Friday, April 26, 2013

“ခုရေတွင်းတူး ခုရေကြည်သောက်၍မရပါ”

မူရင်းဓာတ်ပုံ- ဦးရဲထွဋ် FB မှ။ ဒီဇိုင်းလက်ရာ- S.m. Thaw 

၁၉၄၇ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ကျင်းပသော နိုင်ငံရေးရှင်းလင်းပွဲ၌ ဗိုလ်ချုပ်အောင်ဆန်းက “အင်အား မရှိ ဘဲနဲ့ စာရွက်စက္ကူပေါ်မှာ ဘယ် လိုကြီးရေးထားပါစေ၊ ကိုယ့်နောက် မှာ အင်အား ကောင်းကောင်း မရှိ လျှင်ဘာမှအဓိပ္ပာယ်မရှိဘူး”ဟုမိန့်ကြား ခဲ့သည်
မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများကြားတွင် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အနေအထားနှင့်မြေပေါ်မြေအောက်သယံဇာတပစ္စည်းများကို အားလုံးကမက်မောနေ ကြကြောင်း၊ ထာဝရရန်သူ၊ထာဝရမိတ်ဆွေမရှိဘဲထာဝရအကျိုးစီးပွားသာရှိကြောင်း၊စစ်ရောက်မှ မြားချွန်၍မရဘဲ စစ်မရောက် မီ ကပင် ကြိုတင်ပြင်ဆင်ထားရကြောင်း၊ ခုရေတွင်းတူး ခုရေကြည်သောက်၍ မ ရကြောင်း၊ စစ်ရေးစစ်ရာတွင် ပိုမို မှန်ကန်ကြောင်း၊ မျက်မှောက်ခေတ်တွင် ဘက်စုံစစ်ပွဲ အသွင် ဆင်နွှဲနေကြကြောင်း၊ သမိုင်းကြောင်းနှင့် ယှဉ် တွဲ သုံးသပ်မှ အဖြေမှန် ရနိုင်ကြောင်း သိစေချင်သည်။
မောင်မင်္ဂလာ 

No comments:

Post a Comment