Monday, April 22, 2013

၁၅ဝဝ တန် ဖုန်းငွေ ဖြည့်ကတ်များ မည်သည့် နေရာတွင် မဆိုဝယ်ယူနိုင်

ငွေကျပ် ၁၅ဝဝ တန် CDMA-800 MHz ဖုန်းဆင်းကတ်များကို တိုင်းဒေသ ကြီးများနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့အသီးသီး၏ စီစဉ်မှုဖြင့် ဧပြီ ၂၄ ရက်၌ ပထမ အသုတ်ရောင်းချ ပေးတော့ မည်ဖြစ်သည်။
၎င်းတန်ဖိုး နည်း CDMA-800 MHz ဖုန်းဆင်း ကတ်များ ဝယ်ယူနိုင်ရန် အတွက် လာရောက် လျှောက် ထားမှုများ သက် ဆိုင် ရာရပ်ကွက်များ အတွင်း များပြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းလ် တယ်လီဖုန်းများသည် လက်ရှိမိုဘိုင်းလ် တယ်လီ ဖုန်း ဈေးကွက် တွင် ရောင်း ချလျက်ရှိသော CDMA-800 MHz ငွေဖြည့်ကတ်များဖြင့် အသုံးပြု၍ မရဘဲ MECTel အမှတ်တံဆိပ် ပါ ငွေဖြည့်ကတ်များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ်အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခင် CDMA-800 MHz ငွေဖြည့်ကတ်များအား မည်သည့်နေရာတွင် မဆို  ဝယ်ယူ ထည့်သွင်းနိုင်ပြီး ယခု ၁၅ဝဝ တန် ငွေဖြည့် ကတ်ကိုမူ MEC- Tel အမှတ်တံဆိပ်ပါ တစ်မျိုးတည်း ထုတ် လုပ်ပြီး နေပြည်တော် ကောင်စီနယ်မြေတွင် ငါး ဆိုင်၊ ကချင်ပြည်နယ်တွင် သုံးဆိုင်၊ ကယားပြည်နယ် တွင် နှစ်ဆိုင်၊ ကရင်ပြည်နယ်တွင် သုံးဆိုင်၊ စစ်ကိုင်း တိုင်း ဒေသကြီးတွင် ငါးဆိုင်၊ တနင်္သာရီ တိုင်းဒေသကြီး တွင် နှစ်ဆိုင်၊ ပဲခူးတိုင်း ဒေသကြီးတွင်   ခုနစ်ဆိုင်၊ မကွေး တိုင်း ဒေသကြီးတွင်ငါးဆိုင်၊မန္တလေးတိုင်းဒေသကြီးတွင်၁ဝဆိုင်၊ မွန်ပြည်နယ်တွင် ခြောက်ဆိုင်၊ ရခိုင် ပြည် နယ် တွင် လေးဆိုင်၊ ရန်ကုန်တိုင်း ဒေ သကြီးတွင် ၁၂ ဆိုင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်  သုံးဆိုင်၊  ရှမ်းပြည်နယ် အရှေ့ ပိုင်း  တွင် သုံးဆိုင်၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် လေးဆိုင်၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ငါးဆိုင်နှင့် ၎င်းတို့၏ ဆိုင်ခွဲ များ တွင် ရောင်းချမည်ဖြစ်၍ ငွေဖြည့်ကတ်နှင့်ပတ်သက်၍ တန်ဖိုးနည်းဖုန်းဝယ်ယူ မည့် ပြည်သူများ အတွင်း စိုးရိမ် မှုများ ရှိနေကြကြောင်း သိရသည်။
အဆိုပါအခြေအနေနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းလ် ဆက်သွယ်ရေးဌာန  အင်ဂျင်နီယာချုပ် ဦးဌေးဝင်းအား မေးမြန်းရာ ''၂၄ ရက်နေ့မှာ ရောင်းတဲ့ ငွေကျပ် ၁၅ဝဝ တန်ဖုန်းငွေ ဖြည့် ကတ်တွေ ဟာလည်း ယခင် ဖုန်းတွေလိုပါပဲ။ ဘယ်နေရာမှာ မဆို ဝယ်ယူနိုင်ပါတယ်။ ဘယ်ပြည်နယ်မှာ ဘယ်နှစ်ဆိုင်ဆိုတာက လက်ကား ဆိုင်တွေကို ဆိုလိုတာပါ၊ သူတို့ရဲ့ဆိုင်ခွဲ တွေလည်းအများကြီး ရှိပါ တယ်။ အရင် ငွေဖြည့်ကတ်တွေ လိုပါပဲ။  ဘယ်မှာ ဝယ်ဝယ်ရပါတယ်''  ဟု   ပြန်လည်ဖြေ ကြားခဲ့ သည်။
From...မြ၀တီ

No comments:

Post a Comment