Monday, April 22, 2013

၂၀၁၃ ဆီးဂိမ်းဖွင့်ပွဲတွင် အာဆီယံ အနုပညာရှင် ၃၀၀ ပါဝင်ဖျော်ဖြေမည်

  ၂၇ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံ
တွင်လက်ခံကျင်းပမည့်အရှေ
့တောင် အာရှဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ပြိုင်ပွဲဝင် အာဆီ ယံ ၁၀ နိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံ အလိုက် ယဉ်ကျေးမှု အနုပညာရှင် စုစုပေါင်း ၃၀၀ တို့က မြန်မာ ယဉ်ကျေးမှု ပညာရှင်များနှင့် တွဲ ဖက်ကာ ဖျော်ဖြေ တင်ဆက်သွား ရန် စီစဉ်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦး က ပြောသည်။ “နိုင်ငံတကာကနေ အားကစားပြိုင်ပွဲတွေမှာ အနုပညာ ပေါင်းစပ်ဖျော်ဖြေတာက
နည်းပါးတယ်။ ရွှေနိုင်ငံက ကြိုနေမယ် ဆိုတဲ့ သီချင်းကို သက်ဆိုင်ရာ နိုင်ငံအလိုက်ရိုးရာအကတွေ နဲ့ ဖျော်ဖြေကြမှာပါ။ မြန်မာကောအပါအဝင် ၁၁ နိုင်ငံက အနုပညာ ရှင်တွေ ကပြကြမှာပါ” ဟု ၎င်းက ဧပြီ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သော ဆီးဂိမ်းအကြို သတင်းစာ ရှင်းလင်းပွဲ၌ ရှင်းပြသည်။ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယမ်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အရှေ့တီမော၊ စင်ကာ ပူနှင့် ဖိလစ်ပိုင်တို့မှ ယဉ်ကျေးမှု အနုပညာရှင်များက ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနား တွင် လာရောက် ဖျော်ဖြေကြမည် ဖြစ်ပြီး တနိုင်ငံလျှင် အနုပညာရှင် ၃၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။“အနုပညာရှင်တွေကယဉ်ကျေးမှုဝန်ကြီးဌာနကရယ်၊ယဉ်ကျေးမှုတက္ကသိုလ်  ကျောင်းတွေ က ကလေးတွေရယ် ပါမယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ တ၀န်းလုံးမှာရှိတဲ့ အနုပညာ ရှင်တွေ ကလည်း သူတို့တတ်နိုင်တဲ့ဘက်ကကူညီကြမှာပါ။ဒီဆီးဂိမ်းမှာကဏ္ဍစုံအနုပညာရှင်ပေါင်း  သောင်း နဲ့ချီ ပါဝင်သွားမှာပါ။ အာဆီယံ နိုင်ငံတွေနဲ့ တွဲဖက်ကဖို့ အတွက်ကတော့ မြန်မာဘက်က အနု ပညာ ရှင် ၁၆၀၀ လောက် ပါဝင်ပါမယ်” ဟု ဦးရန်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။ အနုပညာ ဆိုင်ရာနှင့်ပတ်သတ်၍ ရုပ်ရှင်နှင့် သဘင်အစည်းအရုံးမှ အကြံဉာဏ်များ တောင်းခံထားကြောင်း၊ ပါဝင်မည့် နိုင်ငံတကာ အနုပညာရှင်များနှင့် အချိန် ၁ လကျော်ကြာ လေ့လာဆည်းပူး ဖလှယ် သွား ရန် စီစဉ်ထားကြောင်း၊ နိုင်ငံတကာမှ ကကွက်များ၊ ကပြမည့် တေးသွားများကို ဧပြီလကုန်မှ စ၍ သက်ဆိုင်ရာ နိုင်ငံများမှ မြန်မာနိုင်ငံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။ ကမ္ဘောဒီး ယားနိုင်ငံ ကိုယ်စားပြု ယဉ်ကျေးမှု အကအလှ အနုပညာရှင် မစ္စစ် ဘွန်တရာဂျွန်တရာက “ကျမ တို့ နိုင်ငံ ရိုးရာ အကတွေကို မြန်မာနိုင်ငံက ရိုးရာအကနဲ့ ပေါင်းစပ်သွားမှာပါ။ ဟာမိုနီဖြစ်အောင် ကပြသွားမှာပါ။ ကျမတို့ ရိုးရာအကကို မြန်မာပရိသတ်တွေ သိပ်ရင်းနှီးမှာ မဟုတ်ပေမယ့် ကြိုက်နှစ် သက်ကြမယ် ထင်ပါတယ်။ မြန်မာ့ရိုးရာ အကဟာ အနုစိတ်ပြီး တကယ့်ကို သိမ်မွေ့ လှပ တဲ့ အကတွေပါ။ ပူးတွဲကရင်း လေ့လာဖြစ်ခဲ့ရလို့ ကျေနပ်ပါတယ်” ဟု ဧရာဝတီ သို့ ပြော သည်။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ၂၀၁၃ ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်နေ့အထိ လက်ခံကျင်းပ သွားမည် ဖြစ်ကာ မြန်မာနိုင်ငံ အပါ အ၀င် အရှေ့တောင်အာရှ ၁၀ နိုင်ငံ၊ ပေါင်း ၁၁ နိုင်ငံမှ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အနေဖြင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ၁၉၆၁ ခုနှစ်တွင် တကြိမ်၊ ၁၉၆၉ တွင် တကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအခါ ၄၄ နှစ်အကြာ တွင် တတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။

No comments:

Post a Comment