လော့စ်အိန်ဂျလိစ် ဧပြီ ၉
၁၉၈၁ ခုနှစ်ကရိုက်ကူးခဲ့သည့် 
ကြောက်မက်ဖွယ်
 ကောင်းသောဇာတ်ကားကို ပြန်လည်ဆန်းသစ် ရိုက် ကူး ထားသော Evil 
Dead ဇာတ်ကားသည် 3D နည်း ပညာဖြင့် ပြန်လည် ဆန်းသစ် ရိုက်ကူးထားသည့် စတီ ဗင် စပေးလ်ဘက်၏ ၁၉၉၃ ခုနှစ်က 
လူကြိုက် များခဲ့သည့် ဒိုင်နိုဆော ဇာတ်ကား၊ Jurassic Park ဇာတ်ကား များကို 
ကျော်လွန်၍ ယခုလ ပထမ ရက်သတ္တပတ်  အကုန်တွင် အမေ ရိ ကန် ဒေါ်လာ ၂၆ သန်း 
ရရှိခဲ့ပြီး ဝင်ငွေ အကောင်းဆုံး ဇာတ်ကား အဖြစ် ရပ်တည်လျက် ရှိသည်။ လူသူ 
အရောက် အပေါက် နည်းသော ဒေသရှိ အိမ်ငယ်အတွင်း အသက် ၂ဝ ကျော် အရွယ်ရှိ 
သူငယ်ချင်း ငါးယောက် သည် မကောင်းဆိုးဝါး များကို တိုက်ခိုက်သည့် 
ဇာတ်လမ်းအပေါ် အခြေခံ ရိုက်ကူးထားသော Evil Dead ဇာတ်ကားသည် ဧပြီ ၄ ရက် 
ညသန်းခေါင်ယံ အချိန်တွင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ သန်း ရရှိ ခဲ့ရာမှ 
ယခုအခါ အမေရိကန် ဒေါ်လာ သန်း ၂ဝ ကျော်အထိ ရရှိခဲ့ကြောင်း သိရသည်။ 3D 
 နည်းပညာဖြင့် ပြန်လည် ဆန်းသစ် ရိုက်ကူးထားသော '' Jurassic Park '' 
ဇာတ်ကားသည် အမေရိကန် ဒေါ်လာ၁၈ ဒသမ ၂ သန်းဖြင့် စတုတ္ထ နေရာ၊ Olympus Has 
Fallen ဇာတ်ကားသည် အမေရိကန် ဒေါ်လာ ၁ဝ သန်းဖြင့် ပဉ္စမ နေရာ၊ ဒါရိုက်တာ တိုင်
 လာပဲရီ ရိုက်ကူးထားသည့်  Temptation ဇာတ်ကားသည် အမေရိကန် ဒေါ်လာ ၁ဝ 
သန်းဖြင့် ဆဋ္ဌမ နေရာတွင်  ရပ်တည်လျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment