Tuesday, September 3, 2013

အမေရိကန် က USS Nimitz လေယာဉ်တင် သင်္ဘောအုပ်ကို ပင်လယ်နီအတွင်းသို့ စေလွှတ်

နျူကလီးယား စွမ်းအင်သုံး USS Nimitz လေယာဉ်တင် သင်္ဘောအုပ်

အမေရိကန် နိုင်ငံသည် ဆီးရီးယား နိုင်ငံအပေါ် စစ်ရေး အရ တိုက်ခိုက်မှုများ ပြုလုပ်ရေး
 ပြင်ဆင်သည့် အနေဖြင့် 
အိန္ဒိယ သမုဒ္ဒရာ အတွင်း
ရှိ ၄င်း၏ နျူကလီးယား စွမ်း
အင်သုံး USS Nimitz လေယာဉ်
တင် သင်္ဘောအုပ်အား ပင်
လယ်နီအတွင်းသို့ စေလွှတ်ခဲ့သည်  ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိ သူများက Reuters သတင်းဌာန ကို ပြောကြား ခဲ့ကြောင်း စက်တင်ဘာ ၂ ရက် အင်တာနက် သတင်း တစ်ပုဒ်အရ သိရသည်။

အဆိုပါ လေယာဉ်တင် သင်္ဘောအုပ် သည် အိန္ဒိယ သမုဒ္ဒရာထဲမှ မြေထဲ ပင်လယ် အရှေ့ပိုင်းသို့ ခုတ်မောင်းရန် အတွက် အမိန့် အတိအကျ မရရှိသေး သော်လည်း ဆီးရီးယား နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်မည် ဆိုလျှင် တိုက်ခိုက် နိုင်ရန်အတွက် အာရေဗီယံ ပင်လယ် အနောက်ပိုင်း သို့ ခုတ်မောင်း နေကြောင်း သိရသည်။ ထို့အပြင် အမေရိကန် နိုင်ငံသည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း၌ ဒုံးပျံတင်ဖျက် သင်္ဘော ၂ စီးကို မြေထဲပင်လယ် အတွင်းသို့ ထပ်မံ စေလွှတ် တပ်ဖြန့် ချထားပြီး မြေထဲ ပင်လယ် အတွင်း၌ အမေရိကန် စစ်သင်္ဘော စုစုပေါင်း ၅ စီးအထိ တပ်ဖြန့် ချထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် အမေရိကန် နိုင်ငံသည် မရိန်း တပ်သား ၃ဝဝ နှင့် ဆက်သွယ်ရေး ပစ္စည်း ကိရိယာများ တင်ဆောင် ထားသည့် USS San Antonio ကမ်းတက် တိုက်ခိုက်ရေး သင်္ဘောကို လည်း မြေထဲပင်လယ် အတွင်းသို့ ၆ စီးမြောက် စေလွှတ် တပ်ဖြန့် ချထားခဲ့ကြောင်း သိရှိရသည်။

PyiChitThar

No comments:

Post a Comment