Tuesday, September 3, 2013

ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ပြည်နယ်များတွင် အကြမ်းဖက်မှု များကြောင့် ၂၀၀၄ မှ ၂၀၁၃ ခုနှစ်သြဂုတ်လ ၃၁ ရက်ထိ သေဆုံးသူ ၅၂၃၅ ဦးရှိ

ထိုင်းနိုင်ငံ အမှတ်(၄) ဒေသ ပြည် တွင်း လုံခြုံရေးနှင့် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၏ ရှေ့တန်း ကွပ်ကဲရေးရုံး က ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင် အရ ထိုင်းတောင်ပိုင်း နယ်စပ် ပြည်နယ် များ တွင် ၂ဝဝ၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂ဝ၁၃ ခုနှစ် သြဂုတ် ၃၁ ရက်ထိ အကြမ်းဖက် တိုက်ခိုက် ခံရမှု များ ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၉၇ဝ၄ ဦးရှိခဲ့ပြီး သေဆုံးသူ ဦးရေမှာ ၅၂၃၅ ဦးအထိ ရှိခဲ့ကြောင်း စက်တင်ဘာ ၁ ရက် နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရသိရသည်။
အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် ဗုဒ္ဓဘာသာဝင် ၂၂၁၈ ဦး ၊ မွတ်စလင် ၂၈၈၈ ဦးနှင့် အခြား ဘာသာဝင် ၁၃၁ ဦး အသတ်ခံခဲ့ရပြီး ဗုဒ္ဓဘာသာဝင် ၆၁၆၃ ဦး ၊ မွတ်စလင် ၃ဝ၃၈ ဦး နှင့် အခြား ဘာသာဝင် ၅ဝ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် သြဂုတ်လ တစ်လတည်း အတွင်း အဆိုပါ ပြည်နယ်များ၌ ပစ်ခတ်မှု ၄၃ ကြိမ် ၊ ဗုံးပေါက်ကွဲမှု ၃၆ ကြိမ် နှင့် မီးရှို့ ဖျက်ဆီးမှု ၅ ကြိမ် စုစုပေါင်း အကြမ်းဖက် တိုက်ခိုက်မှု ၈၄ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ် ၈၄ ကြိမ်အနက် နရာသီဝပ် ပြည်နယ်တွင် ၃၃ ကြိမ် ၊ ပတ္တနီ ပြည်နယ်တွင် ၂၇ ကြိမ် ၊ ယာလာ ပြည်နယ်တွင် ၂၃ ကြိမ် နှင့် ဆောင်ခလာ ပြည်နယ်တွင် ၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ဗုဒ္ဓဘာသာ ဝင် ၃၆ ဦး နှင့် မွတ်စလင် ၂ဝ ဦး စုစုပေါင်း ၅၆ ဦး သေဆုံးခဲ့ကာ ဗုဒ္ဓဘာသာဝင် ၈၄ ဦးနှင့် မွတ်စလင် ၄၁ ဦး စုစုပေါင်း ၁၂၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

PyiChitThar

No comments:

Post a Comment