Saturday, April 27, 2013

ယူအန်၏ အကြီးမားဆုံး ဒုက္ခသည် ပြောင်းရွှေ့ မှုကြီး၊ ပြည်ပရောက် အချောင်နေ အချောင်စား မြန်မာ ဒုက္ခသည် အတုများ အားလုံး ပြန်လွှတ်ပြီး ဘင်္ဂလီ များကို လည်း ဤသို့ခေါ်ယူရေး UN သို့ ဦးသိန်းစိန် တိုက်တွန်းထား

4c6020766 From : ..narajia
  တောင်အာရှ နိုင်ငံတစ်ခုဖြစ်သော နီပေါနိုင်ငံ တွင် ခိုလုံနေခဲ့သော ဘူတန် ဒုက္ခသည် ၇၈၀၀၀ သည် အမေရိကန်နှင့် အနောက် နိုင်ငံများတွင် အခြေချ နေထိုင်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်ဟု ယူအန် က သောကြာနေ့က ကျေညာသည်။
အဆိုပါဘူတန်ဒုက္ခသည်များသည် နီပေါနိုင်ငံရှိ ဒုက္ခသည် စခန်းများတွင်  ဆယ်စုနှစ် (၂) ခုခန့်ကြာ ခို လုံနေပြီးနောက် ထိုသို့ အခြေ ချ နေထိုင်ခွင့် ရရှိသွားခဲ့ကြသည်ဟု ဆိုသည်။
ဒုက္ခသည်များကို ပြန်ပို့ရေး အတွက် ဘူတန် အစိုးရနှင့် စေ့စပ် ညှိနိုင်းမူများ နှစ်ပေါင်း များစွာ ပြု လုပ်ခဲ့ပြီးနောက် အောင်မြင်မူမရရှိခဲ့သည့်အတွက် နောက်ပိုင်းတွင်ယခုကဲ့သို့ဘ၀သစ်ဖြင့်  ပြောင်းရွှေ့ အခြေချခွင့် ရရှိသွားခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒုက္ခသည်များ အားလုံးမှာ နီပေါလူမျိုးများ ဖြစ်ကြပြီး  ၁၉၉၀ ခုနှစ် အစောပိုင်းတွင် ဘူတန်နိုင်ငံမှ နယ် စပ်ကို ကျော်ဖြတ်ပြီး နီပေါ နိုင်ငံသို့ ထွက်ပြေး ခိုလုံလာကြသူများ ဖြစ်သည်။
ဘူတန်နိုင်ငံ၏အမျိုးသားအ၀တ်အစားအား မ၀တ်မနေရ ဥပဒေ စည်းမျဉ်းများ ထုတ်ပြန်မူနှင့် အတူ နီပေါလီဘာသာစကားအားဘူတန်နိုင်ငံအတွင်းအသုံးပြုခွင့်ကိုပိတ်ပင်ပြီးနောက်ခွဲခြားဆက်ဆံခံရ သည်ဟု ဆိုကာ သိန်းဂဏန်းရှိသော နီပေါလီ လူမျိုးများသည် ဘူတန်နိုင်ငံမှ ထွက်ပြေးခဲ့ကြသည်။
ယူအန်လက်အောက်ခံအဖွဲ့တစ်ခု ဖြစ်သော UNHCR မှ သောကြာနေ့က ထုတ်ပြန်သော ကျေညာ ချက်တွင် ဒုက္ခသည် တစ်သိန်းက အနောက်နိုင်ငံများတွင် အခြေချလိုကြောင်း လျှောက်ထား ခဲ့ကြ သည်ဟု ဆိုသည်။
၂၀၀၇ ခုနှစ်ကတည်းက ဘူတန် ဒုက္ခသည်တွေကို ရွှေ့ပြောင်းခွင့်ပြုပေးခဲ့သည်ဟု ပြောသည်။
နီပေါရှိ ဘူတန် ဒုက္ခသည် ၈၀၀၀၀ နီးပါးခန့် အနောက်နိုင်ငံများတွင် အခြေချရန် ရွှေ့ပြောင်းခွင့် ရခြင်းမှာ ယူအန် သမိုင်းတွင် မယုံနိုင်လောက်ဖွယ်ကောင်း ဖြစ်ရပ် တစ်ခု ဖြစ်ကြောင်း UNHCR နီပေါနိုင်ငံ ကိုယ်စားလှယ် Diane Doodman က ပြောသည်။
ထိုအထဲမှ ၆၆၀၀၀ ဟာ အမေရိကန် နိုင်ငံကို ထွက်ခွာသွားခဲ့ပြီး တစ်ခြားသူများမှာ  ကနေဒါ၊ သြစတြေး လျ၊ နယူးဇီလန်၊ နော်ဝေး၊ ဒိန်းမတ်၊ နယ်သာလန်နှင့်  ဗြိတိန် နိုင်ငံတို့တွင် အခြေချခွင့် ရရှိသွားကြသည်ဟု ဆိုသည်။
UNHCR ရဲ့ ပြောကြားချက်အရ  နီပေါနိုင်ငံတွင် ရှိနေသော  ဘူတန် ဒုက္ခသည် တစ်သိန်းခန့်ကို ၂၀၁၄ခုနှစ် နောက်ဆုံထားပြီးအနောက်နိုင်ငံတွေကိုပို့ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြော ဆိုသည်။
နောက်ထပ် နီပေါနိုင်ငံရှိ စခန်းများတွင် ဒုက္ခသည် ၃၀၀၀၀ ကျန်ရှိနေအုံးမည်ဟု ဆိုသည်။

 ပြည်ပရောက် အချောင်နေ အချောင်စား ဒုက္ခသည် အတုယောင်များ



.. www.MyanmarExpress.net
 

No comments:

Post a Comment