Monday, April 29, 2013

မြန်မာနိုင်ငံ အနာဂတ်မှာ ဆရာဝန် နဲ့ စစ်သားမရှိပဲ လျောက်လှမ်းနိုင်ပြီလား..


ဖွဘုတ်ကြီးပေါ်မှာ ပြည်သူ တွေအထင်လွဲခံရဆုံးကတော့စစ်သားနဲ့ဆရာဝန် ထင်မယ် ဆရာဝန်တွေ က ပြည်သူတွေကိုကြင်ကြင်နာနာ ဆေးကုပေးတယ်ဒါပေမဲ့တစ်ယောက်သောဆရာဝန် မကောင်း မှု့ကြောင့် ဂျာနယ်တွေက အစဆရာဝန်တွေက ဘယ်လို ဘယ်လိုဆိုပြီး ဝေဖန်ကြ တယ် လေ ကန်ကြတယ်ပေါ့....ဒါပေမဲ့ အဖြစ်က (တစ်ယောက်သော ဆရာဝန် ကြောင့်ပါ)
ကဲ စစ်သားတွေကို ကြည့်ရအောင် သူတို့လည်း အတူတူပဲခုကြည့် ဘယ်နေရာမှာ ပြည်သူတွေ ဒုက္ခရောက်ရောက် ဘယ်သူကူညီတာလဲပြည်သူတွေ ခု ရေလို အပ်တဲ့နေရာတွေ ဘယ်သူကူညီ တာလဲမိတ္တီလာမှာပဲ ဖြစ်ဖြစ်ဘယ်နေရာမှာပဲမီးလောင်လောင်ဘယ်ဒေသမှာပဲဒုက္ခဖြစ်ဖြစ် စစ်သား မကူညီတာတစ်ခုမှမရှိဘူး(တစ်ချို့ဆိုတိုက်ပွဲမှာ အသက်စွန့်ရတယ် )ဒါပေမဲ့ တစ်ချို့သော စစ်သား မကောင်းမှု့ကြောင့်(သို့)ဟိုအရင်ကလုပ်ခဲ့တဲ့လုပ်ရပ်တွေ ပြောရမယ်ဆိုရင်ဦးသန်းရွှေ ဦးနေ၀င်းေ ပါ့အနည်းငယ်ကြောင့် ခု အချိန်ထိ မျက်မှန်စိမ်းတပ်ပြီး ကြည့်ခံရတယ်

ဒါဆိုရင် မေးမယ် မြန်မာနိုင်ငံမှာ စစ်သားနဲ့ ဆရာဝန် မပါပဲ အနာဂတ်ကိုလျောက်လှမ်းနိုင် ပြီလား ........ခဏခဏ ပြောနေကြ စကားလေးပါပဲ တစ်ဦး တစ်ယောက် မကောင်းလို့ဆရာဝန် တွေက ဘယ်လို ဘယ်ပုံလို့ ပြောရင် တစ်ကယ် စေတနာထားပြီးဆေးကုပေးနေတဲ့ ဆရာဝန်တွေက စိတ်တိုကြတယ် (စိတ်မကောင်းဖြစ်မယ်ကပိုမှန်မယ်)တစ်ယောက်မကောင်းလို့ စစ်သားတွေ ကို ပြောမယ်ဆိုရင်အသက်ပေးသွားကြတဲ့ စစ်သားတွေရဲ့ ဇနီး မိသားစုတွေကရင်စို့ကြမယ် (၀မ်း နည်စိတ်မကောင်းဖြစ်မယ်က ပိုမှန်မယ်)

အဲတော့ အဖွဲ့အစည်း တစ်ခုလုံးကို မပြောပဲ ဖြစ်တဲ့သူကိုပဲ By Name တပ်ပြီးရဲရဲ ၀ံ့ဝံ့ ပြောကြ ရအောင်လားဗျာ...... ခုဟာကဘယ်လိုဖြစ်နေလဲဆိုတော့ဂျာနယ်တွေကနေ မဟုတ် တာတွေ တင်တဲ့အခါမှာ ပြန်လည် ချေပတဲ့သူအားနည်းတော့ ပြည်သူတွေကအမှန်ထင်ကုန်ကြတယ်အဲဒီတော့ မနေနိုင်လို့ သူတို့ဘက်ကနာပြီးရေးလိုက်တာပါ မှန်တာကို ပြောလို့ မုန်းလည်း မတက်နိုင်ဘူး...
From:Nay Min

No comments:

Post a Comment