Monday, September 2, 2013

မုဒုံ NLD မှ ကျောင်းသားများကို ဂိုဏ်း၂ခုဖွဲ့စည်းပေးပြိး K တံဆိပ် စိတ်ကြွဆေးများရောင်းချပေးလို့ ရဲကဖမ်းလိုက်ပြီ

မွန်ပြည်နယ် မုဒုံမှာ k တံဆိပ်ပါ 
စိတ်ကြွဆေးပြားတွေကို အထက်
တန်းကျောင်းသားတွေဆီကို 
 ဖြန့် ဖြူးနေတဲ့ စိတ်ကြွဆေးရောင်း
တဲ့သူဟာမုဒုံအန်အယ်ဒီပါတီရဲ့တာဝန်ခံ စိုးမင်းဖြစ်တယ်လိုသိရပါတယ်။ မုဒုံကျောင်းသားတွေကြားမှာ k (king of school ) နဲ့ vampire အဖွဲ့ ဆိုပြီး ဖွဲ့စည်းထားတယ် လို့ ကျောင်းသားတွေဆီကနေတဆင့် သိရှိရတယ် ။ မုဒုံအမှတ် ၁ အထက် တန်းကျောင်း အုပ်ဆရာကြီး ဦးသာအေးပြောပြချက်အရ လူငယ်တွေက အန်အယ်ဒီလို အုပ်ထိန်းမှုမရှိတဲ့ ပါတီတွေကိုအားကျပြီး စိတ်ကြွဆေးတွေသောက် ရမ်းကားနေကြတာတွေတော့ရှိတယ် ။ ကျောင်း သားနဲ့မဆိုင်တဲ့ ဒီမိုကရေစီဆိုတာတွေကိုပြောပြီး ကျောင်းမှာပညာရေးအသင်းတွေ ၊အားကစား အသင်းတွေဖွဲ့ ဖို့ မတွေးပဲ ဂိုဏ်းစတားဆန်ဆန် အသင်းအဖွဲ့ တွေ လုပ်လာကြ တာတွေတွေ့ရ တယ်လို့ ပြောပါတယ် ။လောလောဆယ် မုဒုံအန်အယ်ဒီတာဝန်ခံစိုးမင်းက မဟုတ်ကြောင်းငြင်း ဆန်နေတယ်လို့ သိရပေမယ့် စိုးမင်းအိမ်ကိုရှာဖွေတဲ့အခါမှာ k တံဆိပ် စိတ်ကြွဆေးတွေ ကိုတွေ့  ရှိရတယ်လို့  မုဒုံရဲစခန်းကနေတဆင့်သိရှိရပါတယ် ။
အမှုကိုဆက်လက်စစ်ဆေးနေတုန်းဖြစ်ပြီး သတင်းရလျှင်ထပ်တင်ပေးပါ့မယ်
 
(မောင်ကျောက်ခဲ အဖွဲ့)

No comments:

Post a Comment