Friday, April 26, 2013

ဟာကျူလီ ကသာပြောတဲ့ အာဏာရှင်ဆန်တဲ့ သမ္မတကြီး၏ လုပ်ရပ်နှင့် အဖြစ်မှန်

သမ္မတကြီးဦးသိန်းစိန်ဒုဗိုလ်မှူးကြီးဘ၀က အာ ဏာ ရှင် ဆန်ဆန် ဗိုလ်ကျခဲ့တယ် ဆိုတဲ့ လုပ်ကြံ ဇာတ်လမ်းနဲ့ သမ္မတကြီးကို အပုပ်ချဖို့ ကြိုးစားခဲ့ ပါတယ်။ထိုကြိုးစားမှုကို အောက်ကနေ ၀ိုင်းရှယ် ကြ သူတွေက ၁၅၉ ယောက် ရှိခဲ့ပြီး အောက်က မှတ်ချက်တွေမှာတော့သမ္မတကြီးအပေါ် ဆိုးဆိုး ၀ါးဝါး ဝေဖန် တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ တစ် ခါတုန်းကပို့စ်တစ်ခုကို ခေါင်းစဉ်ပြောင်းပြီး
 ဖော်ပြရာမှာ သူ့နာမည် ဖျက်ရကောင်းလား ဆိုပြီးဟာကျူလီ(ကသာ)က ပေါက်ကွဲခဲ့ဖူးပါ
တယ်။ ဒီတစ်ခါရော ဘယ်လို လုပ်မှာပါလဲ။
မန္တလေး ဘူတာရုံ ဖြစ်စဉ်အမှန်
ဒီနေ့ အင်တာ နက်မှာ သမ္မတကြီး ဦးသိန်းစိန်ကို အပုပ်ချထားတဲ့ Comment အချို့ကိုတွေ့လိုက်လို့ ဒီစာ ကိုရေး လိုက်ရတာပါ။ အပုပ်ချထားတဲ့ စာ ထဲမှာ သမ္မတကြီး ဦးသိန်းစိန် တပ်ရင်းမှူးဘ၀က မန္တလေး ဘူတာ ကြီး မှာ သူစီးမဲ့ ရထားထွက် သွားလို့ သူ့ကိုမစောင့်ရမလားဆိုပြီး ရုံပိုင်ချုပ်ကို လက်သီးနဲ့ ထိုးတယ် ဆိုပြီး ရေးထားပါတယ်။ 
ဒုဗိုလ်မှူးကြီးသိန်းစိန်ကြောင့် ရုံပိုင်ချုပ်လည်း အလုပ်ပြုတ်သွားပြီး DSA တက်နေတဲ့ ရုံပိုင်ချုပ် သားလဲ ကျောင်း ထု တ်ခံရတယ်လို့ရေးထားပါတယ်။
အဲဒီအချိန်တုန်းက ကျွန်တော်ဟာ မီးရထားအရာရှိအဖြစ် မန္တလေးဘူတာမှာ တာဝန်ကျနေ ခဲ့တဲံ အတွက်ေ ကြာင့် မို့လို့ ဒီဖြစ်စဉ်ကို အသေးစိတ်ကြုံတွေ့ခဲ့ရပါတယ်။အချိန်က ၁၉၉၁ ခုနှစ် မှာ ဖြစ် ပါတယ်။
ရုံပိုင် က ဦးစံရွှေမောင် လို့ ခေါ်ပါတယ်။ သူ့သားက DSA အပတ်စဉ်(၁၈)က ကိုကောင်းမြတ်သူပါ။ အဲဒီ လိုဖြစ်တဲ့ အချိန်မှာ ကိုကောင်းမြတ်သူက တိုက်ပွဲမှာကျလို့ ဆုံးနေခဲ့ပါပြီ။

ဒါကြောင့် ဒုမှူးကြီး သိန်းစိန်နဲ့ရန်ဖြစ်လို့ DSA မှာ တက်နေတဲ့ ဗိုလ်လောင်း ကျောင်းထုတ်တယ် ဆိုတာ မဟုတ် ပါဘူး။ အဲဒီတုန်းက ရုံပိုင်ချုပ် ဦးစံရွှေမောင်ဟာ ဘယ်လိုလူမျိုးလဲ ဆိုတာ အဲဒီအချိန် က မန္တလေး ဘူတာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတော်တော်များများ သိကြပါတယ်။ သူဆုံးသွား လို့ သူ့အေ ကြာင်း မကောင်းပြောတာမဟုတ်ပါဘူး။ ဖြစ်ရပ်မှန် ကိုအားလုံးသိစေ ချင်လို့ပါ။ အဲဒီလိုဖြစ်တဲ့နေ့က ဒုတိယ ဗိုလ်မှူးကြီး သိန်းစိန် တာဝန်အရ ခရီးသွားဖို့ မနက်အစော ကြီး မှာ ရထားလက်မှတ် လာဝယ်ပါတယ်။

ရုံပိုင်က ရထားထွက်ခါနီး နာရီဝက်အလိုမှာ ပစ္စည်းတွေတစ်ခါတည်း ယူပြီး လာခဲ့ ဆိုပြီး ပြော လိုက်ပါတယ်၊ဒုဗိုလ် မှူးကြီး သိန်းစိန် က ယူနီဖောင်းအပြည့်အစုံနဲ့ ရထား မထွက်ခင် (၁)နာရီ ကြိုပြီး လာပါတယ်။ 
ပ စ္စည်းတွေလဲ ပါလာပါတယ်။အဲဒီအချိန်မှာ ရထားတွဲတွေငှားတဲ့ ကုန်သည်တွေနဲ့ ရုံပိုင်က စကားပြောနေ ပါတယ်။
ရုံပိုင်ကခဏစောင့်ဦးဆိုပြီးကုန်သည်နဲ့ ဆက်ပြီး စကားပြောနေတာပါ။ ဒီအချိန်မှာ တစ်ခြား မှောင် ခို လက် မှတ်တွေ ကိုတော့ တစ်ခါတည်း လုပ်ပေးတာကို တွေ့နေရပါတယ်။ဘေးမှာ ရထားက အရာရှိ တစ်ယောက် ရှိပါတယ်။ အလုပ်သင်(၄)က ဗိုလ်ကြီးနဲ့ ပြောင်းသွားတဲ့ သူပါ။အခုလက်ရှိ  သက်ရှိထင်ရှား ရှိနေပါသေးတယ်။
ရုံပိုင်ချုပ်က ကုန်သည်တွေနဲ့ ဟေလားဝါးလား ပြောဆိုနေပြီးတော့ ဒုဗိုလ်မှူးကြီး သိန်းစိန်ကို ထိုင်ခိုင်း ထား တာ ပါ။ရထားချိန် နီးလာတာနဲ့အမျှ ဒုဗိုလ်မှူးကြီး သိန်းစိန်က စိတ်ပူပြီး ရထားလက် မှတ်ကိစ္စ ထပ်ပြော ပါတယ်။
အဲဒီအချိန်မှာရုံပိုင်ချုပ်တပည့်တွေအလျှိုလျှိုဝင်လာပြီးရထားလက်မှတ်တွေကို မှောင်ခို သမားတွေ  ဆီ ပေးနေ တာ ဒုဗိုလ်မှူးကြီး သိန်းစိန်က မြင်နေပါတယ်။အဲဒါနဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန် က မနက် အစောကြီး ကတည်းက ကျွန်တော်လက်မှတ် လာဝယ်ခိုင်းထားတာပါ။ အခုထိ မရသေး ဘူး။ ကျွန်တော့်မှာ အရေးကြီး တာဝန် နဲ့ပါ လို့ပြောပါတယ်။
ရုံပိုင်ချုပ်က ခင်ဗျားဘာလောနေတာလဲဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း စပြောပါတယ်။
မှောင်ခိုသမားတွေ ခုမှလာပြီး လက်မှတ်တွေ ယူနေတယ်။ နိုင်ငံ့တာဝန်နဲ့သွား လာနေတဲ့သူတွေ ကျတော့ ဒီလို လက်မှတ်လုပ်မပေးတာကောင်းသလားဆိုပြီး စကားများကြတာပါ။ရုံပိုင်ချုပ်က ခင်ဗျား ကျွန်တော် ပေးရင် ရမယ်-မပေးရင် မရဘူးဗျာ ဆိုပြီး ပြောပါတယ်။ 
ဒီမှာပဲ ခင်ဗျား ပြောတာ မိုက်ရိုင်းလှချည်လားဆိုပြီး လက်နဲ့ ရင်ဘတ်ကို ဆောင့်တွန်းတာပါ။ မထိုး ပါဘူး။ဒီ မှာပဲ အကျယ်အကျယ် မဖြစ်ရအောင် ရုံပိုင်တပည့်တွေက လက်မှတ် ချက်ချင်း ထုတ်ပေးပါ တယ်။ြ ဖစ် စဉ်က ဒါပါပဲ။

ဦးမြ၀င်း (မီးရထားအရာရှိဟောင်းတစ်ဦး)
အမှန်တရား အား မြတ်နိုးရင် သမ္မတကြီး အတွက် ၀ိုင်းဝန်း ရှယ်ပေး
ကြပါစို့...... We Love True မှ စုံစမ်း မေးမြန်တင်ဆက်ပါသည်။
ဟာကျူလီ(ကသာ) ပေါက်ကွဲခဲ့သည့် သတင်းဆောင်းပါး

No comments:

Post a Comment