Wednesday, April 24, 2013

ကမ္ဘာ့အသိဥာဏ် ပစ္စည်းမူပိုင်ခွင့်နေ့ ပထမဆုံးအကြိမ် ကျင်းပမည်

Tuesday, April 23, 2013
ကမ္ဘာ့အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်နေ့ကို မြန်မာနိုင်ငံ တွင်ပထမဦးဆုံး အကြိမ်ကျင်းပပြုလုပ် သွား မည်ဖြစ်ကြောင်းသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကသိရှိရသည်။အဆိုပါနေ့ကို(၁၉၉၉)ခုနှစ်  အောက် တို ဘာလတွင် WIPO (World Intellectual PropertyOrganization)ကဧပြီလ(၂၆)ရက်နေ့ကို ရွေးချယ်
သတ်မှတ်ခဲ့ပြီး (၂၀၀၀)ခုနှစ်တွင် စတင်ကျင်း ပခဲ့ ကြောင်း သိရှိရသည်။
"ကမ္ဘာမှာဒီလိုနေ့ကျင်းပခဲ့တာ ဆယ်စုနှစ်တစ်ခုတောင်ကျော်သွားပြီ၊ ဒီမှာလည်း ပြီးခဲ့တဲ့ ငါးနှစ်လောက်က ဥပဒေ ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အဖွဲ့အစည်းလိုက် အထိမ်းအမှတ်ပွဲတွေ လုပ်တာတော့ရှိတယ်။ အစိုးရ အနေနဲ့တော့ ဒီနှစ်မှ စလုပ်ဖြစ်တာပါ"ဟု သိပ္ပံနှင့်နည်းပညာ ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

အဆိုပါနေ့ကို အထိမ်းအမှတ်နေ့အဖြစ် မကျင်းပဘဲ ဆွေးနွေးပွဲအနေဖြင့် ကျင်းပသွား မည်ဖြစ်ကြောင်း ၊ ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာ့ သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနတွင် ကျင်းပရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက သိရှိရသည်။
"ဒီပွဲကို အထိမ်းအမှတ်ပွဲပုံစံမဟုတ်ဘဲ ဆွေးနွေးပွဲပုံစံနဲ့ ကျင်းပသွားမှာပါ။ မူပိုင်ခွင့် ဥပဒေဆိုတာ အား လုံးနဲ့ ဆိုင်တယ် တီထွင်တဲ့ သူတွေ ပြည်သူတွေ ရဲ့ ရပိုင်ခွင့်တွေ ၊ခံစားပိုင်ခွင့်တွေနဲ့ ပါတ်သတ် လို့ နားလည် သွားစေချင်တယ်"ဟု သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ထိုကျင်းပပြုလုပ်မည့် ကမ္ဘာ့အသိဥာဏ် ပစ္စည်းမူပိုင်ခွင့်နေ့တွင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန အပြင် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ၊ IT နည်းပညာ ဆိုင်ရာ ပညာရှင်များ ပါဝင်ဆွေးနွေးကြ မည်ဖြစ်ကြောင်း သိရှိရသည်။

"ပြည်ပရင်းနှီးမြုပ်နှံမှုတွေဝင်လာရင် မူပိုင်ခွင့် ဥပဒေဆိုတာတော့ ပြကိုပြဌာန်းရ မှာ၊အဲဒီ ဥပဒေတွေ ရှိလာ ရင် နည်းပညာခွေတွေကို အခုလို လွယ်လွယ်ကူကူ မရနိုင်တော့ ဘူး၊ ကောင်းတာ ကတော့ Software တစ်ခုရေး နိုင်ရင် အဲဒီအတွက် ကာကွယ်မှု နဲ့ ရပိုင်ခွင့်တွေရှိလာနိုင် မယ်။ပြည် သူတွေ အနေနဲ့ အဲဒီအသိဥာဏ် တွေရှိထားရင် ပိုကောင်းမယ်ထင်တယ်"ဟု ပရိုဂရမ်ရေးဆွဲ သူ ပညာရှင်တစ်ဦးက ဆိုသည်။

အဆိုပါနေ့အထိမ်းအမှတ်ပွဲကို မြန်မာနိုင်ငံမှ‘တီထွင်ဖန်တီးမှုသော့ချက်မျိုးဆက်သစ်တို့ရဲ့အသက်’  ဟု နိုင်ငံတကာဆောင်ပုဒ် (CREATIVITY –the next generation)ကို အကြမ်းမျဉ်းဘာသာပြန် ထားကြောင်း၊ လူတိုင်း တီထွင် ဖန်တီးမှုကို စိတ်ဝင်စား လာစေရန်နှင့် ကျောင်းနေ အရွယ်မှ လုပ်ငန်းခွင်ဝင်ရောက်ချိန်အထိ ကြံဆသွားနိုင်ရန်နှင့် အသိဥာဏ်တိုးပွားသွားစေရန် အတွက် ဟောပြောပွဲများ၊ ပြိုင်ပွဲများကိုလည်း ထည့်သွင်းရခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment