Saturday, April 27, 2013

အမျိုးသားတို့ စားသင့်သောအစားအသောက် - (၁၀) မျိုး

အမျိုးသားတွေ အနေနဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာရေးကောင်းနေဖို့အတွက် အမျှင်ဓာတ်များ စွာ ပါဝင်ပြီး အဆီနည်းတဲ့ အစာတွေကို များများစားသင့်ပေမယ့် အဆင်သင့်အစာတွေကို ပဲ ဖြစ်သ လိုစားကြတာ များပါတယ်။ အစားအသောက်ရွေးချယ်မှု မှားယွင်းတဲ့အတွက် အဝလွန်တာ ၊နှလုံးရော  ဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။

၁။ ငှက်ပျောသီး

အခွံခွာထားတဲ့ ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ်များစွာ ပါဝင်တာကြောင့် ကြွက် သား ကြွက် တက်တာ မဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ ငှက်ပျောသီး ကိုစားရင် အဆစ်နဲ့ ကြွက်သားတွေကို နာကျင်မှုကင်းစေပါတယ်။ အကြောင်းကတော့ ငှက်ပျော သီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင် ပါဝင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ် များစွာ ပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို လျော့ကျစေပါတယ်။ ဒါ့အပြင် မဂ္ဂနီစီယမ် ပါဝင်တာကြောင့် လေဖြတ်ဝေဒနာကို လျော့ကျစေပါတယ်။

၂။ ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အသင့်တော်ဆုံး နံနက်စာက ဂျုံမှုန့်အကြမ်းနဲ့ လုပ်ထားတဲ့ မုန့် (Oatmeal Snack) နဲ့ ကွေကာ(Oatmeal Cereal) တို့ပဲဖြစ်ပါတယ်။ ဒီအစားအသောက်တွေကို မုန့်ပုံးတွေ၊ အဆင်သင့်စီမံထားတဲ့ ကွေကာအုတ်တွေအနေနဲ့ City Mart ဆိုင်ကြီးတွေမှာ ရနိုင်ပါတယ်။ ဂျုံမှုန့်အကြမ်းပါတဲ့ နံနက်စာ တစ်ကြိမ်စားရင် အမျှင်ဓာတ်များများပါဝင်ပြီး ဗိုက်ပြည့်စေ ကာ သွေးတွင်း သကြားဓာတ်ဟန်ချက် ညီနေပါလိမ့်မယ်။ ဒါပေမဲ့ သွေးတွင်း ကိုလက်စထရော အဆီလျော့ကျ ပါလိမ့်မယ်။ ဂျုံမှုန့်အကြမ်းတွေမှာ ခုခံအားစနစ် ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှုကို တွန်းလှန်ပေးမယ့်ဗီတာမင်ဘီအုပ်စုနဲ့ အင်တီအောက်ဆီးဒင့် ပေါများစွာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ပေါများစွာ ပါဝင်ပါတယ်။

၃။ ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေများစွာ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးမှာ အရောင်ပြာစေတဲ့ အန်သိုဆိုင်ယာနင်ဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ခန္ဓာကိုယ်အနှံ့ရှိ ဖရီးရယ်ဒီကယ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် အိုမင်းမှုနဲ့ တစ်သျှူးထိခိုက်မှုတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၎။ ခရမ်းချဉ်သီး


ခရမ်းချဉ်သီးက ဆီးကျိတ် ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ အကြောင်းကတော့ အင်တီအောက်ဆီးဒင့်လိုင်ကိုပင်း ပါဝင်လို့ပါ။ အစွမ်းထက် ကာရိုတီးနွိုက် ပါဝင်တာကြောင့် ခရမ်းချဉ်သီးအရောင် နီမြန်းရတာ ဖြစ်ပြီး အမျိုးသားတစ်ဦးရဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ကို လျော့ကျစေတဲ့ အစွမ်းရှိပါတယ်။ အထိရောက်ဆုံး အာနိသင်ရဖို့အတွက်မစားခင်မှာ ခရမ်းချဉ်သီးကို ချက်ပြီးစားသင့်ပါတယ်။ ချက်ပြီးသား ခရမ်းချဉ်သီးဟင်းမှာပါတဲ့ လိုင်ကိုပင်းကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်ပါတယ်။

၅။ သံလွင်ဆီ

တစ်နေ့မှာ သံလွင်ဆီ ထမင်းစားဇွန်းနှစ်ဇွန်းစားပေးရင် ကိုယ်အလေးချိန်ကို လျော့ကျစေ ကာစိတ် ခံစားမှု ကောင်းစေပြီးရောဂါဝေဒနာဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီကကောင်းတဲ့ အဆီဖြစ်ပြီး မပြည့်ဝဆီ ဖြစ်တာကြောင့် ကာရိုတီးနွိုက်နဲ့ ဗီတာမင်အီးတွေလို အင်တီအောက် ဆီးဒင့်ပါဝင်ပါတယ်။ ဒါကြောင့်သံလွင်ဆီကို စားရင်သွေးဖိအားကို လျော့ကျစေပြီး ကင်ဆာရောဂါ ကြီးထွားမှုကို လျော့ကျစေကာ ရင်ကျပ်ပန်းနာနဲ့ အဆစ်ရောင်နာရဲ့ ပြင်းထန်မှုကို လျော့ နည်းစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို လျော့ကျစေမယ့် ရောင်ရမ်းမှု ကျစေတဲ့ အာနိသင် ရှိတာကြောင့်ပါ။

၆။ သီဟိုဠ်စေ့

သီဟိုဠ်စေ့မှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဗီတာမင်အီးတို့ ပါဝင် တာကြောင့် ဆီးကျိတ်ကိုကာကွယ်ပေးနိုင်ပါတယ်။ သီဟိုဠ်စေ့မှာ အပင်ထွက် အိုမီဂါ ၃ ဖက်တီး အက်စစ် ကောင်းမွန်စွာ ပါဝင်ပါတယ်။ လေ့လာမှုအရ သီဟိုဠ်စေ့စားတဲ့ ကျန်းမာနေတဲ့ သူကကောင်း တဲ့ ကိုလက်စထရော ပမာဏ မြင့်တက်နေပြီး မကောင်းတဲ့ကိုလက်စထရော လျော့ ကျနေတာကြောင့် နှလုံးသွေးကြောရောဂါ အန္တရာယ်ကို လျော့နည်းစေပါတယ်။

၇။ ပန်းဂေါ်ဖီစိမ်း

နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေဟာ အသက် ၃၅နှစ်ကျော်တဲ့ အမျိုးသားတွေမှာအဖြစ်များဆုံး ကျန်းမာရေးအန္တရာယ်တွေ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ခုခံအားစနစ်ကို တိုးမြင့်စေတဲ့ ဗီတာ မင်အေ၊ စီနဲ့ အီးတို့ ပါဝင်ပါတယ်။ ဒါကြောင့် သွေးဖိအားကို ကောင်းမွန်စေပါတယ်။ ပန်းဂေါ်ဖီစိမ်းကို စားတာကြောင့် ခန္ဓာကိုယ်ထဲကဟိုမိုစစ်စတင်း အဆင့်ကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဟိုမိုစစ်စတင်း အဆင့်များရင် နှလုံးရောဂါ၊လေဖြတ်ဝေဒနာနဲ့ နှလုံးနဲ့  ဆက်စပ်နေ တဲ့ တခြားကျန်းမာရေး ပြဿနာတွေရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ အမျိုးသားတွေအနေနဲ့ ကင်ဆာရောဂါ ကင်းစေဖို့အတွက်သံဓာတ်၊ ကယ်လ်စီယမ်၊အမျှင်ဓာတ်၊ ဘီတာကယ်ရိုတင်းနဲ့ ဆာဖိုရာဖိန်းတွေ များစွာပါဝင်တဲ့ အစာတွေကို စားပေးသင့်ပါတယ်။

၈။ အဆီများသော ငါး

အဆီများတဲ့ ငါးတွေမှာ ကျန်းမာရေးအာနိသင် များများ ရှိပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ ဆာဒင်းငါးတွေမှာအိုမီဂါ၃ဖက်တီးအက်စစ် ပေါများစွာပါဝင်ပြီး နှလုံးရောဂါ  ဖြစ်နိုင်ခြေကို လျော့ ကျစေပါတယ်။ ထရစ်ပတိုဖန် ပါဝင်တာကြောင့်တစ်နေ့လုံး စိတ်တည်ငြိမ် အေးချမ်းပြီး တက်ကြွ ကာ အိပ်ရေးဝဝ အိပ်မောကျစေပါတယ်။

၉။ ပဲမည်း

ပဲမည်းမှာ ဆိုဒီယမ်၊ အဆီ၊ကိုလက်စထရောတို့ ပါဝင်မှုနည်းတဲ့ ပရိုတင်းပုံစံပါဝင်ပြီး အမျှင်ဓာတ် များ စွာ ပါဝင်ပါတယ်။ဒါကြောင့် ပဲမည်းကို စားပေးတဲ့အခါမှာ တစ်နေ့လုံး စွမ်းအင်တိုးစေပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေပါတယ်။ လေ့လာမှုအရ ပဲကပိုမည်းလေလေ အင်တီအောက်ဆီးဒင့် ပါဝင်မှုများလေလေဖြစ်တာကြောင့် ကင်ဆာနဲ့နှလုံးရောဂါတို့ မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

၁ဝ။ လက်ဖက်စိမ်း လက်ဖက်ရည်

သင့်ခင်ပွန်းကို လက်ဖက်စိမ်း လက်ဖက်ရည် တစ်နေ့တစ်ခွက် တိုက်ပါ။ လက်ဖက်စိမ်း လက်ဖက် ရည် မှာ အင်တီအောက်ဆီးဒင့် ကက်တီချင် ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေရဲ့ လှုပ်ရှားမှုကို တားဆီးပေးပြီး ခုခံအားစနစ်ကိုကောင်းစေတဲ့အင်ဇိုင်းတွေ ထုတ်လုပ်မှုကို ကောင်း မွန်အောင် လှုံ့ဆော်ပေးပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာပါတဲ့ ကတ်တီချင်က တခြား လက်ဖက် ရည်တွေမှာပါတဲ့ ပမာဏထက် ပိုများတာကြောင့် ကင်ဆာကာကွယ်ရေးမှာ ပိုအစွမ်းထက်ပါတယ်။

FROM-Good Health

No comments:

Post a Comment