Monday, April 29, 2013

MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိ

MAI လေကြောင်းလိုင်းမှ ယခုနှစ်မကုန်မီ 
Photo: MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိ

မန္တလေး၊ ဧပြီ ၂၈
 MAI လေကြောင်းလိုင်းမှ ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
 ``မန္တလေး-ဂျပန်၊ ရန်ကုန်-ဂျပန် ဘယ်ဟာကောင်းမလဲ စီစဉ်နေပါပြီ။ 
အစဉ်ပြေမယ့် လမ်းကြောင်းကို ပြေးဆွဲသွားဖို့ ရှိပါတယ်´´ဟု MAI လေကြောင်းလိုင်းမှ မန္တလေးဌာနခွဲ တာဝန်ခံ ဦးဇော်ဝင်းကပြောသည်။
 ဂျပန်နိုင်ငံသို့ တိုက်ရိုက်မပြေးဆွဲမီ ဂျပန်နိုင်ငံမှ စီးလုံးငှား လာရောက်လည်ပတ်မှု နှစ်ကြိမ်ရှိကြောင်း ၎င်းကပြောသည်။
 ယခုကဲ့သို့ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်ရခြင်းမှာ ဂျပန်နိုင်ငံမှ
 စိတ်ဝင်စားမှုများလာသော ကြောင့်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားစီးပွားရေးလုပ်ငန်းများ များလာ၍ စီစဉ်ပေးရခြင်းဖြစ်သည်ဟု ဦးဇော်ဝင်းက ပြောသည်။
 ``ဂျပန်နိုင်ငံအပြင် အခြား ကွမ်ကျိုး၊ကူမင်း၊ ဟောင်ကောင်၊ လာအိုနိုင်ငံတွေကို တိုက်ရိုက်ပြေးဆွဲနိုင်ရန် 
စီစဉ်လျက် ရှိပါတယ်။ လာအိုကတော့ ရန်ကုန်ကနေပဲ တိုက်ရိုက်ဆွဲဖို့ များတယ်´´ဟု ဦးဇော်ဝင်းက ထပ်မံဆိုသည်။
 နောက်ပိုင်း ပိုမိုပွင့်လင်းလာသည်နှင့်အမျှ ဥရောပနိုင်ငံများအထိပါ ထပ်မံပြေးဆွဲနိုင်ရန် 
စီစဉ်နေကြောင်း ဦးဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
 လက်ရှိတွင် MAI လေကြောင်းလိုင်း Air bus လေယာဉ် ၈ စီးနှင့် ပြေးဆွဲလျက်ရှိပြီး 
ရပ်နားထားသော မန္တလေး-ရန်ကုန် ခရီးစဉ်ကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။စိုင်းလမင်းဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက် ရှိကြောင်း သိရ သည်။``မန္တလေးဂျပန်၊ရန်ကုန်ဂျပန်ဘယ်ဟာကောင်း
မလဲ စီစဉ်နေပါပြီ။ အစဉ်ပြေမယ့် လမ်းကြောင်း ကို ပြေးဆွဲသွားဖို့ရှိပါတယ်´´ဟုMAIေ
လကြောင်း လိုင်းမှ မန္တလေးဌာနခွဲ တာဝန်ခံ ဦးဇော်ဝင်းကပြောသည်။
ဂျပန်နိုင်ငံသို့ တိုက်ရိုက်မပြေးဆွဲမီ ဂျပန်နိုင်ငံမှ စီးလုံးငှားလာရောက်လည်ပတ်မှု နှစ်ကြိမ်ရှိကြောင်း ၎င်း ကပြောသည်။
ယခုကဲ့သို့ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်ရခြင်းမှာ ဂျပန်နိုင်ငံမှ စိတ်ဝင် စား မှု များလာသော ကြောင့်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားစီးပွားရေးလုပ်ငန်းများ များလာ၍ စီစဉ်ပေး ရခြင်းဖြစ်သည်ဟု ဦးဇော်ဝင်းက ပြောသည်။
``ဂျပန်နိုင်ငံအပြင် အခြား ကွမ်ကျိုး၊ကူမင်း၊ ဟောင်ကောင်၊ လာအိုနိုင်ငံတွေကို တိုက်ရိုက်ပြေး ဆွဲနိုင်ရန် စီစဉ်လျက် ရှိပါတယ်။ လာအိုကတော့ ရန်ကုန်ကနေပဲ တိုက်ရိုက်ဆွဲဖို့ များတယ်´´ဟု ဦးဇော်ဝင်းက ထပ်မံဆိုသည်။
နောက်ပိုင်းပိုမိုပွင့်လင်းလာသည်နှင့်အမျှဥရောပနိုင်ငံများအထိပါထပ်မံပြေးဆွဲနိုင်ရန်စီစဉ်နေကြောင်း  ဦးဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။လက်ရှိတွင် MAI လေကြောင်းလိုင်း Air bus လေယာဉ် ၈ စီးနှင့် ပြေးဆွဲလျက်ရှိပြီးရပ်နားထားသော မန္တလေး- ရန်ကုန် ခရီးစဉ်ကို လည်း ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း MAI လေကြောင်း လိုင်းမှ သိရသည်။
From....Popular Myanmar News Journal


No comments:

Post a Comment