Wednesday, April 24, 2013

မြို့ပေါ်၌ တာဝါတိုင်(၃)တိုင်တည်ထောင်၍ ပေါင်းတည်ဒေသခံများ ဆန္ဒထုတ်ဖော်

မြို့ပေါ်၌ တာဝါတိုင်(၃)တိုင်တည်ထောင်၍ ပေါင်းတည်ဒေသခံများ ဆန္ဒထုတ်ဖော်

အေပြီ ၂၄ ရက် ၂၀၁၃

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ ဂတ်စ်တာဘိုင်မှ ရန်ကုန်တိုင်းဒေသကြီး မြောင်းတကာသို့ ပို့လွှတ်သော မဟာဓါတ်အားလိုင်းဖြတ်သန်းသွားရာ ပြည်ခရိုင်ပေါင်းတည်မြို့တွင် စီမံကိန်းလမ်းကြောင်းပြောင်း၍ မြို့ပေါ် ရပ်ကွက်၌ တာဝါတိုင်ထောင်ခြင်းကြောင့် ဒေသခံ (၂၀၀)၀န်းကျင်က ဆန္ဒပြမှုတစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ကျေးရွာရပ်ကွက်တွင် တာဝါတိုင်ထောင်မည်ဟု ဆိုထားသော်လည်း မြို့ပေါ်ရပ်ကွက်များ၌ပါ  တာဝါတိုင်ထောင်ထားခြင်းကြောင့် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရပါက အသက်အန္တရာယ် ရှိနိုင်စေမည်စိုး၍ ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြသူတို့ကဆိုသည်။ 

“အဲ့ဒီ ရွှေတောင်မဟာဓါတ်လိုင်းဖြတ်သွားမယ့် မူလလမ်းကြောင်းနဲ့ မီတာ(၁၅၀)လောက် ပြောင်းသွားတယ်။ ကျွန်တော်တို့က မေးတော့ နိုင်ငံတော် ဘတ်ဂျက်ကို နည်းနိုင်သမျှ နည်းအောင် လုပ်ရလို့ အခုလို လမ်းကြောင်းပြောင်းရတာလို့ ပြောတယ်။ ပြီးတော့ သူတို့က သဘာဝဘေးအန္တရယ်အတွက် လုံးဝ အာမ မခံဘူး။ ”  ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။

မဟာဓါတ်အားလိုင်းတည်ဆောက်ရေးစီမံကိန်းတည်ဆောက်ရေးလမ်းကြောင်းမှားယွင်းခြင်းနှင့် ၂၀၁၃နှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ထုတ်ပြန်သည့်ရင်းနှီးမြုပ်နှံမှုဥပဒေတွင် လူနေအိမ်ထူတပ်သောနေရာများ၌ လျှပ်စစ်တာဝါတိုင်များ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ တည်ဆောက် သွယ်တန်းခြင်းမပြုရဆိုသည့်အချက်နှင့် လွဲမှားနေခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ကိုလည်း ၄င်းကဆက်ပြောသည်။

ရွှေတောင် မြောင်းတကာ မဟာဓါတ်အားလိုင်း စီမံကိန်းမှာ ပေါင်းတည်မြို့ရှိ (၄၄)လမ်းပေါ်မှ ဖြတ်သန်းသွားပြီး တာဝါတိုင် (၃)တိုင်တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါ မြို့တွင် လူဦးရေ (၆)သောင်း ၀န်းကျင်ရှိသည်။

၄၄ လမ်း၏ တစ်ဝက်မှာ ဘွဲ့ပင်ခံရပ်ကွက်ရက်ကွတ်အတွင်း ပါရှိပြီး ကျန်တစ်ဝက်မှာ အုန်းတုံးပင်ကျေးရွာ ပါဝင်ကြောင်း သိရသည်။

 မူလ လေ့လာတွက်ချက်ထားသည့် စီမံကိန်းလမ်းကြောင်းမှာ အုန်းတုံးပင်ကျေးရွာဘက်ခြမ်းတွင် ကျရောက် သည်ဟု၍လည်း ဒေသခံတို့က ဆိုသည်။

“ကျွန်တော့် တစ်သက် အတွေ့အကြုံအရဆို အခု ဒီမဟာဓါတ်အားပေးလိုင်းမှာ တည်ဆောက်ထားတဲ့ တာဝါတိုင်တွေကို တော်တော်လေး safty ဖြစ်အောင် လုပ်ပေးထားတာပါ။ လျှပ်စစ်ဓါတ်အား လုံလောက်မှုက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကိုလဲ အထောက်အကူ ပြုနိုင်တယ်လေ။ ကျွန်တော်တို့ အနေနဲ့က နိုင်ငံတော် ဖွံ့ဖျြုးတိုးတတ်ဖို့ကို ကြည့်စေချင်တယ်။” ဟု ပေါင်းတည်မြို့ အထောက်အကူပြု အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ စီမံကိန်းမဟာဓါတ်အားလိုင်းကို မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်း (M.E.P.E)က တာဝန် ယူ အကောင်အထည်ဖော် လုပ်ဆောင်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့မှ သဲကုန်းမြို့၊ ပေါင်းတည်မြို့၊ ဇီးကုန်းမြို့၊ မင်းလှမြို့၊ သာယာဝတီမြို့ စသည့်မြို့များကို ဖြတ်သန်းကာ ရန်ကုန်တိုင်း မှော်ဘီ မြောင်းတကာသို့  ဗို့အား ၂သိန်း ၃သောင်း ပို့လွှတ်မည်ဟု ပေါင်းတည်မြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

 Myit Makha Mediagroup
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ ဂတ်စ်တာဘိုင်မှ ရန်ကုန်တိုင်းဒေ  သ ကြီး မြောင်းတကာသို့ ပို့လွှတ်သော မဟာဓါတ်အားလိုင်းဖြတ်သန်းသွား ရာ ပြည်ခရိုင်ပေါင်းတည်မြို့တွင် စီမံကိန်းလမ်းကြောင်းပြောင်း၍ မြို့ပေါ် ရပ် ကွက်၌ တာဝါတိုင်ထောင်ခြင်းကြောင့် ဒေသခံ (၂၀၀)၀န်းကျင် က ဆန္ဒပြမှုတစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကျေးရွာရပ်ကွက်တွင် တာဝါတိုင်ထောင်မည်ဟု ဆိုထားသော်လည်း မြို့ပေါ်ရပ် ကွက်များ၌ပါတာဝါတိုင်ထောင်ထားခြင်းကြောင့်သဘာဝဘေးအန္တရာယ်နှင့်ကြုံေ
တွ့  ရပါက အသက်အန္တရာယ် ရှိနိုင်စေ မည်စိုး ၍ ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြသူတို့ကဆိုသည်။
“အဲ့ဒီ ရွှေတောင်မဟာဓါတ်လိုင်းဖြတ်သွားမယ့် မူလလမ်းကြောင်းနဲ့ မီတာ(၁၅၀)လောက် ပြောင်းသွားတယ်။ ကျွန်တော်တို့က မေးတော့ နိုင်ငံတော် ဘတ်ဂျက်ကို နည်းနိုင်သမျှ နည်းအောင် လုပ်ရလို့ အခုလို လမ်းကြောင်းပြောင်းရတာလို့ ပြောတယ်။ ပြီးတော့ သူတို့က သဘာဝဘေးအန္တရယ်အတွက် လုံးဝ အာမ မခံဘူး။ ” ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။
မဟာဓါတ်အားလိုင်းတည်ဆောက်ရေးစီမံကိန်းတည်ဆောက်ရေးလမ်းကြောင်းမှားယွင်းခြင်းနှင့် ၂၀၁၃နှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင်ထုတ်ပြန်သည့်ရင်းနှီးမြုပ်နှံမှုဥပဒေတွင် လူနေအိမ် ထူတပ်သောနေ ရာများ၌လျှပ်စစ်တာဝါတိုင်များ၊ဆက်သွယ်ရေးတာဝါတိုင်များ၊သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ တည်ဆောက် သွယ်တန်းခြင်းမပြုရဆိုသည့်အချက်နှင့် လွဲမှားနေခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒ  ထုတ်ဖော်ခြင်း ဖြစ်ကြောင်း ကိုလည်း ၄င်းကဆက်ပြောသည်။
ရွှေတောင် မြောင်းတကာ မဟာဓါတ်အားလိုင်း စီမံကိန်းမှာ ပေါင်းတည်မြို့ရှိ (၄၄)လမ်းပေါ် မှ ဖြတ်သန်း သွားပြီး တာဝါတိုင် (၃)တိုင်တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါ မြို့တွင် လူဦးရေ (၆)သောင်း ၀န်းကျင်ရှိသည်။
၄၄ လမ်း၏ တစ်ဝက်မှာ ဘွဲ့ပင်ခံရပ်ကွက်ရက်ကွတ်အတွင်း ပါရှိပြီး ကျန်တစ်ဝက်မှာ အုန်းတုံးပင်ကျေးရွာ ပါဝင်ကြောင်း သိရသည်။
မူလ လေ့လာတွက်ချက်ထားသည့် စီမံကိန်းလမ်းကြောင်းမှာ အုန်းတုံးပင်ကျေးရွာဘက်ခြမ်းတွင် ကျရောက် သည်ဟု၍လည်း ဒေသခံတို့က ဆိုသည်။
“ကျွန်တော့် တစ်သက် အတွေ့အကြုံအရဆို အခု ဒီမဟာဓါတ်အားပေးလိုင်းမှာ တည်ဆောက်ထားတဲ့ တာဝါ တိုင်တွေကို တော်တော်လေး safty ဖြစ်အောင် လုပ်ပေးထားတာပါ။ လျှပ်စစ်ဓါတ်အား လုံလောက်မှု က နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကိုလဲ အထောက်အကူ ပြုနိုင်တယ်လေ။ ကျွန်တော်တို့ အနေနဲ့ က နိုင် ငံတော် ဖွံ့ဖျြုးတိုးတတ်ဖို့ကို ကြည့်စေချင်တယ်။” ဟု ပေါင်းတည်မြို့ အထောက်အကူပြု အဖွဲ့ဝင် တစ်ဦး က ပြောသည်။
အဆိုပါစီမံကိန်းမဟာဓါတ်အားလိုင်းကို မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်း(M.E.P.E)ကတာဝန် ယူ အကောင်  အထည်ဖော် လုပ်ဆောင်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့မှ သဲကုန်းမြို့ ၊ ပေါင်းတည်မြို့၊ ဇီးကုန်းမြို့၊မင်းလှမြို့၊သာယာဝတီမြို့စသည့်မြို့များကို ဖြတ်သန်းကာ ရန်ကုန်တိုင်း မှော်ဘီ မြောင်း တကာ သို့ ဗို့အား ၂သိန်း ၃သောင်း ပို့လွှတ်မည်ဟု ပေါင်းတည်မြို့ လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

Myit Makha Mediagroup

No comments:

Post a Comment