Tuesday, April 23, 2013

2013 Toyota Mark X

တိုယိုတာ Mark X ဆိုရင် မြန် မာပြည် မှ မသိသူ မရှိသလောက်ပါပဲ။ ပြည် တွင်းကို ညာမောင်းဇိမ်ခံ အိမ်စီးကား များအဖြစ် ဂျပန်နိုင်ငံကနေ ဝင်ရောက်နေတာ နှစ်အနည်းငယ် ကြာနေပါပြီ။ Mark X ဟာ Lexus ရဲ့ GS လိုင်းကို အခြေခံပြီး ဂျပန်ပြည် တွင်း သုံး သီးသန့်အဖြစ် ထုတ်လုပ် လျက်ရှိတာပါ။
ယခု အသစ်စက်စက် ၂၀၁၃ Mark X ကတော့ ပြည်တွင်းမှာ တွေ့ဖူးနေ ကျ Mark X များနဲ့ အပြင်ပန်းအားဖြင့် အနည်းငယ် ကွဲထွက်လို့နေပါတယ်။ ဘော်ဒီအချိုးကို

အနည်းငယ် ပြုပြင်ထားပြီး၊ လှပတဲ့ LED ရှေ့မီးများနှင့် spoiler တို့ကို တပ်ဆင်ပေးထားကာ Camry နှင့် ပုံစံဆင်သည့် နောက်မီးများကိုလည်း တပ်ဆင်ပြီး ဆန်းသစ်ထားတာကြောင့် ရှိရင်းစွဲ Mark X များနဲ့ ကွဲပြားလို့ နေပါတယ်။ ကားရဲ့ ရှေ့မျက်နှာစာကိုလည်း အဝေးကကြည့်ရင် X ပုံသဏ္ဍာန် အကြီးစားလို့ ထင်မှတ်မှားအောင် ပုံဖော်ထားပါတယ်။

အတွင်းပိုင်းမှာလည်း ယခင်မော်ဒယ်များနဲ့ မတူအောင် ပြုပြင်ထားပါတယ်။ ဆန်းပြားတဲ့ အဆင့်မြင့် နည်းပညာသုံး equipment တွေ တပ်ဆင်ပေးထားပြီး အပူပေးစနစ်ပါတဲ့ အဆင့်မြင့် သားရေထိုင်ခိုင်များ၊ စပီကာ ၁၂ လုံး၊ တီဗီ၊ GPS လမ်းညွှန်စနစ် စသည်တို့ ပါဝင်မှာ ဖြစ်ပါတယ်။

စက်ပိုင်းမှာလည်း အင်ဂျင်စွမ်းအား ၂ မျိုး ထုတ်လုပ်ထားပါတယ်။ ပထမတစ်ခုက မြင်းကောင်ရေ ၂၀၀ အားရှိတဲ့ ၂.၅ လီတာ V6 အင်ဂျင် (အင်ဂျင်ရုန်းအား 170 lb/ft) နဲ့ ဒုတိယကတော့ မြင်းကောင်ရေ ၃၁၄ ကောင်အားရှိတဲ့ ၃.၅ လီတာ V6 အင်ဂျင် (အင်ဂျင်ရုန်းအား 280 lb/ft) တို့ပဲ ဖြစ်ပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၃၁၀၀၀ ကနေ ၅၀၀၀၀ ကျော်အထိ ကျသင့်ဖွယ်ရှိပြီး နိုင်ငံတကာသို့ တင်ပို့ရောင်းချမှာ မဟုတ်တဲ့အတွက် ပြည်တွင်းမှာ မောင်းနှင်ချင်ရင်တော့ ဂျပန်နိုင်ငံကနေ တိုက်ရိုက်မှာယူ တင်သွင်းရမှာ ဖြစ်ပါတယ်။


FROM-MYANMAR CONSUMER GUIDE

No comments:

Post a Comment