Tuesday, September 3, 2013

လုပ်သားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ထည့်မည်

Photo: လုပ်သားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ထည့်မည် 

ရန်ကုန်၊ စက်တင်ဘာ ၂

ငွေဒဏ်သာ ထည့်သွင်း ပြဋ္ဌာန်းထားသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို လိုက်နာမှု အားနည်းနေသဖြင့် တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ပြစ်ဒဏ်ကို ထည့်သွင်း ပြင်ဆင်မည် ဖြစ်ကြောင်း အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ပြောကြားသည်။

အဆိုပါ ဥပဒေတွင် ငွေဒဏ်၊ ထောင်ဒဏ် နှစ်မျိုးလုံး ပြစ်ဒဏ်ချမှတ်နိုင်ရန် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရန် စီစဉ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက သြဂုတ်လ ၂၇ရက် နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးတွင် တင်ပြခဲ့သည်။

အဆိုပါ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ထောင်ဒဏ် သုံးလ၊ ခြောက်လ၊ တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ကို လည်းကောင်း ငွေဒဏ်ကို လည်းကောင်း ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်မျိုး စလုံးကို လည်းကောင်း ချမှတ်နိုင်ရန် ထည့်သွင်းထားကြောင်း ဒေါက်တာသန်းဝင်းက ဆိုသည်။

၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ငွေဒဏ်သာပါရှိ၍ ယင်းဥပဒေအရ ဖွဲ့စည်းထားသည့် ခုံသမာဓိကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ခုံသမာဓိအဖွဲ့တို့က ချမှတ်သည့် ဆုံးဖြတ်ချက်များကို အထူးသဖြင့် အလုပ်ရှင်များက လိုက်နာမှု အားနည်းကြောင်း၊ ထောင်ဒဏ် ထည့်သွင်းလျှင် အလုပ်ရှင်၊ လုပ်သား လေးစားလိုက်နာမှု ပိုမိုရှိလာနိုင်ပြီး အကျိုးခံစားခွင့်များ မြန်မြန်ဆန်ဆန် ရရှိနိုင်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ပြစ်ဒဏ်တွင် ထောင်ဒဏ် မထည့်ဘဲ ငွေဒဏ်နှုန်းထားကိုသာ တိုးမြှင့်ကာ သတ်မှတ်သင့်ကြောင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီမှ အလုပ်ရှင်တစ်ဦးက ပြောကြားသည်။

“အလုပ်ရှင်တွေကို ထောင်ချမှတ် ပြစ်ဒဏ်မျိုးကို လုံးဝမလုပ်သင့်ဘူး။ ရင်းနှီးမြှုပ်နှံမယ့် သူတွေကိုလည်း လက်တွန့်သွားနိုင်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါဥပဒေတွင် ငွေဒဏ်သာ ပါရှိသဖြင့် အလုပ်ရှင်အချို့ ခုံသမာဓိ ကောင်စီအဖွဲ့၊ ခုံသမာဓိကောင်စီများ၏ ဆုံးဖြတ်ချက်များကို လိုက်နာမှု မရှိကြောင်း၊ အလုပ်သမားများမှာ အငြင်းပွားမှု အဆင့်ဆင့် နောက်ဆုံးအဆင့်ဖြစ်သည့် ခုံသမာဓိ ကောင်စီ၏ ဆုံးဖြတ်ချက်ချရန်အထိ အချိန်သုံးလထက်မနည်း ကြာမြင့်ရာ ယင်းကာလတွင် လုပ်သားများ အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲများစွာ ကြုံတွေ့ရကြောင်း အလုပ်သမားများက ပြောကြားကြသည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ပြစ်ဒဏ်အဖြစ် ကျပ်ငွေ သုံးသောင်းမှ ကျပ်တစ်သိန်း အနည်းဆုံး ချမှတ်နိုင်သည့် ပြစ်ဒဏ်အထိ အသီးသီးပါဝင်သည်။

အလုပ်ထုတ်ခံရသည့် လုပ်သားများကို အလုပ်ပြန်ခန့်ရေး အပါအဝင် ဆုံးဖြတ်ချက် အများစုတွင် အလုပ်ရှင်များက လိုက်နာမှု မရှိသဖြင့် အလုပ်ရှင်နှင့် အလုပ်သမားကြား ရိုက်နှက်မှုများ ဖြစ်ပွားသည်အထိ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ဧပြီလ ၂၆ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
ငွေဒဏ်သာ ထည့်သွင်း ပြဋ္ဌာန်းထားသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို လိုက်နာမှု အားနည်းနေသဖြင့် တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ပြစ်ဒဏ်ကို ထည့်သွင်း ပြင်ဆင်မည် ဖြစ်ကြောင်း အလုပ် သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက
 ပြောကြားသည်။
အဆိုပါ ဥပဒေတွင် ငွေဒဏ်၊ ထောင်ဒဏ် နှစ်မျိုး
လုံး ပြစ်ဒဏ်ချမှတ်နိုင်ရန် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရန် စီစဉ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက သြဂုတ်လ ၂၇ရက် နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးတွင် တင်ပြခဲ့သည်။
အဆိုပါ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ထောင်ဒဏ် သုံးလ၊ ခြောက်လ၊ တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ကို လည်းကောင်း ငွေဒဏ်ကို လည်းကောင်း ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်မျိုး စလုံးကို လည်းကောင်း ချမှတ်နိုင်ရန် ထည့်သွင်းထားကြောင်း ဒေါက်တာသန်းဝင်းက ဆိုသည်။

၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ငွေဒဏ်သာပါရှိ၍ ယင်းဥပဒေအရ ဖွဲ့စည်းထားသည့် ခုံသမာဓိကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ခုံသမာဓိအဖွဲ့တို့က ချမှတ်သည့် ဆုံးဖြတ်ချက်များကို အထူးသဖြင့် အလုပ်ရှင်များက လိုက်နာမှု အားနည်းကြောင်း၊ ထောင်ဒဏ် ထည့်သွင်းလျှင် အလုပ်ရှင်၊ လုပ်သား လေးစားလိုက်နာမှု ပိုမိုရှိလာနိုင်ပြီး အကျိုးခံစားခွင့်များ မြန်မြန်ဆန်ဆန် ရရှိနိုင်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ပြစ်ဒဏ်တွင် ထောင်ဒဏ် မထည့်ဘဲ ငွေဒဏ်နှုန်းထားကိုသာ တိုးမြှင့်ကာ သတ်မှတ်သင့်ကြောင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီမှ အလုပ်ရှင်တစ်ဦးက ပြောကြားသည်။

“အလုပ်ရှင်တွေကို ထောင်ချမှတ် ပြစ်ဒဏ်မျိုးကို လုံးဝမလုပ်သင့်ဘူး။ ရင်းနှီးမြှုပ်နှံမယ့် သူတွေကိုလည်း လက်တွန့်သွားနိုင်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါဥပဒေတွင် ငွေဒဏ်သာ ပါရှိသဖြင့် အလုပ်ရှင်အချို့ ခုံသမာဓိ ကောင်စီအဖွဲ့၊ ခုံသမာဓိကောင်စီများ၏ ဆုံးဖြတ်ချက်များကို လိုက်နာမှု မရှိကြောင်း၊ အလုပ်သမားများမှာ အငြင်းပွားမှု အဆင့်ဆင့် နောက်ဆုံး အဆင့်ဖြစ်သည့် ခုံသမာဓိ ကောင်စီ၏ ဆုံးဖြတ်ချက်ချရန်အထိ အချိန်သုံးလထက်မနည်း ကြာမြင့်ရာ ယင်း ကာလတွင် လုပ်သားများ အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲများစွာ ကြုံတွေ့ရကြောင်း အလုပ်သမားများက ပြောကြားကြသည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ပြစ်ဒဏ်အဖြစ် ကျပ်ငွေ သုံးသောင်းမှ ကျပ်တစ်သိန်း အနည်းဆုံး ချမှတ်နိုင်သည့် ပြစ်ဒဏ်အထိ အသီးသီးပါဝင်သည်။

အလုပ်ထုတ်ခံရသည့် လုပ်သားများကို အလုပ်ပြန်ခန့်ရေး အပါအဝင် ဆုံးဖြတ်ချက် အများစုတွင် အလုပ်ရှင် များက လိုက်နာမှု မရှိသဖြင့် အလုပ်ရှင်နှင့် အလုပ်သမားကြား ရိုက်နှက်မှုများ ဖြစ်ပွားသည်အထိ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ဧပြီလ ၂၆ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

No comments:

Post a Comment