Friday, April 26, 2013

လွှတ်တော်အမတ်များ ဒေသဖွံ့ဖြိုးရေးလုပ်ရန် ကျပ်သိန်းတစ်ထောင် ချပေးမည်

လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် သက်ဆိုင်ရာ မဲဆန္ဒနယ် အတွက် ဒေသဖွံ့ဖြိုးရေး လုပ် ငန်းများ ကိုယ်တိုင်အကောင် အထည်ဖော်နိုင်ရန် မြို့နယ် (မဲဆန္ဒနယ်) တစ်ခုလျှင် ကျပ်သိန်း တစ်ထောင်စီ အသုံး စရိတ် ချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အ မှတ် (၃) အမျိုးသား လွှတ်တော် ကိုယ် စားလှယ် ဦးဖုန်းမြင့်အောင် က The Voice သို့ပြော ကြားသည်။
ယင်းအသုံးစရိတ်ကို မဲဆန္ဒနယ် တစ်ခုရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် တစ်ဦးနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးတို့ ညှိနှိုင်း သုံးစွဲရမည် ဖြစ်ေ ကြာင်း ၄င်းကပြောဆိုသည်။
လွှတ်တော် ငွေစာရင်းကော်မတီက တာဝန်ယူပြီး ယင်းအသုံးစရိတ်ကို ချထား ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁)မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က ပြောကြား သည်။"ဒီနှစ်အတွက် အသုံးစရိတ်ကို အောက်တိုဘာလမှ ချပေး မယ်လို့သိရတယ်" ဟု ဒေါ်ခင်ဝိုင်းကြည်က ဆို သည်။
ယင်းအသုံးစရိတ်ကို လွှတ်တော် ကိုယ်စားလှယ်လေးဦးက ပြည်သူ့ လိုအပ်ချက်ကို အဓိကထားပြီး ညှိနှိုင်းသုံးစွဲမှသာ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်း အကြား အငြင်းပွားမှု ရှောင်နိုင် မည် ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်က ဆိုသည်။"လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေပြုဖို့ပဲ လုပ်နေရင် မဲဆန္ဒရှင်တွေ ယုံကြည်မှု မဲ့သွားနိုင်တယ်။ ကိုယ် တိုင်ကိုယ်ကျ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ အသုံးစရိတ် လိုတယ်" ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

ပြည်ထောင်စုအစိုးရ အဖွဲ့ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တင်သွင်း သော၂၀၁၃-၂ဝ၁၄ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းတွင် နိုင်ငံတော်အတွက် အရေးတကြီး လုပ်ဆောင်ရန် မလိုအပ်သော စီမံကိန်းများကို ပယ်ဖျက်ပြီး မဲဆန္ဒနယ် အလိုက် ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် အဖြစ် သတ်မှတ် ပေးထားခြင်းဖြစ်ကြောင်း ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။

ယင်းအမျိုးသားစီမံကိန်းတွင် ကျပ်သန်းထောင်ချီ ကုန်ကျမည့် နေပြည်တော် ဆေးရုံ စီမံကိန်းများ၊ ကျည် ကာယာဉ် ဝယ်ယူရေး၊ ကာကွယ်ရေး အသုံးစရိတ် နှင့် တက္ကသိုလ် အသစ်များ ထပ်မံဆောက် လုပ်ရေး တို့ အတွက် လျာထားသည့် အသုံးစရိတ်တို့ကို ပယ်ဖျက်ခြင်း၊ လျှော့ချခြင်း များ လုပ်ဆောင် ခဲ့သဖြင့် ဘဏ္ဍာရေး ပိုငွေ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ၄င်းကပြောသည်။

အိမ်နီးချင်းအိန္ဒိယနိုင်ငံတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ မဲဆန္ဒရှင်များအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်း မာရေးနှင့် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်တိုင်ကိုယ်ကျ လုပ်ေ ဆာင်နိုင်ရန် အသုံးစရိတ်ချပေးရေး အတွက် အမျိုးသားစီမံကိန်းတွင် ဘဏ္ဍာ ရေး လျာထားငွေ သီးသန့် ထည့်သွင်း ရေးဆွဲပေးလေ့ရှိသည်။

ယင်းအသုံးစရိတ်ကို လွှတ်တော် ကိုယ်စားလှယ်လေးဦးက ပြည်သူ့ လိုအပ်ချက်ကို အဓိကထားပြီး ညှိနှိုင်း သုံးစွဲမှသာ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်း အကြား အငြင်းပွားမှုရှောင်နိုင် မည် ဖြစ်ကြောင်း ဦးဖုန်းမြင့်ေ အာင်က ဆိုသည်။
"လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေပြုဖို့ပဲ လုပ်နေရင် မဲဆန္ဒရှင်တွေ ယုံကြည်မှု မဲ့သွားနိုင် တယ်။ ကိုယ် တိုင် ကိုယ်ကျ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ အသုံးစရိတ် လိုတယ်" ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
ပြည်ထောင် စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တင်သွင်း သော၂၀၁၃ -၂၀၁၄ဘဏ္ဍာနှစ်အမျိုးသား စီမံကိန်းတွင် နိုင်ငံတော်အတွက် အရေးတကြီးလုပ်ဆောင်ရန် မလို အပ်သော စီမံကိန်း များကို ပယ်ဖျက်ပြီး မဲဆန္ဒနယ် အလိုက် ဒေသဖွံ့ဖြိုးရေးအသုံးစရိတ် အဖြစ် သတ်မှတ်ပေး ထာြး ခင်း ဖြစ်ကြောင်း ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။

ယင်းအမျိုးသား စီမံကိန်းတွင် ကျပ်သန်းထောင်ချီ ကုန်ကျမည့် နေပြည်တော် ဆေးရုံစီမံကိန်းများ၊ ကျည် ကာယာဉ် ဝယ်ယူရေး၊ ကာကွယ်ရေး အသုံးစရိတ် နှင့် တက္ကသိုလ် အသစ်များ ထပ် မံဆောက်လုပ်ရေးတို့ အ တွက် လျာထားသည့် အသုံးစရိတ်တို့ကို ပယ်ဖျက်ခြင်း၊ လျှော့ချခြင်း များ လုပ်ဆောင် ခဲ့သဖြင့် ဘဏ္ဍာရေးပိုငွေ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ၄င်းကပြောသည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ မဲဆန္ဒရှင်များ အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်း မာရေး နှင့် ပညာရေးဆိုင်ရာ ဖွံ့ ဖြိုးရေးလုပ်ငန်း များကို လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်ရန် အသုံးစရိတ်ချပေးရေး အတွက် အမျိုးသား စီမံကိန်းတွင် ဘဏ္ဍာရေးလျာထားငွေ သီးသန့် ထည့်သွင်း ရေးဆွဲပေးလေ့ရှိသည်။

No comments:

Post a Comment