Tuesday, April 23, 2013

နိုင်ငံတကာ အဖွဲ့အစည်းကြီးမှ ချီးမြှင့်ခဲ့သော ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည့် သမ္မတကြီး ဦးသိန်းစိန်

နိုင်ငံတကာမှ ငြိမ်းချမ်းရေးအမှန်တကယ်
  ဆောင်ရွက်သူများကို ရွေးချယ်ဆုချီးမြှင့် 
 ပေးလေ့ရှိတဲ့ International Crisis Group(ICG) မှ မြန်မာနိုင်ငံ သမ္မတကြီးဦးသိန်းစိန်အား 
 ငြိမ်းချမ်းရေး ဆောင် ရွက်နိုင်မှုဆု (In Pursuit of Peace’ award) ကို ချီးမြှင့် ပေးခဲ့ပါတယ်။ အဆိုပါ ဆုချီးမြှင့်ပွဲကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ ခြင်း ဖြစ်ပြီး သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း တို့ သွားရောက် လက် ခံပေး ကြ သည်ဟု သိရသည်။
အဆိုပါ ဆုကို ပြီးခဲ့သည့် ၂၀၁၂ နိုဝင်ဘာလ က ပေးအပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီးဦးသိန်းစိန်သည်စစ်တပ်နောက်ခံအစိုးရ ဖြစ်ကြောင်း၊  ငြိမ်း
ချမ်းရေး ဆောင် ရွက်မှု မရှိကြောင်း စသဖြင့် ကန့်ကွက်မှုများ ဖြစ် ခဲ့ဖူး ပါတယ်။ သို့သော်လည်း သမ္မတကြီး၏ ငြိမ်းချမ်းရေး အတွက် ထူးချွန်စွာ ဆောင်ရွက်နိုင်ခြင်း ကြောင့် ရွေးချယ်ခဲ့ ပြီး ယခုနှစ် တွင် တမူထူးခြားစွာဖြင့် ဘရာဇီး သမ္မတနှင့် အတူ ရရှိခဲ့ပါတယ်။
အပြောမဟုတ် အလုပ်ဖြင့် သက်သေပြကာ ဆုတံဆိပ်တွေ ရလာသည့် သမ္မတကြီးအား ဂုဏ်ပြုပါသည်။
=================================

ICG နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ က မြန်မာသမ္မတ ဦးသိန်းစိန်ကို ပေးအပ်တဲ့ ဆုကို သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း က လက်ခံရယူမည်ဖြစ်သည်။ ဒီပွဲမှာ ကိုယ်တိုင် ဆုမတက်ယူနိုင်သောလည်း သမ္မတ ဦးသိန်းစိန်သည် ဗွီဒီယို ကနေ တဆင့် ဆုရရှိမှုကို ကျေးဇူးတင်စကား ပြောဆိုမှာ ဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment