Wednesday, April 24, 2013

စေတီပုံပါ ထမိန်စများ ရောင်းချခဲ့သော အထည်ဆိုင် ပိတ်သိမ်းထားရ

May-kha-lar-Thein-3-1 ဗုဒ္ဓဘာသာ စေတီပုံပါ ပိတ်ထည် စများ ရောင်း ချ၍ ရန်ကုန်မြို့၊ မင်္ဂလာဈေး အတွင်းရှိမေခ လာ သိန်း အထည်ဆိုင်ကို ဆက်လက်ရောင်း ချခြင်းမပြုရဲတော့ဘဲပိတ်ထားရကြောင်းအ
ထည် ဆိုင် ပိုင်ရှင် ဦးကျော်လှိုင်သိန်း က ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားသွားသည်။
ဧပြီလ ၁၁ ရက်နေ့က စေတီပုံပါ အထည်စ
များထိုဆိုင်မှဝယ်ယူမိသည့် ဇနီးမောင်နှံက တိုင် ကြား၍ အထည်ဆိုင်၊ ဂိုထောင်နှင့် ဆိုင်ရှင်၏ နေအိမ်သို့ မင်္ဂလာတောင်ညွှန့် ရဲစခန်းမှ လာရောက် ရှာဖွေ၍ အထည်များကို သိမ်းဆည်းသွားခဲ့သည်။
ထိုသို့ ဈေးကွက်များတွင် စေတီပုံပါသော အထည်စများ ရောင်းချမိခြင်းကြောင့် ရှိပြီး ပဋိပက္ခ အခြေအနေများကို ပိုပြီး ကြီးထွားစေနိုင်ကြောင်း နိုင်ငံတော် သံဃာမဟာနာယက၊ ထေရဝါဒ ဓမ္မ ကွန် ယက် အကြံပေး ရှေ့နေ ဦးအေးပိုင် က ဆိုသည်။
“ဂျာနယ်တွေမှာ ဖော်ပြထားတဲ့ စေတီပုံ ပါတဲ့ အထည်စတွေက ယောက်ျားလေး ဝတ်တွေလည်း မဟုတ်ဘူး။ မိန်းကလေးတွေ ဝတ်လေ့ရှိတဲ့ ထမီပုံစံမျိုးတွေပဲဖြစ်တယ်။ ဒီဟာတွေ ကို ရောင်း ရမယ်ဆိုပြီး နောက်ကနေ ကြိုးကိုင်တဲ့ အဖွဲ့စည်းတွေ ဘာတွေတော့ မရှိနိုင်ပါဘူး” ဟု ဦးအေးပိုင် က ခန့်မှန်းသည်။
လက်ရှိတွင် ဆိုင်ပိုင်ရှင် ဦးကျော်လှိုင်သိန်း အား သာသနာတော် ညှိုးနွမ်းစေမှုအဖြစ် ပုဒ်မ ၂၉၅ ဖြင့် မင်္ဂလာတောင်ညွှန့် ရဲစခန်းမှ အရေးယူထားပြီး အာမခံ ရရှိထားသည်။ 
.. www.MyanmarExpress.net

No comments:

Post a Comment