စာစောင်မှာကျပ်သိန်းပေါင်း၁၈၀၀
ကျော်အလွဲသုံး စားလုပ်ထားမှုရှိတယ်ဆိုတာ
ကိုNLDရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ဦးဥာဏ်ဝင်း
ကထုတ်ဖော်ပြောဆိုလိုက်တာကို
ဖတ်လိုက်ရပါတယ်။အခုထိ တော့ဘယ်နား
မှာကွာနေလဲဆိုတာကိုစစ်ဆေးလို့
မရသေး
များစွာ ကွာနေတဲ့သတင်းစထွက်ခါစတုန်းကတော့
NLDကိုမနာ လိုသူတွေကအပုတ်ချတာပါဆိုတဲ့စကား

ယခင်ကတည်းက NLD နဲ့ ပတ်သတ်ရင် ကောင်းသတင်းကလွဲပြီး ကျန် သတင်းတွေ
လျှို့ဝှက်လွန်း တာကလဲ NLD ပြောပြောနေတဲ့ပွင့်လင်းမြင် သာမှုရှိရေး ၊
ဒီမိုကရေစီကျင့်သုံးရေးဆိုတာ ဟာ ဒူလာ သမားက ချောင်းဆိုးပျောက်ဆေးရောင်း သလိုဖြစ်နေပါတယ်။ဒါ့အပြင်NLD နဲ့ ပတ်သတ် တဲ့ ပြင်ဦး လွင်
ကမခိုင်ဝတ်ရည်သန္တာမောင် ကိစ္စ နဲ့ မုဒုံ NLD တာဝန်ခံကိုစိုးမင်း
ကကျောင်းသားတွေကို ဂိုဏ်း၂
ခုဖွဲ့ပြီးKတံဆိပ် စိတ်ကြွဆေးရောင်း တယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာလဲ
ပွင့်လင်းမြင်သာ စွာ ဖြေရှင်းချက် မထုတ်ခဲ့တာတွေဟာ အပြောနဲ့ အလုပ် မညီတဲ့
အချက်တွေဖြစ်တယ်လို့ သုံးသပ် လာကြတာတွေလဲ တွေ့ရပါတယ်။
အခု သိန်းပေါင်း ၁၈၀၀ ကျော် အလွဲသုံးစားလုပ်တဲ့ ဒီလှိုင်းဂျာနယ်ဟာNLD
ပါတီရဲ့ သတင်းနှင့်ပြန် ကြားရေးဌာနမှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်တွင်
စတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ တစ်နှစ်တာ ကာလအတွင်း
ကျပ်သိန်းပေါင်း ၁၈၀၀ ကျော်အလွဲသုံးစားလုပ်မှု ကို စတင်
တွေ့ရှိ ရတာပဲဖြစ်ပါသည်။
ပြည်တွင်းဂျာနယ်ဖတ်သူတွေနဲ့အင်တာနက်စာမျက်နှာတွေမှာ NLDရဲ့ဖြေရှင်းချက်အပေါ် အားမ လိုအားမရဖြစ်နေသူတွေ
ရှိနေသလို ၊ဒီလိုဖြစ်နေတဲ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြင်ပ ခရီး စဉ်ကိစ္စဟာတိုက်ဆိုင်မှုလား ရှောင်လွဲတဲ့သဘောလားဆိုတဲ့ မေးခွန်းထုတ်သူတွေလဲ
ရှိနေ တယ် လို့ သိရပါတယ်။
From:MEG
No comments:
Post a Comment