Thursday, September 12, 2013

ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံး ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဟုဆို

ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံးမှာ         ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်        မတီမှ သတင်းရရှိသည်။
"ဘုရင့်နောင် ခုံးကျော်          တံတား စီမံကိန်းက ၈၀         ရာခိုင်နှု န်းလောက် ပြီးနေပြီ။ ရွှေဂုံတိုင် ခုံးကျော် တံတား ကလည်း အဲဒီလောက် ပြီးနေပါပြီ။ ဒီနှစ်ကုန်ပိုင်းမှာ အပြီး သတ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများ ဆုံး ဖြစ်ပွား သည့် လမ်းဆုံများဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေငါးလမ်းဆုံ မီးပွိုင့်တို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ ထို့နောက် လှည်းတန်း ခုံးကျော် တံတားကို စတင် ဆောက်လုပ်ခဲ့ပြီးတာမွေငါးလမ်းဆုံမီးပွိုင့်မှာမူခုံးကျော်တံတား ဆောက် လုပ်ရန် မလိုအပ်ခြင်းကြောင့် မဆောက်လုပ်ဖြစ်ခဲ့တော့ကြောင်း ထုတ်ပြန်ခဲ့သည်။
လှည်းတန်းခုံးကျော်တံတားအားယခုနှစ်ဧပြီ၁၀ရက်တွင်စတင်အသုံးပြုခွင့်ပေးခဲ့ကြောင်းသိရသည်။
ရွှေဂုံတိုင် ခုံးကျော်တံတားအား နိုဝင်ဘာလ တတိယပတ်တွင် အပြီးတည်ဆောက်မည်ဟု တံတား အား တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.Ltd မှ ထုတ်ပြန်ထားပြီး ဘုရင့်နောင် ခုံးကျော်တံတားကိုလည်း ဒီဇင်ဘာလတွင် အပြီးတည်ဆောက် သွားမည်ဟု ထုတ်ပြန် ထားကြောင်း သိရ သည်။
ယခုလက်ရှိ ရွှေဂုံတိုင် ခုံးကျော်တံတားတွင် တံတားသံပေါင်များ တပ်ဆင်ခြင်းများ ပြု လုပ်နေသောကြောင့် ရွှေဂုံတိုင်လမ်းဆုံအား ကမ္ဘာအေး ဘုရားလမ်းပေါ်မှ ဖြတ်သန်းသွား လာခြင်း အား ဇီဝိတဒါန သံဃာ့ဆေးရုံ ရှေ့ထိ ပိတ်ထားပြီး မီးပွိုင့်ဖြတ်သန်းယာဉ်များ မှာ ရှောင်ကွင်း လမ်းများဖြစ်သည့် ရေတာရှည်လမ်း၊အနောက် ရွှေဂုံတိုင်လမ်းများမှ ဖြတ်သန်းသွားလာ နေရသည်။

No comments:

Post a Comment