Monday, April 22, 2013

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြင်ဆင်ပြောင်းလဲစရာ အကြောင်းမရှိ

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို မဆလအစိုးရလက်ထက်မှာလည်း တိုင်းရင်း သားတွေရဲ့ သဘောထား ကို ကောက်ယူပြီး ရေးဆွဲခဲ့ တယ်။ ၁၉၈၂ ခုနှစ် နိုင်ငံ သားဥပဒေကို လွှတ်တော်မှာပြန်လည်သုံးသပ်ဖို့ အရင် ကတင်သွင်းခဲ့ဘူးပြီး အဲဒီလိုတင်သွင်း ရာမှာ စကားလုံးအတည်း ငယ်မှ အပ ပြင်ဆင်ဖို့ မလိုဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆုံးဖြတ်ခဲ့တယ်။လွှတ်တော် ဟာ ပြည်သူတွေကရွေးချယ်တင်မြှောက်ထားတဲ့သူတွေနဲ့ ဖွဲ့စည်းထားတာ။ ပြည်သူတွေက ရွေး ချယ်ထားတဲ့လွှတ်တော်ကမပြင်ဆင်ဘူးလို့ဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက်ဒါဟာ ပြည်သူ့ဆန္ဒ  ဖြစ် တယ်။
ပြည်ထောင်စုဝန်ကြီးဦးခင်ရီ
(ဘီဘီစီမြန်မာပိုင်းနှင့် တွေ့ဆုံမေးမြန်းခန်းမှ)

No comments:

Post a Comment