Monday, April 22, 2013

မန္တလေး ဘူတာကြီးတွင် အထက်တန်း အိပ်စင်တွဲတစ်တွဲ မီးလောင်မှု ဖြစ်ပွား


 မန္တလေး ဧပြီ  ၂၁
မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ မန္တလေး ဘူ တာကြီး ဘူတာရုံ သံလမ်းအမှတ် (၁ဝ)တွင် ရပ်နားထားသောရထားတွဲအမှတ်BNUEZ-
12665 အ ထက် တန်း အိပ်စင် ရထား တွဲဆိုင်း သည်ယနေ့ညနေ၄နာရီ၁ဝမိနစ်တွင်  မီးလောင် မှု ဖြစ်ပွား ခဲ့ပြီး ညနေ ၄ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်း သတ်နိုင် ခဲ့ကြောင်း သိရ သည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာ ရထားတွဲနေ ရာ သို့  မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃၅ စီး၊ သန္ဓေမီး သတ် တပ်ဖွဲ့ဝင် ၃၈ ဦးနှင့် အရန်မီး သတ်တပ်
ဖွဲ့ဝင် ၁၅၅ ဦးတို့ဖြင့် မီး ငြှိမ်းသတ် ခဲ့ကြပြီး မီးလောင်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိမှု၊ သေဆုံးမှု မရှိကြောင်း သိရသည်။           
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လမ်းပန်း ဆက် သွယ်ရေးဝန်ကြီးဦးကျော်ဆန်း၊အထက်မြန်မာပြည်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ကျော်၊ တိုင်းမီး သတ် ဦးစီးမှူး ဦးကျော်တိုး နှင့်အဖွဲ့ ရောက်ရှိခဲ့ပြီး မီးလောင်ကျွမ်း ရခြင်း၏ အကြောင်း အရင်းကို စုံစမ်း စစ်ဆေး လျက် ရှိကြောင်း  သတင်း ရရှိသည်။

From: မြ၀တီ

No comments:

Post a Comment