Tuesday, April 30, 2013

ရခိုင်ပဋိပက္ခများ၌ ဒေသခံများသာမက ပြင်ပမှ လှုံ့ဆော်မှုများကိုလည်း တွေ့ရသည်ဟု ကော်မရှင် ပြောကြား

ရခိုင်ပဋိပက္ခများ၌ရခိုင်ပြည်နယ်ရှိ ဒေသတွင်း ပြည်သူများသာမက ပြင်ပမှလှုံ့ဆော်မှုများကို တွေ့ရ သည်ဟုရခိုင်ပြည်နယ်ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ကျော်ရင် လှိုင်က ပြောသည်။
ဧပြီ ၂၉ ရက်က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟို(MPC) တွင် ရခိုင်ပြည်နယ် ပဋိ ပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌မီဒီယာများ၏   မေးမြန်း မှုကို ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
4.29.5ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး ကလည်း၎င်းတို့၏ကနဦး တွေ့ဆုံမေးမြန်းမှုများ တွင် လူမျိုးနှင့် ဘာသာကိုပင် မကွဲပြားဘဲ လူ မျိုးအမျိုးမျိုး ဖြစ်နေကြောင်း၊ နောက်ပိုင်းတွင် မူ ရိုဟင်ဂျာဟူ၍တညီတညွတ်တည်း ဖြစ်လာ
ကြောင်း၊ ယင်းအချက်မှာ အလွန်အံ့အား သင့် စရာ ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
အစီရင်ခံစာတွင် စာမျက်နှာ ၁၈၃ မျက်နှာပါ ၀င်ပြီးရခိုင်ပြည်နယ်တွင်းရှိလူ့အဖွဲ့အစည်း နှစ်  
ခုတို့ အကြား တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ သည့်အခြေအနေများ၊ ပဋိပက္ခ ဖြစ်ပွားစေ သည့်
အကြောင်းရင်းများ၊ဆူပူအကြမ်းဖက်မှုများကြောင့်ဆုံးရှုံးမှုများ၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် လုပ်ဆောင်ရန် လိုအပ်ချက်များနှင့် အကြံပြုချက်များ၊ ရိုဟင်ဂျာ အခေါ် အဝေါ် ပြဿနာ၊ ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အတွက် အကြံပြုချက်များ စသည့် အခန်းများ ပါဝင် သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် လူပေါင်း ၁၉၂ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း (၈၆၁၄) လုံး ပျက်စီးဆုံးရှုံး ခဲ့သည်။ လူပေါင်းတစ်သိန်းကျော်မှာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။
အစီရင်ခံစာတွင် ဘင်္ဂါလီဟူသော အမည်ကိုသာ သုံးစွဲထားပြီး မြန်မာနိုင်ငံ၏ တရားဝင် သန်းခေါင် စာရင်း ကောက်ယူမှုအရယင်းအမည်သာပါရှိခြင်းကြောင့်သုံးစွဲခြင်း ဖြစ်သည်ဟု က်ာမရှင် အဖွဲ့ဝင် များကရှင်းလင်းခဲ့ပြီး ယင်းအပေါ် ရှင်းလင်းပွဲတက်ရောက်လာသူ အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူက ရိုဟင်ဂျာ ဆိုသည်မှာ နှစ်ပေါင်းထောင် ချီရှိခဲ့ပြီ ဖြစ်ပြီး ဘင်္ဂါလီ ဆိုသည်မှာ ၎င်းတို့ကို အလဲထိုးချင်သူများ၏ သုံးစွဲမှုသာ ဖြစ်သည် ဟု ပြောကြားခဲ့သည်။
ယင်းနှင့်ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက ''ရခိုင်ပြည်နယ်က အစ္စလာမ် အများစုဖြစ် တဲ့ ကမန်လူမျိုးတွေက သူတို့သမိုင်းကို သူတို့ဖော်ပြတာ နှစ်လေးရာလို့ ပြောတယ်။ ဒါကိုတောင် ကျွန်တော် တို့က လက်ခံထားပြီးသားပဲ။ ကျွန်တော်တင် မဟုတ်ဘူး။ တခြား တိုင်းရင်းသားတွေကပါ လက်ခံထားပြီး သားပဲ'' ဟု ပြန်လည် ဖြေကြားခဲ့သည်။
ယင်းပဋိပက္ခများကြောင့်လူမျိုးစု နှစ်ခုအကြားကန့်သတ်တားဆီးမှုများသည် တဖြည်းဖြည်း မြင့်မား လာနေ သဖြင့် မယုံကြည်မှုများ တိုးပွားလာခြင်း၊ ဆက်ဆံရေး ပြတ်တောက်ခြင်းနှင့် တင်းမာမှု များ မြင့် တက်နေခြင်းတို့ ဖြစ်ပေါ်လာနေ စေကြောင်းလည်း ဖော်ပြထားသည်။
''ရခိုင်ပြည်နယ် အတွင်းမှာ ဒီလူ့အဖွဲ့အစည်း နှစ်ခုက နှစ်ပေါင်းများစွာ သီးခြားစီ နေခဲ့ကြတာ။ အဲ ဒါကြောင့် ယုံကြည်မှု တည်ဆောက်ဖို့ဆိုတာ ချက်ချင်းထလုပ်လို့မရဘူး။ အတူတကွ နေနိုင်ရေး ဆို တာကို ကျောင်းတွေမှာက စပြီး လုပ်သွားရမယ်။ တစ်ဖက်လူမျိုးစု ဖက်ကလည်း လွတ်လပ်မှု ရှိလာ မယ်။ဒီနိုင်ငံအပေါ်သစ္စာရှိမှုခိုင်မာလာမယ်ဆိုရင်တော့အဆင်ပြေလာလိမ့်မယ်''ဟုစုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဦးကိုကိုကြီးက ပြောသည်။
အစီရင်ခံစာတွင်ရခိုင်နှင့်ဘင်္ဂါလီများ၏ ပြောဆိုချက်များသည်တိကျသည်ဟုပြောရန် ခက်သော် လည်း လုံးဝမှားသည်ဟု ပြော၍မရကြောင်း ဖော်ပြခဲ့သည်။
အစီရင်ခံစာပါ သတင်းထုတ်ပြန်ရေးနှင့် ပတ်သက်သည့် အကြံပြုချက်များတွင် ရခိုင်ပြည်နယ် ပဋိ ပက္ခများ ကို တစ်နိုင်ငံလုံးနှင့် နိုင်ငံတကာမှ အသေအချာ စောင့်ကြည့်လျက်ရှိရာ အစိုးရ တာဝန်ရှိ သူများသည်ပဋိပက္ခနှင့်ပတ်သက်၍သတင်းမီဒီယာများသို့ ပြောကြားရာတွင်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ဆက်ဆံ၍ လုပ်ငန်းများ လုပ်ဆောင်ရာတွင် လည်းကောင်း၊ ပြည်နယ်အတွင်း ရှိပြီးသား ပြဿနာများကို ပိုမိုဆိုးရွား သွားစေနိုင်သည့် အပြုအမူ၊ အပြောအဆို များကို ရှောင်ကြဉ် သင့်ကြောင်း၊ အစိုးရအနေဖြင့် တရားမ၀င် ၀င်ရောက်လာသူများနှင့် ထိုကိစ္စများတွင် အဂတိ လိုက် စားသည့်အစိုးရ၀န်ထမ်းများကိုဥပဒေနှင့်အညီစိစစ်၍ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဟုသာ ပြောသင့်ကြောင်း အကြံပြုခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့လူ့အဖွဲ့အစည်းနှင့်အစ္စလာမ်လူ့အဖွဲ့အစည်းတို့အကြား ဖြစ်ပျက် ခဲ့မှုမှန်သမျ၏မူလအကြောင်းရင်းမှန်တို့ကိုသိရှိနိုင်ရန်အတွက်ရှာဖွေစိစစ် ဖေါ်ထုတ်တင်ပြရေး ကော် မတီတစ်ရပ်ကိုဖွဲ့စည်းသင့်ကြောင်း၊ နောင်တွင် ပြဿနာထပ်မဖြစ်စေရန်မည်သို့ကိုင်တွယ် ဖြေရှင်း ရမည်ကို အဖြေထုတ်နိုင်ရန်ဖြစ်ပြီး လိုအပ်ပါက ပြည်ပတိုင်းပြည်များသို့ပါ ဖြစ်ရပ်မှန် ရှင်းလင်းရေး အဖွဲ့များ စေလွှတ်နိုင်ရန် စဉ်းစားထားသင့်ကြောင်း အကြံပြုခဲ့သည်။
ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ လက်တွေ့ကွင်းဆင်း လေ့လာရာတွင် မိမိအုပ်စုနှင့် အဖွဲ့အစည်း၏ အကျိုးစီးပွား အတွက် အသုံးချရန် နည်းလမ်းပေါင်းစုံဖြင့် ၀င်ရောက်ချယ်လှယ်ရန် ကြိုးစားလာကြ သူများ၊ အသင်းအဖွဲ့များကို တွေ့ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ကိစ္စအဖြစ်မှ နိုင်ငံ တကာ အရေး ကိစ္စ ဖြစ်အောင် ကြိုးစားလာမူများ၊ လူမျိုးတုံး သတ်ဖြတ်မှုများနှင့် ဘာသာရေး ပဋိ ပက္ခ များဖြစ်အောင် ဖန်တီးပုံဖော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေကြသည့် အခြေ အနေများကို လည်း ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက် နောက်ဆက်တွဲတွင် ဒုက္ခ သည် များကိစ္စနှင့် ပတ်သက်၍ မိုးမကျမီ အမိုးအကာ အောက်ရောက်ရှိရေး၊ ပြန်လည်နေရာ ချ ထားရေး၊စာသင်ကျောင်းဖွင့်လှစ်နိုင်ရေး၊အစားအစာဖူလုံရေးနှင့်အဟာရချို့တဲ့မှုများ၊ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းနှင့် အခြေတကျ နေထိုင်နိုင်ရေးတို့ကို အကြံပြုထားသည်။
ရခိုင်လူမျိုးများအနေဖြင့်ဘင်္ဂါလီများ၏လူဦးရေတိုးပွားနှုန်းအဆမတန်မြင့်မားခြင်းကိုလည်း ကြောက် ရွံ့ကြောင်း၊ယင်းကိုထိန်းချုပ်ရန်မှာ နိုင်ငံတကာ ဥပဒေအရ သီးခြားမွေးဖွားနှုန်း ထိန်း ချုပ်ခြင်းဖြင့် မရနိုင်ဘဲ ပညာပေးခြင်းကိုသာ ပြုလုပ်သင့်ကြောင်း ကော်မရှင်က ဆိုသည်။
နယ်စပ်လုံခြုံရေးကိုတိုးမြှင့်လုပ်ဆောင်သင့်ပြီးလုံခြုံရေးတပ်အင်အားများများပြားစွာရုတ်တရက်   လျော့ချခြင်းမျိုး မပြုလုပ်သင့်ကြောင်း၊ အကြမ်းဖက်၊ အစွန်းရောက် အဖွဲ့အစည်းများ၏ အန္တ ရာယ်မှ ကြိုတင်ကာကွယ် ထောက်လှမ်းသိရှိနိုင်ရန် စစ်ဘက်၊ အရပ်ဘက် ထောက်လှမ်းရေးများ ပါဝင်သည့် Special Team တစ်ခု ဖွဲ့စည်းတာဝန်ပေးရန် လိုအပ်ကြောင်းလည်း အစီရင်ခံစာတွင် အကြံပြုထားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ က နိုင်ငံတော် သမ္မတကိုယ်တိုင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ရှစ်လကျော် အကြာမှသာ အစီရင်ခံစာ ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။
From...Eleven

No comments:

Post a Comment