ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောရှုပ်ထွေးနေသောနေရာ 
များသို့သွားရောက်ရှင်းလင်းခြင်း မပြုဘဲ အဝေးမှညွှန်ကြားနေ သည့်ယာဉ်ထိန်းရဲများအားစစ်ဆေးအရေးယူသွားမည်ဖြစ်
ကြောင်း ကို 
ယာဉ်ထိန်းရဲတပ်ဖွဲ့မှအရာရှိတစ် ဦးကပြောသည်။
ရန်ကုန်မြို့အတွင်းလမ်းဆုံများ၊မီးပွိုင့်များနှင့်လမ်းမကြီးများ တွင် 
ယာဉ်ထိန်းရုံးငယ်များထားရှိ ပြီး လမ်းပိတ်ဆို့မှုများအားရှင်းလင်း ရန်နှင့် 
ယာဉ်တိုက်မှုဖြစ်စဉ်များ  အား မြန်ဆန်စွာစစ်ဆေးနိုင်ရန်  ယာဉ်ထိန်း 
ရဲတပ်ဖွဲ့ဝင်များကို တာဝန်ပေးထားသော်လည်း တ ချို့ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ
  မှာတာဝန်ပျက်ကွက်မှုများရှိနေ သည့်အတွက် အဆိုပါ တာဝန်ပျက် 
ကွက်သည့်ယာဉ်ထိန်း ရဲများ အား သက်ဆိုင်ရာမြို့နယ်အလိုက်ယာဉ် 
ထိန်းတပ်ဖွဲ့စုမှူးများက စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
“အရေးယူဆောင်ရွက်တဲ့ အပေါ်ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး  မှ 
ဒုတိယတပ်ဖွဲ့ခွဲမှူးရဲမှူးကယာဉ်  ထိန်း တပ်ဖွဲ့အနေနဲ့ အရည်အချင်း  ရှိတဲ့ 
ဝန်ထမ်းတွေမွေးထုတ်ဖို့လို  တယ်။ တာဝန်ပျက်ကွက်တဲ့ ၀န်ထမ်းတွေ ကိုလည်း 
စစ်ဆေးပြီး အရေးယူသွားမှာပါ။ ဒါအပြင် တချို့ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ 
ကဒီလိုအချိန်မှာ ယာဉ်ရှုပ်နေတဲ့နေ  ရာကိုမသွားဘဲနဲ့ ထိုင်ပြီးစကား 
ပြောနေခြင်း၊ စာထိုင် ဖတ်နြေ ခင်း တွေကို သက်ဆိုင်ရာ မြို့နယ်တွေ ရဲ့ 
ယာဉ်ထိန်းရဲတပ်ဖွဲ့စု မှူးများက ရှောင် တခင် လှည့် ပတ်စ စ်ဆေးသွား 
မှာဖြစ်ပါတယ်”ဟု၎င်းကပြောသည်။
ပထမအကြိမ်အနေဖြင့်အသိပေးဆုံးမပြီးဒုတိယအကြိမ်တာဝန်ပျက်ကွက်ပါကနေရာပြောင်း ရွှေ့မူနှင့် ရာထူးလျော့ချမူစသည့်  အပြစ်ဖြင့် 
အရေးယူဆောင်ရွက်  သွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန် တိုင်းဒေသကြီး 
အတွင်းယာဉ်ထိန်း ရဲတပ်ဖွဲ့အင်အားကို ၁၄၀၀ ဦး 
အထိတိုးချဲ့သွား မည်ဖြစ်ကြောင်း သိရသည်။
Credit :  Here

No comments:
Post a Comment