Friday, April 26, 2013

အခြေခံဥပဒေပြင်ဆင်ရေးနှင့် ကျွန်တော့အတွေး

ခုတလော သမ္မတတာဝန်ထမ်းဆောင်နိုင်ရေး၊ အခြေခံဥပဒေပြင်ဆင်ရေးဆိုသည့်အသံများ တိုးတိုး တစ်မျိုး၊ကျယ်ကျယ်တစ်မျိုး ကြားလာရသည်။ ယခင်ကတည်းက ကြားခဲ့ရခြင်းဖြစ်သော်လည်း ယခု တလော ပိုမို ရေပန်းစားလာခြင်းဖြစ်ကြောင်း ပြောလိုရင်းဖြစ်ပါသည်။ မှန်ပါသည်။ သမ္မတြ ဖစ် ရန် အခြေခံဥပဒေပြင်ရ မည် မဟုတ်ပါလော။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ငြိနေသည်ကိုး။
ပြည်တွင်းတွင် တွင်တွင်ကျယ်ကျယ်ပြောဆိုနေစဉ်က ကျွန်တော်တစ်ခုသတိထားမိ သည်မှာ ပြည် သူများ အနေဖြင့် ငါတို့၏ ခေါင်းဆောင်ကြီးအတွက်ဆိုပြီး အုံးအုံးကျွက်ကျွက်မဖြစ်ခဲ့ခြင်းပါ။ လူထု အားကိုအများကြီးလိုသော်လည်းလူထုကစာတတ်သွားကြပြီထင်ပါသည်။ယခင်ကလိုထင်သလောက်  ခရီးမပေါက်ခဲ့ပါ။
သို့အတွက် နိုင်ငံတကာ၏ဖိအားကိုရနိုင်ရန် တစ်မျိုးပြောင်းကြံရပြန်သည်။ ပြည်ပရောက်တိုင်း ဒီကိစ္စကို မသိမသာ ပြောတော့သည်။ ခုချိန်ထိတော့ ဖိတာမတွေ့ရပါ။ စီးပွားရေးပိတ်ဆို့မှုများကို အပြီးတိုင် ရုပ်သိမ်း ပေးလိုက်ခြင်းကိုသာ တွေ့ရသည်။ စီးပွားရေးပိတ်ဆို့ထားတာမရှိတော့တဲ့ အတွက် ကျွန်တော်တို့နိုင်ငံကို ခုထက်ပိုပြီး တိုးတက်မှုတွေရှိလာအောင် ဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများ မြောက်များစွာရလာတော့မည်။နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်အနေဖြင့် မြန်မာနိုင်ငံ သားအားလုံးကို လူတစ်လုံးသူတစ်လုံးဖြစ်လာ အောင် အစွမ်းကုန်ဆောင်ရွက်ပေတော့မည်။

အဲဒီမှာ နောက်တစ်မျိုးပြောင်းပြီး ပြောရပြန်တော့သည်။သမ္မတကြီးဦးသိန်းစိန် လုပ်ဆောင်နေ တာ တွေက အစီအစဉ်တကျ၊ စနစ်တကျဆောင်ရွက်နေတာမျိုးမ ဟုတ်ဘဲ ဖြစ်သလို လုပ်နေ တယ်လို့ပြောလာပြန်သည်။သို့သော်လည်းအနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်မှုများကို ကြိုဆိုပါကြောင်းသာ ရေးကြပြောကြသည်။ အချိန်တိုကာ လလေး အတွင်းမှာ ပြုပြင် ပြောင်းလဲရတာဖြစ်တဲ့အတွက် ဘက်ပေါင်းစုံမှ တစ်ပြိုင်တည်းဆောင် ရွက်နေ ရခြင်းဖြစ်သည်ကို သဘော မပေါက်လေသလော။

လက်ရှိသမ္မတကြီးထက်ပိုတော်ကြောင်း ပြချင်၍ သမ္မတလုပ်လိုသည်မှာ မဆန်းပါ။ သို့သော် အခြေခံဥပဒေ ကို ပြင်ရမည်ဖြစ်သည်။ ပြင်ရမည်မှာလည်း ပုဒ်မ တစ်ခုလောက်သာဖြစ်သည်။ ဒါကိုပြင်နိုင်ရင် ပွဲသိမ်းပြီ။ ခက်တာက ၎င်းကိုပြင်လိုက်လျှင် မြန်မာနိုင်ငံ ၌ နှစ်(၂၀)လောက်နေ ရုံဖြင့် ဖြူ ၊ နီ ၊ ကြောင် ၊ ကျား အားလုံး သမ္မတအရွေးခံပိုင်ခွင့်ရမည်ဖြစ်သည်။ အခြားနိုင်ငံများကို မဆိုလိုပါ။ ကျွန်တော်တို့နိုင်ငံသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးအများကြီးနေ ထိုင်သော နိုင်ငံဖြစ် သည်။ ယဉ်ကျေးမှုချင်းလဲ လုံးဝမတူပါ။  ဒီမိုကရေစီသည် သွင်းကုန်မဟုတ်ကြောင်း သတိပြုမိ ရန်လိုပါသည်။

ကျွန်တော် နောက်ဆုံးတွေးမိတာက မိမိရဲ့ဂုဏ်ဒြပ်နဲ့လျော်ညီရန် သမ္မတနေရာလေးတော့ရအောင် လုပ်မှ ဖြစ်မယ်လို့များ တွေးတောကြံစည်နေသလားလို့ပါခင်ဗျာ။


 Credit : Fighter King's Mail

No comments:

Post a Comment