင်း ယူဆသူ လည်း ရှိနေသည်။
ဖုန်း ကတ် အဆ လေးငါးဆယ်ခန့် ဈေးတက်ပြီး ပြင်ပတွင် အရောင်း အ၀ယ်ဖြစ် နေကြောင်းကို သတင်း ဂျာ နယ် များ၊ နေ့စဉ် ထုတ် သတင်း စာများတွင် လည်း ဖော်ပြထားကြသည်။
Ref & Credit to Khitmoe Daily Newspaper
From: Myanmar Mobile Application Store

No comments:

Post a Comment