Friday, April 19, 2013

Galaxy S4 LTE အား စင်ကာပူ၌ အေပြီ ၂၇ တွင် စင်ကာပူဒေါ်လာ ၉၉၈ စတင်ရောင်းချမည်

Samsung ၏ နောက်ဆုံးပေါ် Galaxy S4 LTEအားစင်ကာပူနိုင်ငံတွင်လာမည့် 
 အေပြီလ ၂၇ ရက်နေ့တွင် စတင်ရောင်းချ သွားမည်ဟု Gardens by the Bay ၌ ယနေ့ကျင်းပသည့်မိတ်ဆက်ပွဲ၌ထုတ် 
 ဖော်ေ ကြညာခဲ့သည်။
Black Mist နှင့် White Frost အရောင်း များဖြင့် ထုတ်လုပ်ထားသည့် S4 အား စာ ချုပ်မပါပဲ ဝယ်ယူမည်ဆိုလျှင် စင်ကာ ပူဒေါ် လာ ၉၉၈ ကျသင့်မည်ဖြစ်ပြီး စာ ချုပ်ဖြင့် ဝယ်ယူမည်ဆိုလျှင် အောက်ပါ ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီ များ ထံမှ ဝယ်ယူနိုင်မည်ဖြစ်သည်။
M1 -
www.m1.com.sg/galaxys4
SingTel -
www.singtelshop.com/galaxys4
StarHub -
www.phones.starhub.com/galaxys4/
သုံးစွဲသူများ အနေဖြင့် Galaxy S4 LTE အား ယမန်နေ့ (အေပြီ ၁၇ ရက်) ကစတင်ပြီး စပေါ်ငွေ စင်ကာပူဒေါ်လာ ၅၀ ပေးသွင်းကာ အထက်ပါဝက်ဘ်ဆိုဒ်များမှကြိုတင်မှာယူနိုင်သလို  အောက်ပါ Samsung စတိုးများသို့လည်းကိုယ်တိုင်ကိုယ်ကျသွားရောက်လေ့လာကာကြိုတင်မှာယူနိုင်မည်ဖြစ် သည်။
• 313@ Somerset #B2-24/25/26 • AMK Hub #B1-37/38 • Bedok Point #03-20/21 • Bugis Junction #01-54 • Century Square #04-02 • Causeway Point #03-12 • Chinatown Point #01-48 • Great World City #02-39 • Jurong Point #B1-09/10/11 • Marina Bay Sands #B2-61• nex Mall #04-42 • Paragon #B1-27/27A • Plaza Singapura #B2-23 • Parkway Parade #02-32 • Tampines Mall #02-29 •
ကြိုတင်မှာယူသူများ အနေဖြင့် စုစုပေါင်း စင်ကာပူဒေါ်လာ ၁၆၀ တန်ဖိုး ကားအားသွင်းစက်၊ စားပွဲတင်ဒေါက်နှင့် HDTV ချိတ်ဆက်ခလုတ်တို့ ပါဝင်သည့် Galaxy S4 LTE Limited Edition Accessory Pack အား လက်ဆောင်အဖြစ် ရရှိမည်ဟု သိရှိရသည်။

FROM-MYANMAR CONSUMER GUIDE

No comments:

Post a Comment